မင်းခယောက်ျား ကမ်းနားသစ်ပင်

ဝီကီပီးဒီးယား မှ

မင်းခယောက်ျား ကမ်းနားသစ်ပင် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]

အနက်အဓိပ္ပာယ်[ပြင်ဆင်ရန်]

မြစ်ကမ်းနား၌ပေါက်သော သစ်ပင်သည် မြစ်ရေကို အမှီပြုရ၍ အခက်အလက် စိုပြည်သော်လည်း မြစ်ရေကပင် တိုက်စား၍ ပြိုလဲပျက်စီးတတ်သကဲ့သို့ မင်းခယောက်ျားသည် မင်း၏ အရှိန်အဝါဖြင့် ကြီးပွားချမ်းသာ လွယ်သော်လည်း မင်းမျက်သင့်သဖြင့် ဆုံးရှုံးနိုင်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။