မင်းအိုချမ်းသာစေတီတော်

ဝီကီပီးဒီးယား မှ

မင်းအိုချမ်းသာစေတီတော် သည် ပုဂံမြို့တွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။ ပုဂံမြို၏ အရှေ့မြောက်ဘက် ညောင်ဦးလမ်းမ၏ တောင်ဘက်ကုန်းမြင့်ပေါ်တွင် တည်ရှိသည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သက္ကရာဇ် ၄၄၆ ခုနှစ် ကျန်စစ်သားမင်းလက်ထက်တွင် ဖြစ်၏။ မင်းကြီး အသက် ၇၂ နှစ်ရောက်သောအခါ သီဟိုဠ်မှ သီဟိုဠ်မင်းသည် မြတ်စွာဘုရား၏ သရီရဓာတ်တော်ကိုးဆူကို ရတနာကြုပ်ထဲသို့ ထည့်ကာ ဆက်သလေသည်။

မင်းကြီးသည် အသက်အရွယ်ရလာပြီ ဖြစ်သဖြင့် နာမကျန်း ဖြစ်နေ၏။ ထို့ကြောင့် အသက်ရှည်စေရန် ရည်ရွယ်ကာ ထိုဓာတ်တော်များကို ဌာပနာ၍ သက္ကရာဇ် ၄၇၄ ခုနှစ်တွင် မှူးမတ်တို့အား စေတီတော် တည်စေခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၁၇၂။