ဘ​လက်​ဒင်၊ အော့​တို၊ ချားလ်၊ ဒေါက်​တာ

ဝီကီပီးဒီးယား မှ

ရှေးမွန်နှင့် ပျူပါရဂူတစ်ဦးဖြစ်သူ ဒိန်းမတ်လူမျိုး အင်္ဂလန်နိုင်ငံသား ဒေါက်တာ ချာလ်းအော့တိုဘလက်ဒင် (Dr. Charles Octo Blagden)(M.A.,D.Litt)သည် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့၌ ၁၈၆၄တွင် ဖွားမြင်ခဲ့သည်။ ၁၈⁠၈၈-မှစ၍ မလက္ကာ၊ စင်ကာပူ၊ ပီနန်မြို့များ၌ အုပ်ချုပ်ရေးမင်းကြီး၊ တရားသူကြီးအဖြစ် ဆောင်ရွက်စဉ် Willian W.Skeat နှင့် ပူးတွဲ၍ Pagan Races of Malay Peninsula အမည်ရှိ မနုဿဗေဒနှင့် ဘာသာဗေဒရှုထောင့်မှ စာအုပ်ကြီးနှစ်တွဲကို ၁၉၀၆-ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ကျန်းမာရေးကြောင့် ဝန်ထမ်းဘဝမှ အငြိမ်းစားယူကာ လန်ဒန်တက္ကသိုလ်သို့ ဝင်ရောက် ကတထကအဆင့်မှ ပါမောက္ခချုပ်အဆင့်သို့ တိုးမြှင်းခြင်းခံရသည်။ ၁၉၁၉ ခုမှစ၍ မွန်နှင့် ပျူကျောက်စာများကို လေ့လာပြီး Epigraphia Birmanica (မြနာ်မာကျောက်စာများ) အတွဲ (၁) မှ (၄)ထိ မွန်ကျောက်စာများကို မင်ကူး (Rubbings)ပေါ်တွင် ဖတ်ရှုပြီ အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့သည်။ ၎င်း၏ပြန်ဆိုချက်များကို ကျောက်စာဌာနမှ ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဘလက်ဒင်သည် မြန်မာနိုင်ငံသို့ မရောက်ဖူးသော်လည်း သုတေသနစာအုပ်ပေါင်းများစွာ ပြုစုထုတ်ဝေခဲ့သည်။ သူ့အား ရန်ကုန်တက္ကသိုလ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (D.Litt)ကို ချီးမြှင့်ခဲ့သည်။ ၁၉၄၈-ခုနှစ်တွင် လန်ဒန်မြို့၌ ကွယ်လွန်သည်။