မစာဥ ကစားနည်း

ဝီကီပီးဒီးယား မှ

မစာဥကစားနည်းသည် မြန်မာ့ ကျေးလက်ရိုးရာ ကစားနည်း ဖြစ်သည်။ ရှေးယခင် လသာသာ ညအခါဝယ် ဤကစားနည်းကို ကလေးများသည် ထုပ်ဆီးထိုးတမ်း၊ ကြက်ဖခွပ်တမ်းကစားနည်းများ နည်းတူ ပျော်ရွှင် သွက်လက်စွာ ကစားလေ့ ရှိပေသည်။ ယခုအခါ ကစားသူ သိပ်မရှိတော့ချေ။

ကစားပုံ[ပြင်ဆင်ရန်]

ထိုကစားနည်းတွင် စည်းဝိုင်းတစ်ခုကို တုတ်တစ်ချောင်းဖြင့် ဆွဲလိုက်ကြသည်။ ထို့နောက် မျဉ်းကြောင်းလေးကြောင်း ကန့်လန့်ဖြတ်ထားသည့် လမ်းကြောင်းတစ်ခုကို စည်းဝိုင်းနှင့် ထိပ်တိုက်ဆွဲကြသည်။ ပြီးလျှင် တစ်ယောက်မှလွဲ၍ ကျန်ကစားသူများ အားလုံးသည် စည်းဝိုင်းကြီးအတွင်း၌ နေကြသည်။ ကျန်တစ်ယောက်က လမ်းကြောင်းအတိုင်း တစ်ကွက်စီနင်းယင်း ဒုံးဒုံးဟုဆိုကာ လျှောက်လာလေသည်။ ထိုအခါ ကစားသူများက ဘယ်သူလဲဟု မေးလိုက်ကြရာ ဒုံးဒုံးဟုဆိုကာ လျှောက်လာ လေသည်။ ထိုအခါ ကစားသူများက ဘယ်သူလဲဟု မေးလိုက်ကြရာ ဒုံးဒုံးဟုဆိုသူက မစာရုဟု ပြန်ဖြေလေသည်။ ထိုအခါ စည်းဝိုင်းအတွင်းနေ ကစားသူများက ဘယ်သွားမလို့လဲဟု မေးကြရာ မစာရုက ပွဲသွားမယ်လို့ဟု ဖြေလေသည်။ ထိုအခါ ကစားသူများက တို့လဲလိုက်မယ်ဟု ပြောကြသောအခါ မစာရု လုပ်သူက မလိုက်နဲ့ ကျားတွေဆင်တွေပေါတယ်ဟူ၍ ဖြေလေ သည်။ ထိုနောက် ကိုက်ကိုက်သေသေ လိုက်ခဲ့ဟု ဆိုပြီးမှ ဒုံးဒုံးဟုဆို၍ ကျန်နှစ်ကွက်ကို လှမ်းနင်းလိုက်ပြီးလျှင် စည်းဝိုင်း တစ်လျှောက်တွင်ပြေး၍ စည်းဝိုင်းတွင်းရှိ ကစားသူ တစ်ယောက်ယောက်ကို အပြင်သို့ မရောက်ရောက်အောင် ဆွဲထုတ်လေသည်။ စည်းဝိုင်းတွင်းရှိ ကစားသူများကလည်း သူတို့၏ လူစည်းဝိုင်းအပြင်သို့ ရောက်မသွားစေရန် ဝိုင်း၍ ကူဆွဲကြလေသည်။ ထိုသို့ ကူဆွဲနေကြ စဉ် မစာရု၊ မစာရုဟု မပြတ်အော်ဟစ်ကာ ကစားကြလေသည်။ စည်းဝိုင်းအပြင်သို့ ရောက်သွား သူသည် နောက်တစ်လှည့်တွင် မစာရုအဖြစ် ကစားရလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)