မင်းဆီကို ဆင်းသက်မယ်

ဝီကီပီးဒီးယား မှ
Crash Landing on You
ဖိုင်:Crash Landing on You main poster.jpg
Promotional poster
အခြားအမည်
  • Emergency Love Landing
  • Love's Crash Landing
  • Crash Landing of Love
အမျိုးအစားအချစ် ဒရာမာ[၁]
ဖန်တီးသူစတူဒီယို ဒရက်ဂွန်
ရေးသားသူPark Ji-eun
ဒါရိုက်တာလီဂျွန်ဟိုး
သရုပ်ဆောင်
  • ဟွန်ဘင်း
  • ဆွန်ရီဂျင်း
  • ကင်ဂျွန်ဟွမ်း
  • ဆိုဂျီဟိုင်း
အဖွင့်တီးလုံး"Sigriswil" by Kim Kyung-hee
တေးရေးဆရာ(များ)
  • Nam Hye-seung
  • Park Sang-hee
  • Go Eun-jung
နိုင်ငံတောင်ကိုရီးယား
ဘာသာစကားKorean
အပိုင်းပေါင်း16
ထုတ်လုပ်မှု
ရိုက်ကူးသည့် နေရာ
ပြသချိန်70–110 minutes
ထုတ်လုပ်သည့် ကုမ္ပဏီစတူဒီယို ဒရက်ဂွန်
ဖြန့်ချိသူ
ထုတ်လွှင့်မှု
မူရင်းရုပ်သံလိုင်းtvN
ရုပ်ပုံအမျိုးအစား1080i (HDTV)
အသံထွက်အမျိုးအစားDolby Digital
မူလပြသမှုဒီဇင်ဘာ ၁၄၊ ၂၀၁၉ (၂၀၁၉-၁၂-၁၄) – ဖေဖော်ဝါရီ ၁၆၊ ၂၀၂၀ (၂၀၂၀-၀၂-၁၆)
ပြင်ပလင့်(ခ်)များ
ဝက်ဘ်ဆိုဒ်


Crash Landing on You ( ကိုရီးယား사랑의 불시착; RRSarangui Bulsichak; lit. Love's Emergency Landing ချစ်ခြင်းမေတ္တာ၏အရေးပေါ်ဆင်းသက်ခြင်း) သည် လီဂျွန်ဟိုး မှရိုက်ကူးသော တောင်ကိုရီးယား ရုပ်မြင်သံကြားဇာတ်လမ်းတွဲ ဖြစ်ပြီး ဟွန်ဘင်း၊ ဆွန်ရီဂျင်း၊ ကင်ဂျွမ်ဟွမ်း နှင့် ဆိုဂျီယဲ တို့ ပါဝင်သည်။ ဇာတ်လမ်းမှာ တောင်ကိုရီးယားမှ မိန်းကလေးတစ်ဦး မြောက်ကိုရီးယားတွင် ဂလိုက်ဒါ စီးရာမှ မတော်တဆ ပြုတ်ကျသွားခြင်းကို အခြေခံ၍ ရိုက်ကူးထားသည်။ ၎င်းသည်တောင်ကိုရီးယားရှိ tvN တွင် ထုတ်လွှင့်ခဲ့၍ နှင့် ၂၀၁၂ ဒီဇင်ဘာ ၁၄ ရက်မှ ၂၀၂၀ ဖေဖော်ဝါရီ ၁၆ အထိကမ္ဘာတစ်ဝန်းရှိ Netflix တွင်လည်း ထုတ်လွှင့်ခဲ့သည်။ ကေဘယ်လ်တီဗီသမိုင်းတွင် ဒုတိယ အဆင့်သတ်မှတ်ချက် အမြင့်ဆုံး ရရှိသော ကိုရီးယားဒရာမာ ဖြစ်သည်။

အနှစ်ချုပ်[ပြင်ဆင်ရန်]

Crash Landing on You (မင်းဆီကို ဆင်းသက်မယ်) သည် ကံဆိုးသော ချစ်သူ နှစ် ဦး ဖြစ်သည့် တောင်ကိုရီးယားရှိ ကုမ္ပဏီကြီး တစ်ခုမှ အမွေဆက်ခံမည့်သူ ဖြစ်သည့် ယွန်းဆယ်ရီ ( ဆွန်ရီဂျင်း ) နှင့် မြောက်ကိုရီးယား အထက်တန်းလွှာ (စစ်တပ် အရာရှိ တစ်ဦးလည်း ဖြစ်သည့်) ရီဂျောင်ဟွတ် (ဟွန်ဘင်း) တို့၏ ဇာတ်လမ်း ဖြစ်သည်။ တစ်ရက်တွင် ယွန်းဆယ်ရီသည် တောင်ကိုရီးယား ဆိုးလ်မြို့၌ လေထီးစီးနေစဉ် ရုတ်တရက် ဖြစ်ပေါ်လာသော လေဆင်နှာမောင်းက ဆွဲယူသွားပြီး သူ့ကို သတိမေ့သွားကာ လမ်းကြောင်း လွဲသွားစေသည်။ ယွန်းဆယ်ရီ သတိရလာသော အခါတွင် မြောက်ကိုရီးယား စစ်မဲ့ဇုံ အတွင်း သစ်တော တစ်ခုအတွင်း (တောင်ကိုရီးယား နိုင်ငံသားများအား တားမြစ်ထားသော နယ်မြေ) ရောက်ရှိနေသည်ကို တွေ့ရသည်။ ထိုနေရာတွင် သူသည် မြောက်ကိုရီးယား စစ်တပ် အရာရှိ တစ်ဦး ဖြစ်သော ရီဂျောင်ဟွတ်နှင့် တွေ့ဆုံခဲ့သည်။ ရီဂျောင်ဟွတ်သည် ယွန်းဆယ်ရီအား ပုန်းခိုရန် နေရာပေးခဲ့ပြီး သူမအား တောင်ကိုရီးယားသို့ တိတ်တဆိတ် ပြန်နိုင်ရန် စီစဉ်ခဲ့သည်။ နောက်ဆုံးတွင် သူတို့ နိုင်ငံနှစ်ခုကြား ခြားနားမှုနှင့် အငြင်းအခုံများ ရှိကြသော်လည်း သူတို့နှစ်ဦး ချစ်ကြိုက်သွားခဲ့ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Dong၊ Sun-hwa။ "Sneak peek into romantic drama"၊ November 18, 2019။ December 15, 2019 တွင် ပြန်စစ်ပြီး 
  2. ၂.၀ ၂.၁ Kiew၊ Chelsea (February 18, 2020)။ What Singapore fans say about K-drama Crash Landing On You and 7 things to know about the show။ The Straits Times။ February 29, 2020 တွင် ပြန်စစ်ပြီး။
  3. NETFLIX TO LAUNCH HIGHLY-ANTICIPATED ROMANTIC COMEDY CRASH LANDING ON YOU, STARRING HYUN BIN AND SON YE-JIN (October 20, 2019)။ October 23, 2019 တွင် ပြန်စစ်ပြီး။