မင်ဒယ်၊ ဂရီဂေါ်

ဝီကီပီးဒီးယား မှ
မင်ဒယ်၊ ဂရီဂေါ်
မွေးဖွားJohann Mendel
(1822-07-20)၂၀ ဇူလိုင်၊ ၁၈၂၂
Heinzendorf bei Odrau, ဩစတြီးယားအင်ပါယာ (ယခု ချက်သမ္မတနိုင်ငံ)
ဆုံးပါး၆ ဇန်နဝါရီ၊ ၁၈၈၄(1884-01-06) (အသက် ၆၁)
Brno (Brünn), ဩစတြီးယားဟန်ဂေရီနိုင်ငံ (ယခု ချက်သမ္မတနိုင်ငံ)
နိုင်ငံလူမျိုး ဩစတြီးယား
နယ်ပယ်ဂျင်နက်တစ်ပညာ
အဖွဲ့အစည်းဌာနSt Thomas's Abbey
မိခင်ကျောင်းUniversity of Olomouc
University of Vienna
ကျော်ကြားမှုအရင်းခံCreating the science of genetics

ဂရီဂေါ် ယိုဟန်းမင်ဒယ်သည် ဩစတြေးယားပြည်သား ဆင်းရဲသားလယ်သမားတစ်ဦး၏ သားဖြစ်၏။ ခရစ် ၁၈၂၂ ခု နှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် မွေးဖွား၍ ၁၈၈၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် ကွယ်လွန်သည်။ လူလားမြောက် သည့်အချိန်တွင် ဗရွန်းမြို့၌ ရဟန်းဘောင်သို့ဝင်၍၊ နောင်သော် ဂိုဏ်းအုပ် ဆရာတော်ကြီး ဖြစ်လာပြီးလျှင် ရဟန်းဘဝနှင့်ပင် အရိုးထုတ်သွားလေသည်။ ဤသို့လျှင် မင်ဒယ်၏ အတ္ထုပ္ပတ္တိမှာ ထူးခြားလှသည်ဟု မဆိုသာချေ။ သို့သော်လည်း မင်ဒယ်ကွယ် လွန်၍ နှစ်ပေါင်းများစွာကြာပြီးနောက် ကမ္ဘာတွင် ကျော်ကြား လာသည့် ကိစ္စကြီးတစ်ခုကို သူသည် အသက်ရှင်နေစဉ် ကာလ အတွင်း၌ အနှစ်နှစ် အလလလေ့လာရာမှ တွေ့ရှိထုတ်ဖော်ခဲ့လေ သည်။

မင်ဒယ်သည် ရဟန်းဘောင်၌နေစဉ် ဇီဝဗေဒ ပညာကို သင်ကြားပို့ချ၍ သားစဉ်မြေးဆက် လိုက်တတ် သည့်မျိုးရိုးဇာတိအကြောင်းကို တစ်ဖက်တစ်လမ်းမှ အမြဲလေ့ လာကြံဆခဲ့သည်။ မျိုးမတူသော မိဘနှစ်ဦးကို ပေါင်းစပ်ပေး လျှင် မည်သို့သောသားသမီးမျိုး ပေါက်ဖွားလာမည်နည်း၊ မျိုး မတူသော အပင်နှစ်ပင်ကို မျိုးစပ်ပေးလျှင် ပေါက်လာမည့် အ ပင်သည် မည်သည့်အပင်နှင့် တူမည်နည်း။ မျိုးမတူသော တိရစ္ဆာန်အဖိုအမတို့ကို မျိုးစပ်ပေးလျှင် မည်သို့သော တိရစ္ဆာန် မျိုး ပေါက်ဖွားလာမည်နည်း။


မျိုးရိုးဇာတိအကြောင်းကို သိနားလည်မည်ဆိုလျှင် ဂျုံ၊ စပါး၊ ပဲ၊ ပြောင်းမှစ၍ လူတို့စားသုံးသည့် အပင်များကို ကောင်းသည်ထက်ကောင်းအောင် ပြုပြင်ပေးနိုင်စရာအကြောင်း ရှိသည်။ တိရစ္ဆာန်များကိုလည်း လိုသလို ပြုပြင်ပေးနိုင်ရမည်ဟု ယူဆနိုင်ပေလိမ့်မည်။ လူ၏အမျိုးကိုပင်လည်း လိုသလို ပြုပြင် နိုင်ရမည်ဟု ယူဆနိုင်ပေသည်။ မျိုးရိုးဇာတိ အကြောင်းကို မင် ဒယ်ထုတ်ဖော်မရေးသားမီက မည်သူတစ်ဦးတစ်ယောက်မျှ ထိုအ ကြောင်းကို မတွေးတော မစဉ်းစားမိခဲ့ချေ။

ပုံပမာ၊ ပူးဖြူနှင့် ပူးမည်းကို မျိုးစပ်ပေးသည် ဆိုပါစို့။ ထိုအခါ ပေါက်ဖွားလာမည့် ပူးငယ်များတွင် မည်သည့်အရောင် မျိုးရှိမည် ထင်သနည်း၊ မွဲပြာရောင်ရှိရမည်ဟု ထင်ကောင်း ထင်ကြပေမည်။ သို့သော် ပေါက်ဖွားလာသောအခါ ပူးငယ် အားလုံးမှာ အမည်းချည်း ဖြစ်နေသည်ကို အံ့ဩစွာတွေ့ရလိမ့် မည်။ ပူးမည်းများသာ ပေါက်ဖွားလာခြင်းကြောင့် ထိုပူးမည်း များမှ နောက်တဆက်ပေါက်ဖွားလာမည့် ပူးအားလုံးသည်လည်း မည်းရမည်ဟု ထင်မှတ်ကြပြန်ပေမည်။

ထိုသို့ထင်မှတ်လျှင် တက်တက်စင် လွဲပြန်၏။ ပူး မည်းများမှ ပေါက်ဖွားလာသော ပူးငယ်များတွင် အချို့မှာမည်း ၍ အချို့မှာ ဖြူလျက်ရှိသည်ကို တွေ့ရသည်။ အချိုးကျပြောရ လျှင် ၄ ပုံ ၁ ပုံသော ပူးတို့သည်ဖြူ၍ ၄ ပုံ ၃ ပုံသောပူးတို့ သည် မည်းလေသည်။ ထိုအဆက်မှ ပူးဖြူအချင်းချင်းကို မျိုး စပ်ပေးသောအခါ ပူးဖြူများကိုသာ မွေး၏။ ပူးမည်း အချင်း ချင်းကို မျိုးစပ်ပေးလျှင်ကား ယင်းတို့အနက် ၃ ပုံ ၁ ပုံမှ ပူး မည်းချည်းသာ မွေးပြီးနောက် ကျန် ၃ ပုံ ၂ ပုံ (သို့မဟုတ် ပူးမည်းနှစ်ရပ်ပေါင်း မျိုးဆက်တစ်ခုလုံး၏ တစ်ဝက်) မှ ပေါက်ဖွားလာသည့် ပူးငယ်များတွင် ၄ ပုံ ၁ ပုံ မှာ ဖြူ၍၊ ၄ ပုံ ၃ ပုံက မည်းနေသည်ကိုတွေ့ရလိမ့်မည်။ နောင်ပေါက်ဖွား မည့် သားစဉ်မြေးဆက်များလည်း ဤအချိုးများအတိုင်းပင် ဖြစ် ကြပေမည်။ အကြောင်းကို စူးစမ်းရှာဖွေပြီးနောက် မျိုးရိုးဇာတိ ဆိုင်ရာ နိယာမများကို သတ်မှတ်ပြဋ္ဌာန်းထားခဲ့ရာတွင် အထက် ပါ သားစဉ်မြေးဆက် ကွဲလွဲပုံ အချိုအစားများကိုပါ ရှင်းလင်း ဖော်ပြခဲ့လေသည်။ မင်ဒယ်ကို ဂုဏ်ပြုသောအားဖြင့် အဆိုပါ နိယာမများကို မင်ဒယ်နိယာမများဟု ခေါ်တွင် ကြသည်။ မင်ဒယ်သည် မျိုးရိုးဇာတိအကြောင်းကို လေ့လာရာ၌ ပူးများဖြင့်သာမဟုတ်ဘဲ ပဲအမျိုးမျိုးဖြင့်လည်း စမ်းသပ်ကြည့်ခဲ့ သည်။ သူသည် ကျောင်းနှင့်ဆက်လျက်ရှိသော ဥယျာဉ်အတွင်း ၌ ပဲပင်များကိုစိုက်၍ နှစ်ပေါင်းများစွာ လေ့လာခဲ့သည်။ ပဲသီး အရှည်နှင့် အပုမျိုးကိုဖြစ်စေ၊ ပဲဝါနှင့် ပဲစိမ်းမျိုးကိုဖြစ်စေ မျိုး ကူးစိုက်ပျိုးပေး၍ စောင့်ကြည့်လေ့လာခဲ့ရာ ထိုပဲပင်များမှ အ ထက်ဖော်ပြပါ ပူးတို့၏မျိုးစဉ်မျိုးဆက် အချိုးအစားများအတိုင်း ပင် ပေါက်ပွားလာကြသည်ကို သူတွေ့ခဲ့ရလေသည်။

ခရစ် ၁၈၆၆ ခုနှစ်တွင် မင်ဒယ်သည် သူ၏ တွေ့ရှိ ချက်များကို ဗရွန်းမြို့ရှိ သိပ္ပံအဖွဲ့သို့ ပျံ့နှံ့ခဲ့၏။ သို့ရာတွင် ထို တွေ့ရှိချက်များ၏ အရေးကြီး အသုံးဝင်ပုံကို ထိုစဉ်က လူများ မသိကြသေးသည့်အတွက် ၁၉ဝဝ ပြည့်နှစ်တိုင်အောင် သူ၏ တွေ့ရှိချက်များသည် တိမ်မြုပ်နေခဲ့ရပေသည်။ ထို ၁၉ဝဝ ပြည့် နှစ်သို့ရောက်မှ မင်ဒယ်၏ တွေ့ရှိချက်များသည် သိပ္ပံပညာ အတွက် အရေးကြီးစိတ်ဝင်စားဖွယ်ဖြစ်ရုံသာမက တိရစ္ဆာန်မွေး မြူသူများနှင့် လယ်ယာစိုက်ပျိုး စားသောက်သူများအတွက် လည်း လက်တွေ့အကျိုးများစေမည့် တွေ့ရှိချက်များဖြစ်ကြောင်း ကို ကမ္ဘာကသိလာကြသည်။ ချက်ချင်းပင် ဆိုင်ရာအဖွဲ့အစည်း များနှင့် အစိုးရများသည် မင်ဒယ်၏တွေ့ရှိချက်များကို အခြေပြု ၍ လက်တွေ့စမ်းသပ်မှု အမြောက်အမြားကို တိုးချဲ့ပြုလုပ်ခဲ့ကြ လေသည်။

မင်ဒယ်၏ အဆိုအရ အပင်တွင်ဖြစ်စေ၊ တိရစ္ဆာန်တွင် ဖြစ်စေ မျိုးရိုးဇာတိမတူသော မိဘနှစ်ဦးမှ ပေါက်ပွားလာသော မျိုးဆက်များ၌ ယေဘုယျအားဖြင့် တစ်မျိုးသည် လက္ခဏာကဲ ဖြစ်လာ၍ ကျန်တစ်မျိုးသည် လက္ခဏာငုပ် ဖြစ်သွားတတ်လေ သည်။ လက္ခဏာကဲ ဆိုသည်မှာ မျိုးစဉ်မျိုးဆက်တစ်လျှောက် လုံးတွင် ကြီးစိုးလွှမ်းမိုးသည့် လက္ခဏာကိုခေါ်၍၊ လက္ခဏာ ငုပ်မှာ အားနည်းသည့်လက္ခဏာပင် ဖြစ်သည်yala wala yo g ill buss you some chip for tenner။ ပုံပမာပြခဲ့သော ပူးများတွင် အမည်းမျိုးသည် လက္ခဏာကဲဖြစ်၍၊ အဖြူမျိုးသည် လက္ခဏာငုပ်ဖြစ်သည်။ ပဲများတွင်လည်း အရှည်မျိုးနှင့် အဝါ မျိုးတို့မှာ လက္ခဏာကဲ ဖြစ်ကြ၍၊ အပုမျိုးနှင့် အစိမ်းမျိုးတို့ သည် လက္ခဏာငုပ်ဖြစ်ကြလေသည်။

မင်ဒယ်၏ မျိုးရိုးဇာတိ နိယာမများသည် အပင်တိုင်း၊ သတ္တဝါတိုင်းအတွက် အတိအကျမှန်ကန်ခြင်း မရှိပေ။ သို့သော် အပင်နှင့် သတ္တဝါအားလုံးအတွက် အခြေခံထားနိုင်လောက် အောင် လုံလောက်မှန်ကန်သည်ကို တွေ့ရပေသည်။ အထူး သဖြင့် လူတို့၏ မျိုးရိုးဇာတိနှင့်စပ်လျဉ်း၍ ကျွနု်ပ်တို့မသိသေး သည့် အချက်အလက်ပေါင်း များစွာပင် ကျန်ရှိသေးရာ၊ ထို အချက်အလက်များကို သိပ္ပံဆရာအသီးအသီးက ဆက်လက်၍ လေ့လာစုံစမ်းဆဲ ဖြစ်လေသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)