မစ်ဆူဘီရှီ ပါဂျဲရိုး

ဝီကီပီးဒီးယား မှ
Mitsubishi Pajero
2002–2006 Mitsubishi Pajero (NP) Exceed (ဩစတေးလျ)
ထုတ်လုပ်သူမစ်ဆူဘီရှိ မော်တော်
အခြားအမည်Mitsubishi Montero
Mitsubishi Shogun
Mitsubishi Pajero Sfx
ထုတ်လုပ်သည့်ခုနှစ်၁၉၈၂–ယခု
တပ်ဆင်သည့်နေရာဆာကာဟိုဂိ၊ ဂီဖု၊ ဂျပန်
ကလပ်စ်SUV ကားကြီး
ပုံသဏ္ဌန်အရှေ့အင်ဂျင်၊ ဖိုးဝှီးလ်ဒရိုက်ဗ်

မစ်ဆူဘီရှိ ပါဂျဲရိုးသည် မစ်ဆူဘီရှိ ကားကုမ္ပဏီမှ ထုတ်လုပ်သော အက်စ်ယူဗွီ ကားတစ်မျိုး ဖြစ်သည်။ အာဂျင်တီးနားတောင်ပိုင်း ပါတာဂိုးနီးယားကုန်းပြင်မြင့်တွင် ရှိသည့် တောကြောင် အမျိုးအစားတစ်မျိုး ဖြစ်သော လီယိုပါဒပ်စ် ပါဂျဲရိုး ၏ အမည်ကို ယူ၍ ပေးထားခြင်း ဖြစ်သည်။ သို့သော်လည်း စပိန်ဘာသာစကား အရ ပါဂျဲရိုးဆိုသည်မှာ ရိုင်းစိုင်းသော အသုံးအနှုန်း တစ်မျိုး ဖြစ်သဖြင့် နိုင်ငံခြား ဈေးကွက်များတွင် အခြားအမည်တစ်မျိုးဖြင့် တင်ပို့ရောင်းချသည်။ စပိန်၊ အမေရိကတိုက် (ဘရာဇီးမှ လွဲ၍) နှင့် အိန္ဒိယတို့တွင် မစ်ဆူဘီရှိ မွန်တဲရို (ကုန်းမြင့် မုဆိုး) ဟူသောအမည်ဖြင့် သိရှိကြပြီး ယူနိုက်တက်ကင်းဒမ်းတွင် မစ်ဆူဘီရှီ ရှိုးဂန်း ဟူသောအမည်ဖြင့် သိရှိကြသည်။ ဂျပန်နိုင်ငံတွင် လက်လီ အရောင်းဌာန တစ်ခုဖြစ်သော ကားပလာဇာ ဆိုသော ကုမ္ပဏီမှ ရောင်းချသည်။ အမေရိကန်ပြည်ထောင်စုတွင် ၂၀၀၆ ခုနှစ်မှစ၍ ဆက်လက်ရောင်းချခြင်း မရှိတော့သော်လည်း အခြား အရပ်ဒေသများတွင် စတုတ္ထမျိုးဆက် ကားကို ဆက်လက်ရောင်းချနေဆဲ ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ပထမဆုံး ပါဂျဲရိုး၏ နမူနာကားကို ၁၉၇၃ ခုနှစ် နိုဝင်ဘာလ တိုကျို မော်တော်ကားပြပွဲတွင် စတင်ဖော်ထုတ် ပြသခဲ့သည်။ ပါဂျဲရိုး ၂ နမူနာကားပုံစံမှ နောင် ၅ နှစ်အကြာ ၁၉၇၈ တွင် ပေါ်ထွက်လာခဲ့သည်။ မစ်ဆူဘီရှီ၏ ရည်ရွယ်ချက်မှာ အက်စ်ယူဗွီကား သက်သက် မဟုတ်ဘဲ အပန်းဖြေရာတွင် သုံးသည့် ကားကို ထုတ်လုပ်ရန် ဖြစ်သည်။

၁၉၈၃ ဇန်နဝါရီလတွင် ပဲရစ်မှ ဒါကာ (ဆီနီဂေါ) လမ်းကြမ်းမောင်းပြိုင်ပွဲတွင် ပထမဆုံး စတင်ပါဝင်ရင်း ပွဲထုတ်ခဲ့သည်။ တတိယအကြိမ် ပါဝင်ယှဉ်ပြိုင်သည့် ၁၉၈၅ ခုနှစ်တွင်မှ ပထမနေရာ ရခဲ့သည်။ ယနေ့အထိ ထိုလမ်းကြမ်းမောင်း ပြိုင်ပွဲတွင် ပါဂျဲရိုးသည် အအောင်မြင်ဆုံး ကားဖြစ်သည်။ ထို့အတွက်ကြောင့် လမ်းကြမ်းမောင်းရာတွင် နာမည်ရသည်သာမက အရောင်းဌာနကိုလည်း အထောက်အကူပေးခဲ့သည်။

ပထမမျိုးဆက် (၁၉၈၂-၁၉၉၁)[ပြင်ဆင်ရန်]

ပထမမျိုးဆက်
First generation Mitsubishi Pajero
အင်ဂျင်3.0 L 6G72 V6
2.6 L 4G54 I4
2.0 L 4G63 I4
2.3 D 4D55 I4
2.3 TD 4D55T I4
2.5 TD 4D56T I4
ဂီယာ၄ချက် Aisin အော်တို
၅ ချက် ရိုးရိုး
ဘီးအခြေ၂၆၉၅ မီလီမီတာ(LWB)
၂၃၅၀ မီလီမီတာ (SWB)
အရှည်၄၆၅၀ မီလီမီတာ (LWB)
၃၉၉၅ မီလီမီတာ (SWB)
အကျယ်၁၆၈၀ မီလီမီတာ
အမြင့်၁၈၉၀ မီလီမီတာ (LWB)
၁၈၅၀ မီလီမီတာ (SWB)
ဆီတိုင်ကီ၉၀ လီတာ (LWB)
၆၀ လီတာ (SWB)

ဒုတိယမျိုးဆက်(၁၉၉၁-၁၉၉၉)[ပြင်ဆင်ရန်]

ဒုတိယမျိုးဆက်
Mitsubishi Montero (US)
အခြားအမည်Mitsubishi Pajero Field Master (Philippines)
Mitsubishi Pajero SFX (India)
တပ်ဆင်သည့်နေရာဆာကာဟိုဂိ၊ ဂိဖု ၊ ဂျပန်
တီရူဗယ်လာ၊ တမီးလ် နာဒု၊ အိန္ဒိယ
ကိန်တာ၊ ရိုင်ဇယ်၊ ဖိလစ်ပိုင်
ဘိုဂိုတာ ကိုလံဘီယာ
ဗင်နီဇွဲလား
အင်ဂျင်4D56 2.5 TD
4M40 2.8L TD
4G64 2.4L I4
4G54 2.6L I4
6G72 3.0L V6
6G74 3.5L V6
ဂီယာ၅ ချက် ရိုးရိုး
၄ချက် Aisin အော်တို
ဘီးအခြေ၂၇၂၅ မီလီမီတာ (LWB)
၂၄၂၀ မီလီမီတာ (SWB)
အရှည်၄၇၀၅ မီလီမီတာ (LWB)
၄၀၃၀ မီလီမီတာ (SWB)
အကျယ်၁၆၉၅ မီလီမီတာ
အမြင့်၁၈၇၅ မီလီမီတာ (LWB)
၁၈၅၀ မီလီမီတာ (SWB)

တတိယမျိုးဆက်(၁၉၉၉-၂၀၀၆)[ပြင်ဆင်ရန်]

တတိယမျိုးဆက်
2001-2002 Mitsubishi Montero (US)
တပ်ဆင်သည့်နေရာဆာကာဟိုဂိ၊ ဂိဖု၊ ဂျပန် ၁၉၉၉-၂၀၀၄
အိုကာဇာကိ၊ အအိချိ၊ ဂျပန် ၂၀၀၅-၂၀၀၆
အင်ဂျင်4D56 2.5 TD
4M40 2.8L TD
4M41 3.2 Di-D
6G72 3.0 V6
6G74 3.5 V6
6G74 3.5 V6 GDI
6G75 3.8 V6
ဂီယာ၅ချက် ရိုးရိုး
၄ချက် အော်တို
၅ချက် အော်တို
ဘီးအခြေ၂၇၈၀ မီလီမီတာ (LWB)
၂၅၄၅ မီလီမီတာ (SWB)
အရှည်၄၈၀၀ မီလီမီတာ (LWB)
၄၂၂၀ မီလီမီတာ (SWB)
အကျယ်၁၈၇၅ မီလီမီတာ
အမြင့်၁၈၅၅ မီလီမီတာ (LWB)
၁၈၄၅ မီလီမီတာ (SWB)
ဒီဇိုင်းနာပီနင်ဖာရီနာ
ဆီတိုင်ကီ၈၉ လီတာ (LWB)
၇၁ လီတာ (SWB)

စတုတ္ထမျိုးဆက်(၂၀၀၆- ယခု)[ပြင်ဆင်ရန်]

စတုတ္ထမျိုးဆက်
2006 4th Generation Mitsubishi Pajero LWB
အခြားအမည်Mitsubishi Pajero Super Exceed (အင်ဒိုနီးရှားနိုင်ငံ)
တပ်ဆင်သည့်နေရာအိုကာဇာကိ၊ အအိချိ၊ ဂျပန်
အင်ဂျင်4M41 3.2 Di-D
6G72 3.0 V6
6G74 3.5 V6
6G75 3.8 V6
ဂီယာ၅ ချက် ရိုးရိုး
၄ ချက် အော်တို
၅ ချက် အော်တို
ဘီးအခြေ၂၇၈၀ မီလီမီတာ (LWB)
၂၅၄၅ မီလီမီတာ (SWB)
အရှည်၄၉၀၀ မီလီမီတာ (LWB)
၄၃၉၅ မီလီမီတာ (SWB)
အကျယ်၁၈၉၅ မီလီမီတာ
အမြင့်၁၉၀၀ မီလီမီတာ(LWB)
၁၈၈၀ မီလီမီတာ(SWB)
ဆီတိုင်ကီ၈၉ လီတာ

ကိုးကား[ပြင်ဆင်ရန်]