မချစ်ဥ

ဝီကီပီးဒီးယား မှ
Yellow Himalayan fritillary
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Monocots
မျိုးစဉ်: Liliales
မျိုးရင်း: Liliaceae
မျိုးရင်းသေး: Lilioideae
မျိုးဇာတ်: Lilieae
မျိုးစု: Fritillaria
မျိုးစိတ်:
F. cirrhosa
ဒွိနာမ
Fritillaria cirrhosa
Synonyms[၁]

ပုံသဏ္ဌာန် : အပင် ပင်ပျော့ပင်ငယ်မျိုးဖြစ်၍ အမြင့် ၁ ပေခန့်ရှိသည်။ ရေခဲပြင်အောက် ၌ပေါက်ရောက်သော အပင်မျိုးဖြစ်သည်။ ပင်တည်းဖြစ်၍ ပင်စည် အစိမ်းရောင်ရှိပြီး ချောမွေ့သည်။ အရွက် ရွက်ဆိုင်ထွက်သည်။ ဖြောင့်မတ်သည်။ ကြိုးပြားသေးပုံရှိပြီး ရွက်ထိပ် ချွန်သွယ်သည်။ ရွက်ညှာမဲ့သည်။ ရွက်လယ် ကြော ထင်ရှားသည်။ ၂ လက်မ ၄ လက်မ ရှည်သည်။ အပွင့် ပွင့်တည်း ပွင့်သည်။ ၁ မှ ၂ လက်မ အထိ ရှည်သည်။ ခေါင်းလောင်း ပုံဖြစ်သည်။ စိမ်းဝါ ရောင်ရှိသည်။ ဥ လုံးဝိုင်းသည်။ အဖြူရောင်ရှိသည်။ ကြက်သွန်ဥနှင့် ဆင်သည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : ဥ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : ကချင်ပြည်နယ်မြောက်ပိုင်း ရေခဲများဖုံးအုပ်သော ဒေသ တွင် များစွာ ပေါက် ရောက်သည်။ ရေခဲများဖုံးအုပ်ချိန်၌ ရေခဲ များအောက်၌ ပေါက်ရောက်ပြီး ရေခဲများအရည်ပျော်သွား သောအခါမှ ပေါ်ထွက်လာသည်။ ပေါက်ရောက်ပုံ သဘာ၀အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာဆေးကျမ်းများအလိုအရ ၎င်းဥသည်ခါးသည်၊ဆိမ့်သည်၊ အသက်ကို ရှည်စေနိုင်သော ဂုဏ်သတ္တိရှိ၏။ လူသားတို့အတွက် အရေးကြီးသော လေဓာတ်ကို အားပေး၏။ ယုတ်လျော့နေသော ကိုယ်ငွေ့အပူ ဓာတ်ကို ဖြစ်ထွန်း နိုင်ရန် များစွာ အထောက်အပံ့ ပြု၏။ အသုံးပြုပုံ- ဥ ၁။ မချစ်ဥ၍ ထူးခြားသော အစွမ်းသတ္တိရှိ၍ ယင်းကို မအို၊ မနာ၊ မသေဆေး ဟု ယူဆကြသည်။ ၂။ အနာပေါက်၊ ပန်းနာ၊ သွေးအားနည်းရောဂါ ၊ ချောင်းခြောက် အဆုတ်နာ၊ လေကျိတ်၊ သွေးကျိတ်၊အကြောနာ၊အဆစ်ကိုက် ၊ဆီးပူငုပ်၊ နာတာရှည်ဖျား စသော ရောဂါများ မကျရောက်နိုင်အောင် လည်းကောင်း၊ ပျောက်ကင်း ချမ်းသာစေရန်လည်းကောင်း အသုံးပြု၏။ ၃။ မချစ်ဥကို အမှုန့်ပြု၍ လိမ္မော်ခွံနှင့် ပြုတ်ပြီးသောက်ခြင်းဖြင့် ပန်းနာရောဂါ နူနာရောဂါများ ပျောက်ကင်းစေ၏။ ၄။ မချစ်ဥခြောက်အမှုန့်ကို ပျားရည်ပုလင်းကြီး တစ်ဝက်ခန့်နှင့်စိမ်ထားပြီး နေ့စဉ်နံနက် ည လက်ဖက်ရည်ဇွန်းတစ်ဇွန်းကျ စားသုံးပေးပါက ဒူလာရောဂါ ပျောက်ကင်း၍ အိပ်ပျော်စားဝင် အသက်ရှည်စေသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. The Plant List
  2. http://arogyamonline.com/commodity/materials/?raw=56[လင့်ခ်သေ]