မဏ္ဍပဒါယိကာထေရီ

ဝီကီပီးဒီးယား မှ

မဏ္ဍပဒါယိကာထေရီ သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းမိန်းမတစ်ပါး ဖြစ်သည်။[၁]

အတိတ်သမိုင်းကြောင်း[ပြင်ဆင်ရန်]

မဏ္ဍပဒါယိကာထေရီသည် ကောဏာဂုံမြတ်စွာဘုရား လက်ထက်တွင် မဏ္ဍပ်ဆောက်လုပ်ကာ လှူဒါန်းခဲ့၏။ ထို့ပြင် မြတ်စွာဘုရားအား သင်္ကန်းသုံးထည်ကို အမြဲ လှူဒါန်းခဲ့၏။ ထိုသို့ ပြုခဲ့သော ကောင်းမှုကုသိုလ်တို့ကို အကျိုးပေးသည့်အတွက် မဏ္ဍပဒါယိကာထေရီသည် ဇနပုဒ်၊ နိဂုံး၊ မင်းနေပြည် အစရှိသည့် မည်သည့်အရပ်ရပ်သို့ သွားသော်လည်း ထိုအရပ်တို့တွင် ပူဇော်မှုကို ခံရ၏။[၁]

ယခုဘဝ[ပြင်ဆင်ရန်]

ဂေါတမမြတ်စွာဘုရားလက်ထက်သို့ ရောက်တော်မူသောအခါ မဏ္ဍပဒါယိကာထေရီသည် အာသဝေါကုန်ခမ်းသော ရဟန္တာ ဖြစ်လေ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ခုဒ္ဒကနိကာယ်၊ ထေရီအပဒါန်ပါဠိတော်၊ သုမေဓာဝဂ်၊ မဏ္ဍပဒါယိကာထေရီအပဒါန်