မာတိကာသို့ ခုန်သွားရန်

မဆွတ်အို - တိုင်းရှဘူတာ

ဝီကီပီးဒီးယား မှ
မဆွတ်အို - တိုင်းရှဘူတာ

松尾大社駅
Unique platform shelter in rustic style
တည်နေရာNishikyō, Kyoto, Kyoto
Japan
စီမံခန့်ခွဲသူHankyu Corporation
ရထားလိုင်း(များ)Arashiyama Line
အခြား အချက်အလက်များ
ဘူတာရုံ ကုဒ်HK-97
သမိုင်းကြောင်း
ဖွင့်ခဲ့1928
ယခင်အမည်များMatsuo Jinja-mae; Matsuo (until 2013)
Traffic
ခရီးသည် (FY2015[၁])2.1 million

မဆွတ်အို - တိုင်းရှဘူတာ (松尾大社駅, Matsuo-taisha-eki) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့တွင် တည်ရှိသည့် ဘူတာဖြစ်သည်။ ဟန်းခယူးအရရှိယာမရထားလမ်းကြောင်းပေါ်တွင် တည်ရှိပြီး မဆွတ်နိုအိုနတ်ကျောင်းနှင့် ခဆွတ်ရမြစ်မှ လမ်းအနည်းငယ်လျှောက်ရုံဖြင့် ရောက်ရှိနိုင်သည့် အကွာအဝေးအတွင်း တည်ရှိသည်။ ဆောင်းဦးရာသီနှောင်းပိုင်းတွင် ဘူတာတလျှောက်ရှိ မိမိဂျိအပင်များရှိ သစ်ရွက်များသည် အဝါ၊ လိမ္မော်နှင့် အနီ စသည့်အရောင်များဖြင့် ဘူတာ၏ အလှအပကို ပေါ်လွင်စေသည်။ ဘူတာသို့ ဝှီးချဲ (ဘီးတပ်ကုလားထိုင်) ဖြင့်လည်း သွားရောက်နိုင်သည်။[၂]

ကျိုတိုဘူတာမှာ ကျိုတိုဘတ်စကားအမှတ် (၇၃) ကို စီးနင်းကာ ဤဘူတာသို့ သွားရောက်နိုင်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဘူတာကို ၁၉၂၈ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ အရရှိယာမရထားလိုင်းစတင်လည်ပတ်သည့်အချိန်တွင် ဖွင့်လှစ်ခဲ့သည်။ ထိုအချိန်က မဆွတ်အိုနတ်ကျောင်းကို အစွဲပြုကာ ၁၉၄၈ မတိုင်မီအထိ ဘူတာ၏ အမည်ကို မဆွတ်အိုဂျင်းဂျ - မအဲဘူတာ (松尾神社前駅, Matsuo-jinja-mae-eki) ဟု ခေါ်ဆိုခဲ့ကြသည်။ ၂၀၁၃ မတိုင်မိအထိ ခေါ်ဆိုခဲ့သည့် အမည်မှာ မဆွတ်အိုဘူတာ (松尾駅, Matsuo-eki) ဖြစ်ပြီး ယခုလက်ရှိအမည်ကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ စတင်ခေါ်ဝေါ်သုံးစွဲခဲ့သည်။[၃][၄]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

Wikimedia Commons ရှိ Matsuo-taisha Station နှင့်ပတ်သက်သော မီဒီယာများ

ကိုဩဒိနိတ်: 35°0′2.27″N 135°41′16.79″E / 35.0006306°N 135.6879972°E / 35.0006306; 135.6879972

ကိုးကား[ပြင်ဆင်ရန်]

  1. 第8章 都市施設 [Chapter 8: Urban facilities]။ 京都市統計書 [Statistics of Kyoto City] (ဂျပန်ဘာသာစကားဖြင့်)။ City of Kyoto။ 2017။
  2. You must specify title = and url = when using {{cite web}}.။ Hankyu Corporation။
  3. Hankyu Corporation (April 2001)။ Hankyū Sutēshon (Japaneseဘာသာစကားဖြင့်)။ Osaka: Hankyu Corporation။ p. 127။ ISBN 4-89485-051-6CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
  4. Template error: argument title is required.