မက်သရူးဖလစ်စတိန်း
မက်သရူးဖလစ်စတိန်း သည် ဝိပဿနာတရားပြဆရာတစ်ဦး ဖြစ်သည်။ ယခင်က စိတ်ရောဂါကုထုံးပညာရှင်ဖြစ်ပြီး ထေရဝါဒဗုဒ္ဓဘာသာရဟန်းတစ်ကြိမ် ခံယူခဲ့သည်။ မူလဆရာမှာ ရဟန်း Bhante Henpola Gunaratana ရဟန်း ဖြစ်သည်။
၁၉၈၂ ခုနှစ်တွင် ဖလစ်စတိန်းနှင့် Bhante Gunaratana သည် Bhavana အဖွဲ့နှင့် ဗာဂျီးနီးယားအနောက်ပိုင်းတွင် တရားစင်တာတစ်ခုကို ပူးတွဲကာ တည်ထောင်ခဲ့သည်။
၁၉၉၃ ခုနှစ်တွင် သူသည် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းဖြစ်သည့် ဖောရက်ဝေး (Forest Way) ကို တည်ထောင်ခဲ့သည်။ ဤအဖွဲ့အစည်းသည် စစ်မှန်သောကိုးကွယ်မှု တိုးတက်လာစေရန်အတွက် မြေထောင်မြှောက်ပေးရန်အတွက် အမျိုးမျိုးသော အခွင့်အလမ်းများကို အထောက်အပံ့ပေးသည်။ ထိုအဖွဲ့အစည်း၏ လမ်းညွှန်စည်းကမ်းတစ်ခုမှာ ကမ္ဘာပေါ်ရှိ ကိုးကွယ်ယုံကြည်မှုများအား ပေါင်းစည်းမှုအမြင်ကို ထောက်ပံ့ပေးရန် ဖြစ်သည်။
၂၀၀၇ ခုနှစ်တွင် ဖလစ်စတိန်းသည် ရည်မှန်းချက်ကြီးမားသည့်လမ်းကြောင်းတစ်ခုကို စတင်လျှောက်လှမ်းခဲ့သည်။ ၎င်းမှာ "With One Voice." ဟု အမည်ပေးထားသည့် ငြိမ်းချမ်းမှုနှင့် ကိုးကွယ်ယုံကြည်မှုကို ဖော်ပြထားသည့် မှတ်တမ်းရုပ်ရှင်ကို ပြုလုပ်ရန် ဖြစ်သည်။ မတူကွဲပြားသည့် တစ်ဆယ့်ငါးမျိုးသော ကိုးကွယ်ယုံကြည်မှုများမှ ဘာသာရေးခေါင်းဆောင်များနှင့် ပုဂ္ဂိုလ်များကို အင်တာဗျူးပြုလုပ်ကာ အားလုံးသော ကိုးကွယ်ယုံကြည်မှုများမှ ဘုံတူညီသည့်အမှန်တရားကို ရှာဖွေရန် ကြိုးစားထားခြင်း ဖြစ်သည်။ ၎င်းကို အသံလွှင့်တယ်လီဗွီးရှင်းနှင့် ဗီဒီယိုကို ကမ္ဘာတစ်ဝန်း ဖြန့်ဝေခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ရုပ်ရှင်ကို Canyon Productions, Inc နှင့် ပူးပေါင်းထုတ်ဝေခဲ့ကာ ဤရုပ်ရှင်သည် Bronze Telly ဆု နှစ်ခု ရရှိခဲ့သည်။
စာအုပ်များ
[ပြင်ဆင်ရန်]- Journey to the Center, Wisdom Publications 1998. ISBN 978-0-86171-141-3
- Swallowing the River Ganges, Wisdom Publications 2001. ISBN 978-0-86171-178-9
- The Meditator's Atlas, Wisdom Publications 2007. ISBN 978-0-86171-337-0
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- The Forest Way [၁] 24 April 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Flickstein article on the Impediments to the Practice of Insight Meditation [၂]
- The Bhavana Society [၃] 24 November 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- "With One Voice" documentary [၄] 1 December 2019 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .