မန်ဂါ (ရုပ်ရှင်)

ဝီကီပီးဒီးယား မှ
မန်ဂါ
艋舺 (Monga)
ရုပ်ရှင်ပိုစတာ
အခြေခံအချက်အလက်
ဒါရိုက်တာနျိုချိန်ကျယ် (鈕承澤)
ထုတ်လုပ်သူလီလျဲ့ (李烈)
သရုပ်ဆောင်ရွန်ကျင်းထျဲန်း (阮經天)
ကျောက်ယို့ထင် (趙又廷)
ဖုန့်ရှောင်ယွဲ့ (鳳小岳)
ချိုက်ချန်းရှဲန့် (蔡昌憲)
ဟွမ်တိန်းဟွေး (黃鐙輝)
ခဲကျားယဲန့် (柯佳嬿)
မာရူလုံ (馬如龍)
နိုင်ငံထိုင်ဝမ်
ဘာသာစကားမင်နန်၊ တရုတ်
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
၅ ဖေဖော်ဝါရီ ၂၀၁၀

မန်ဂါ (艋舺) ဇာတ်ကားသည် ၂၀၁၀ ခုနှစ်တွင် ရုံတင်သည့် ထိုင်ဝမ်ဒါရိုက်တာ နျိုချိန်ကျယ် (鈕承澤) ၏ လက်ရာ ရုပ်ရှင် ဇာတ်ကား တစ်ကားဖြစ်သည်။ ထိုင်ပေမြို့ မန်ဂါ (ယနေ့ ဝမ့်ဟွာမြို့နယ် 萬華區) တွင် လူဆိုးဂိုဏ်းများ ကြီးစိုးခြယ်လှယ်ခဲ့သည့် ၁၉၈၀ ပြည့်လွန်နှစ် ခေတ်အခြေအနေကို အရင်းခံကာ တည်ဆောက် ရေးဖွဲ့ထားသည့် အက်ရှင် ဒရာမာ ဇာတ်ကား ဖြစ်သည်။

ဒါရိုက်တာ၏ အဆိုအရ နှစ် ၂၀ အတွင်း တရုတ်နှစ်သစ်ကူးကာလ ထိုင်ဝမ်တွင် ရုံတင်နိုင်သည့် ပထမဆုံးသော ထိုင်ဝမ်ရုပ်ရှင်ဖြစ်သည်။ ထိုင်ဝမ်တွင် နှစ်ကူးကာလသည် ရုပ်ရှင်များ အပြိုင်အဆိုင် ရုံတင်နိုင်ရန် ကြိုးစားရသည့် ကာလဖြစ်ပြီး လူကြိုက်များမည်ဟု ထင်ရသည့် ဇာတ်ကားများကိုသာ ရွေးချယ် ရုံတင်လေ့ရှိသည်။ ၁၉၉၀ ပြည့်နှစ်များတွင် နှစ်စဉ်နှစ်တိုင်းလိုလို နှစ်ကူးကာလတွင် ဟောင်ကောင် အက်ရှင်မင်းသားကြီး ဂျက်ကီချန်း၏ ဇာတ်ကားများ နေရာယူလေ့ရှိသည်။ တနည်းအားဖြင့် မန်ဂါဇာတ်ကား ယခုကဲ့သို့ နှစ်ကူးကာလတွင် ရုံတင်နိုင်ခြင်းသည် ဆယ်နှစ်ကျော် နှေးကွေးထိုင်းမှိုင်းခဲ့သည့် ထိုင်ဝမ်ရုပ်ရှင်လောကအတွက် အားတက်စရာ အဖြစ်တစ်ရပ်ဟု ဆိုနိုင်သည်။

မန်ဂါသည် ဖိန်ဖူ တိုင်းရင်းသား ဘာသာစကားဖြစ်ပြီး လှေငယ်ဟု အဓိပ္ပာယ်ရသည်။ ယခင်က ဝမ့်ဟွာမြို့နယ်သည် လှေဆိပ် ဖြစ်သောကြောင့် မန်ဂါခေါ် လှေငယ်အများအပြား တွေ့ရသည်ကို အစွဲပြု၍ ထိုဒေသအား မန်ဂါဟု ခေါ်တွင် ရာမှ ယနေ့ ဝမ့်ဟွာဟု ပြောင်းလဲလာသည်။

ဇာတ်လမ်းအကျဉ်း[ပြင်ဆင်ရန်]

ဝန်ကျီ (ခြင်ကောင်) တတိယတန်းစား အသက်မွေး အထက်တန်းကျောင်းသို့ ပြောင်းလာသည့်နေ့မှစ ထမင်းဗူးအတွင်းမှ သူအနှစ်သက်ဆုံး ကြက်ပေါင်ကို ခပ်ဆိုးဆိုး ကျောင်းသားတစ်စုက လုယူလေ့ရှိသည်။ ဝန်ကျီသည် အဘယ်က လာသည် မသိသော သတ္တိဖြင့် ကျောင်းတံခါးဝမှသည် မြစ်ကမ်းဘေးအထိ ပြေးလိုက်ကာ ပြန်လုယူလေသည်။ ထိုက်ကျီဂိုဏ်းသား ၄ ဦးက ဝန်ကျီ၏ အရှောင်အတိမ်းကောင်းပုံ ဖြတ်လတ်သွက်လက်ပုံကို တွေ့ကာ ဝန်ကျီအား ဂိုဏ်းအဖွဲ့ဝင်အဖြစ် လက်ခံရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့တွင် ကျိလုံက ဦးဆောင်ကာ ဝန်ကျီနှင့် သူ့အားလိုက်လံ ရိုက်နက်သူ ကျောင်းသားများနှင့် ကာယတန်းမှ လူထွားကြီးများကို ကျောင်းဆောင်၏ အမိုးပေါ်သို့ ခေါ်ကာ ဝန်ကျီအား လက်တုံ့ပြန်စေသည်။ ‘ဒီနေ့မင်း သူတို့ကို မသတ်ရင် တစ်နေ့နေ့ကျရင် သူတို့မင်းကို သတ်လိမ့်မယ်’ ဆိုသည့် ဟော်ဆန့် (ဘုန်းကြီး) ၏ ခက်ထန်သည့် စကားသံအကြား မျက်လုံးတဖက် ရောင်ကိုင်း ညိုမဲနေသည့် ဝန်ကျီက လူထွားကြီးတစ်ဦးအား သူ့ဘဝတသက်တွင် ပထမဦးဆုံးအကြိမ် လက်သီးဖြင့် ထိုးနက်လေသည်။ ထိုနောက်တွင် ထိုက်ကျီဂိုဏ်းထဲဝင်ကာ လမ်းမှားပေါ်သို့ ရောက်ခဲ့လေသည်။

ပြင်ပလင့်ခ်[ပြင်ဆင်ရန်]