ဘဲလ်စတာရိုစ်၊ ဆီဗ်

ဝီကီပီးဒီးယား မှ

ဥရောပတိုက်၏ ဂေါဖ့် စတားဆီဗ်ဘဲလ်စတာရိုစ်ကို ၁၉၅၇ ခုနှစ် ဧပြီလ ၉ ရက် နေ့တွင် စပိန်နိုင်ငံ ပတ်ဒရီနာမြို့၌ မွေးဖွားသည်။ ဆီဗ်သည် ဂေါက်သီးအားကစားကို ခုံမင်သောမိသားစုမှ ပေါက်ဖွားလာသူဖြစ်သည်။ ၎င်း၏ အစ်ကိုနှင့်ဦးလေး မှာ ကြေးစားဂေါက် သီး အားကစားသမားများဖြစ်ကြ သည်။ ဆီဗ်၏ ကစားပွဲများတွင် ဖန်တီးနိုင်စွမ်းရှိခြင်း၊ စိတ်ကူးစိတ်သန်းကောင်းခြင်းနှင့် ပါရမီထူးခြင်းတို့သည် ထူးခြားသည့် ဝိသေသများဖြစ်ကြသည်။ ဆီဗ်သည် ၁၉၇၄ ခုနှစ်မှစ၍ ဂေါဖ့်အားကစားကို စတင် လေ့လာ လိုက်စားခဲ့သည်။ ထိုနှစ်မှာပင် အသက် ၁၆ နှစ် အရွယ်ဖြင့် စပိန်ကြေးစားတံခွန်စိုက်ဆုရရှိသည်။ ၁၉၇၆ ခုနှစ်၊ အသက် ၁၉ နှစ်အရွယ်တွင် British Open ဂေါ့ဖ် ပြိုင်ပွဲ၌ ရိုက်ချက်လေးချက်ဖြင့် အနိုင်ရခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် ကျင်းပသော U.S.Opean မာစတာပြိုင်ပွဲ တွင် ရှုံးနိမ့်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ယူရိုပီယံ Ryder Cup အဖွဲ့တွင် U.S. PGA ပွဲစဉ်များ ကစားနိုင်ရန် အတွက် ဆန္ဒပြုခံရသည်။ ၁၉၈၀ ပြည့်လွန်နှစ်များတွင် Ryder Cup အသင်းတွင် ကြီးမားသော အောင်မြင်မှုများဖြင့် ဥရောပပွဲစဉ်များကို လွှမ်းမိုးထား ခဲ့သည်။ ၁၉၉၅ ခုနှစ် ဥရောပပွဲစဉ်သည်၎င်း၏နောက် ဆုံးအနိုင်ရသည့် ပွဲစဉ်ဖြစ်သည်။ ဆီဗ်သည် ၂၀၀၀ ပြည့်နှစ်တွင် ဥရောပ ရာစုနှစ် ကစားသမားနှင့် စပိန်နိုင်ငံ၏ ရာစုနှစ်အားကစား သမားအဖြစ် ရွေးချယ်ခံရသည်။ ၁၉၉၇ ခုနှစ်တွင် Ryder Cup အသင်း၏ ခေါင်းဆောင်ဖြစ်ပြီး World Golf Hall of Fame တွင်ပါဝင်သူဖြစ်သည်။ ၂၀၀၃ ခုနှစ်နောက်ပိုင်းတွင် ပြိုင်ပွဲဝင်ခြင်းကို တဖြည်း ဖြည်းရပ်နားလာခဲ့ရာ ၂၀၀၇ ခုနှစ် Champions Tour ပြိုင်ပွဲကို နောက်ဆုံးပြိုင်ခဲ့သည်။ ဥရောပပွဲစဉ် ၅၀ ကျော်ကို ယှဉ်ပြိုင်ခဲ့သူ ဆီဗ်ဘဲလ်စတာရိုစ်သည် ၂၀၀၈ ခုနှစ် နောက်ပိုင်းတွင် ဦးနှောက်အကျိတ်ရောင်ရောဂါဖြစ်ပွားခဲ့ပြီး အကြိမ်များ စွာ ခွဲစိတ်ကုသမှုခံယူခဲ့သော်လည်း ၂၀၁၁ ခုနှစ် မေလ ၇ ရက်၊ အသက် ၅၄ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၂)