ဘူဒိုဇာ

ဝီကီပီးဒီးယား မှ
ကက်တာပီလာမှ ဒီ၁၀အင်န် ဘူဒိုဇာ

ဘူဒိုဇာဆိုသည်မှာ ဘီးများဖြင့် မဟုတ်ဘဲ သံခါးပတ်များဖြင့် မောင်းနှင်သော ယာဉ်တစ်မျိုး ဖြစ်ပြီး ဘလိတ်ဒ်ဟုခေါ်သော ဂေါ်ပြား အကြီးကြီးတစ်ခုကို တပ်ဆင်ထားသည်။ ထိုဂေါ်ပြားမှာ ဆောက်လုပ်ရေး လုပ်ငန်းများ အတွင်း မြေကြီး၊ သဲ၊ အပျက်အစီး အစုအပုံများကို ထိုးကော်နိုင်ရန် ဖြစ်သည်။ အနောက်ဘက်တွင်မူ ရစ်ပ်ပါဟု ခေါ်သော ကလော်နှင့် တူသော ကိရိယာတပ်ဆင်ထားလေ့ရှိကာ သိပ်သည်းနေသော ပစ္စည်းများကို ဖွရန် အတွက် ဖြစ်သည်။ တစ်ခါတရံတွင် မြေတူးစက်၊ မြေသယ်စက် စသည်တို့ကို ဘူဒိုဇာဟု လွဲမှားစွာ ခေါ်ဆိုလေ့ ရှိကြသော်လည်း ပုံမှန်အားဖြင့် ကော်တပ်ဆင်ထားသော သံခါးပတ်တပ် ယာဉ်ကိုသာလျှင် ရည်ညွှန်းခေါ်ဆိုခြင်း ဖြစ်ပေသည်။