ဘေဘီလုံ

ဝီကီပီးဒီးယား မှ
ဘေဘီလုံ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  အီရတ်
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iii,vi
ကိုးကား ၂၇၈
ဒေသ** အာရပ်နိုင်ငံများ
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၂၀၁၉  (၄၃ကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ဘေဘီလုံ သည် ရှေးခေတ်ကမ္ဘာ၏ ဩဇာအရှိဆုံး ဧကရာဇ်အချို့ အုပ်ချုပ်ခဲ့သည့် ရှေးဟောင်းမြို့ဖြစ်သည်။ ၎င်းသည် ဘေဘီလုံ အင်ပါယာ ၏မြို့တော်ဖြစ်ပြီး ၎င်းသည် ကူးသန်းရောင်းဝယ်ရေး၊ အနုပညာနှင့် သင်ယူမှု ဆိုင်ရာ ဗဟိုချက်အဖြစ် သတ်မှတ်ခံထားရပြီး ကမ္ဘာပေါ်တွင် အကြီးဆုံးအစောပိုင်းမြို့ ဖြစ်မည်ဟု ခန့်မှန်းရပြီး လူဦးရေ ၂၀၀,၀၀ အထက်သို့ ပထမဆုံးရောက်ရှိသည့် မြို့လည်းဖြစ်သည်။ [၁]

လက်ရှိတွင် ၎င်းသည် ရှေးဟောင်းသုတေသနနယ်မြေတစ်ခုဖြစ်ပြီး ရှေးဟောင်းသုတေသန နယ်နိမိတ်အတွင်း လူဦးရေ ထောင်ဂဏန်း နှင့် ကျေးရွာအနည်းငယ်သာရှိသော်လည်း မကြာသေးမီ နှစ်များအတွင်းက ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးမြင့်လာပြီး အချို့မှာ အပျက်အစီးများ အပေါ်သို့ ကျူးကျော် ဝင်ရောက်လာခြင်းဖြစ်သည်။ [၂] [၃] [၄] ရှေးဟောင်းသုတေသနနေရာသည် ယနေ့ခေတ် အီရတ်နိုင်ငံ ဘာဘေး အုပ်ချုပ်ရေးဒေသ ဟီလာရှိ ဘဂ္ဂဒက်မြို့ နှင့် ၈၅ ကီလိုမီတာ (၅၃ မိုင်) ခန့်အကွာတွင် တည်ရှိပြီး ၎င်း၏ နယ်နိမိတ်များသည် ဧရိယာ ၁၀၅၄.၃ ဟက်တာခန့်ရှိသော ရှေးဟောင်း အပြင်မြို့ရိုးများ၏ ပတ်ဝန်းကျင်ကို အခြေခံထားသည်။ [၅] ဘေဘီလုံ ကို ယူနက်စကို မှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် စာရင်းသွင်းထားပြီး နှစ်စဉ် ထောင်နှင့်ချီသော ဧည့်သည်များ လာရောက် လည်ပတ်ကြပြီး အားလုံးနီးပါးမှာ အီရတ်လူမျိုးများ ဖြစ်သည်။ [၆] [၇]

ကိုးကား[ပြင်ဆင်ရန်]

  1. Tertius Chandler.
  2. Bringing Babylon back from the dead - CNN Video
  3. "In Beleaguered Babylon, Doing Battle Against Time, Water and Modern Civilization"။ 
  4. Management Plan of Babylon
  5. Babylon World Heritage Nomination Text
  6. 'It Was Like Magic': Iraqis Visit Babylon And Other Heritage Sites For 1st Time
  7. Ancient city of Babylon heads list of new Unesco world heritage sites