မက်တီမိသားစု

ဝီကီပီးဒီးယား မှ
မက်တီမိသားစု
နိုင်ငံသား ချီလီ
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၈.၁ ဘီလျံ

မက်တီ မိသားစုသည် ချမ်းသာပြီး ဩဇာအာဏာရှိသော Catalan ဒေသခံ ချီလီမိသားစုကြီးတစ်ခုဖြစ်သည်။ Forbes မဂ္ဂဇင်းမှတ်တမ်းအရ ထိုမိသားစု၏ ကြွယ်ဝမှုပမာဏသည် (၂၀၀၇ ခုနှစ်တွင်) ၂၇၀၀ မီလျံဒေါ်လာရှိသည်။

မိသားစုအစ[ပြင်ဆင်ရန်]

မက်တီ မိသားစု၏ အရှိန်အဝါသည် ၁၉ ရာစုက Francisco Javier Matte နှင့် သူ့ဇနီးဖြစ်သူတို့ အထည်ဆိုင်ကြီးကို ဆန်တီယာဂို မြို့လည်တွင် ဖွင့်လှစ်ချိန်မှ စတင်ခဲ့သည်။ ၁၈၅၅ တွင် သူတို့၏ သားဖြစ်သူ (ကလေး ၁၆ ယောက်ဖခင်) ဒိုမင်ဂို က သူ့သား နှစ်ဦးဖြစ်သူ ဩဂတ်စတို၊ အီဒူရာဒို တို့နှင့်အတူ ဗယ်ပါရိုင်းဆို တွင် ဘဏ်တစ်ခုကို ဖွင့်လှစ်ခဲ့သည်။

ထင်ရှားသောမိသားစုဝင်များ[ပြင်ဆင်ရန်]

  • Claudio Matte: Matte သင်ရိုးညွှန်းတမ်းကို ရေးဆွဲခဲ့သူ ချီလီတက္ကသိုလ်၏ ပါမောက္ခချုပ်ဖြစ်ခဲ့သည်။
  • Augusto Matte: ရှေ့နေ၊ သံတမန်၊ လွှတ်တော်ကိုယ်စားလှယ်အမတ်ဖြစ်ပြီး ဘဏ္ဍာရေးဝန်ကြီးနှင့် တရားရေးဝန်ကြီး။
  • Luis Matte Larraín
  • Eugenio Matte Hurtado
  • Arturo Matte Alessandri
  • Luis Matte Valdés: Salvador Allende အောက်ရှိ ဝန်ကြီး
  • Eliodoro Matte Ossa: Compañía Manufacturera de Papeles y Cartones ၏ ပိုင်ရှင်ဖြစ်ပြီး သမ္မတ Allende ကို ကန့်ကွက်ခဲ့သူအဖြစ် ထင်ရှားသည်။
  • María Patricia Matte Larraín: မူလတန်းသင်ကြားမှုအဖွဲ့၏ဥက္ကဋ္ဌ၊ Santiago ရှိ ဆင်းရဲသားကလေးငယ်များအတွက် စာသင်ကျောင်းများစွာကို ပိုင်ဆိုင်သူ
  • Eliodoro Matte Larraín: ရှေးရိုးနှင့် လွှမ်းမိုးသော အတွေးများ၏ လေ့လာသင်ကြားမှုစင်တာ (Centro de Estudio Públicos, CEP)၏ ဥက္ကဋ္ဌ
  • Bernardo Matte Larraín
  • Magdalena Matte Lecaros: အိုးအိမ်နှင့်မြို့ပြတိုးတက်မှု ဝန်ကြီးဖြစ်ပြီး လွှတ်တော်အမတ် Hernan Larrain ၏ ဇနီး
  • María Olga Matte Lira: မင်းသမီး၊ စီးပွားရေးနှင့် နိုင်ငံရေးသမား Guillermo Larraín ၏ ဇနီး

အယ်လီယိုဒိုရို၊ ဘန်နာဒို နှင့် ပတ်ထရီရှာ မက်တီ[ပြင်ဆင်ရန်]

မွေးချင်းသုံးယောက်တို့သည် တယ်လီကွန်းတွင် ရှယ်ယာများ ပါဝင်သလို fortune အခြေခံတဲ့ သစ်တော နှင့် စာရွက်ထုတ်ဝေရေး လုပ်ငန်း၊ ဘဏ်နှင့် ရေကြောင်းကုန်သွယ်ရေး လုပ်ငန်းတို့တွင်လည်း ရှယ်ယာများ ပါဝင်ကြသည်။ အယ်လီယိုဒိုရို သည် သစ်ထုတ်လုပ်ရေး လုပ်ငန်းကြီးဖြစ်သော CMPC ၏ဥက္ကဋ္ဌ ဖြစ်သည်။ အကိုဖြစ်သူ ဘန်နာဒိုသည် Banco Bice ရှိ မိသားစု အမွေ ရှယ်ယာများကို ဥက္ကဋ္ဌ ကြီးကြပ်သူ နှင့် electric utility Colbun ဖြစ်သည်။ ညီမ ဖြစ်သူ ပတ်ထရီရှာ သည် ဆင်းရဲနွမ်းပါးခြင်းကဲ့သို့ လူထု ပေါ်လစီနှင့် စီးပွားရေး ခွဲခြမ်းစိတ်ဖြာသော ကိုယ်ပိုင် Think Tank တစ်ခုဖြစ်သော Instituto Libertad y Desarrollo ဘုတ်အဖွဲ့ မှ လူမှုဆက်ဆံရေးပညာရှင် ဖြစ်သည်။