ဘုံပျံနေနန်း၊ ပတ်ပျိုး

ဝီကီပီးဒီးယား မှ

ဘုံပျံနေနန်း ပတ်ပျိုးကြီး (ဂီတဝိသောဓနီမူ)

ဘုံပျံနေနန်း။ ပြင်ခန်းစံမွေ့။ လျှံငွေ့နှင်းစီစီ။ ခွာပြာညိုလဲ့လန်း။ ငုံမြန်းကြဖူးတန်ချီ။ ရေီဝေဝ၊ တိမ်ခြမြေလွှာ။ မှုံမှုံငွေနှင်း။ လေသွင်းစ ရာသီမှာ။ တောင်တောငယ်တည့်ဘွယ်ရာ။ ဖြူပြာလေ။ မာလာလေ။ ဂန္ဓာကြိုင်သင်း။ ဂမုံးအင်း။ သဇင်ပင်မြင့်မင်းနှင့်လေ။ ညိုစိမ်းဝှန်။ ညာပြွန်ရေကဆင်းလို့လေး။ ဟင်္သာလေသောင်တင်း။ ပိန်ညှင်းနှင့်ဇင်ရော်။ မြစ်မှာလေတခန်း။ ရွှင်လန်းကြ မြူးစံပျော်။ ဘော်ရွေပေါင်းယဉ်မောင်နှင့်မယ်။ ပြာပြာရောင်လင်း။ သောင်ခင်းနုငွေလျှံဝယ်။ ရှုတိုင်းငယ်တည့်လွမ်းဘွယ်။ ခါရွယ်၊ သာနယ်။ ညာဘယ်ရစ်ဝိုင်း။ ပြာရိပ်မှိန်။ ဖလ်ရှိန်ညိုလဲ့မှိုင်းလို့လေ။ ရွာအံ့စွေ။ တိမ်ခြမြေနှယ်ဆိုင်းလို့လေး။ အို-ရှုတိုင်းထွေလှတယ်။ ရွှေသဲဆွတ်လွတ်ဘွယ်။ သွယ်သွယ်ရွေရံဝန်းလို့လို့။ ညွှန်းမပြေလို့။ နေခက်အောင်ကိုသာ။ နတ်ကယ်ဘယ်နယ်။ ဘန်လာရေး။ ရွှေညဉ့်လွှာရုံ။ ခြုံလဲချမ်းဝန့်လေး။ ထွေဝမှိုင်ကာ။ ခွေခွေယိုင်ခါ။ ယွန်းရွှေသဉ္ဇာ။ အုံးမှာဆွေး။ တမ်းယောင်။ ဘယ်ဆောင်ဘယ်မှာ။ ဘုန်းမဲ့ကေသာ။ ဗွေစံရာ။ သော်တာပေါ်လာ ရောင်ယှက်ဖြာကွန့်။ စကြာစုံစုံရွှေ။ သေီဝမျှော်ကာဖြာယှက်ရောင်ဝှန့်။ သာလွန်ပူမြဲပန်းလှမ်းနိုင်။ မှိုင်ရောင်တွေဝ။ တမ်းလို့လွမ်းဘွယ်စေ။ ဘုန်းေဝ။ တဝမ်းနဲ။ အချမ်းသဲ။ မြပုလဲကြာရံလယ်။ တဝမ်းနဲ။ အချမ်းသဲ။ မြပုလဲကြာရံလယ်။ ဘုန်းဘုန်းရင်းနေနွယ်။ ကျွန်းကျွန်းသိမ်းမြန်း-ပိုင်။ နိုင်နိုင်ငံစိုး။ ဖြိုးဖြိုးရီဝမြေိုင်။ လန်းလန်းဆယ်ခိုင်ပန်း။ သိန်း-သန်းရောငေ်ဝ။ ထောင်နေဝင်းလျှံ။ နတ်နန်းဆယ်ခိုင်ပန်း။ ရွေဝန်းခညောင်း။ ဘယ်စံလယ် မောင်မယ်မျှော်လို့။ သွေယိမ်းမြန်း။ ငွေနှင်းတဖြန်းဖြန်း။ အဆန်းဆန်း။ လေညှင်းတဖြန်းဖြန်း။ လွမ်းလွမ်းသာမှိုင်။ ဖြေလဲဖြေပါနိုင်။ ဝမြေိုင်ဘွေဆိုင် ခွေယိုင်တွေမှိုင်။ သင်းသင်းကြိုင်ကြိုင်။ ကေခို်င်နွမ်းရည်။ စိမ်းလဲပီပီစိမ်း။ ပြောင်းနွဲ့ခွေယောင်။ စံဆောင်လကျာ်။ နှင်းရောမလ္လာပိန်း။ စံမြဲကြော့လမ်း။ ကြာရံယဉ်လယ်ကသာ။ သွေးနူးရှိန်။ ပူမြဲ-မှန်းမတိမ်း။ ဆူသဲလွမ်းမငြိမ်း။ သန်းယိမ်းလွန်လဲပျော်လို။ မှိုင်းမှိုင်းမြ။ေဝေဝတဲ့ညိုညို။ ပျော်ဘဲပျော်လဲပျော်လို။ သက်ကယ်ဖိုဖို။ ငိုခင်းပြောင်း။ မြမြမောင်းမောင်း။ ပြာအညိုရွှေ။ တိမ်ခြေငွေနှင်းပေါင်း။ေဝစီစီ။ လပြေည်လေညှင်း။ လုံနိုင်အောင်သာ။ လောင်းပြန်တော့လှာလေလေ့။ ပြောင်းရိုက်ကယ်ဆော်ကာသာ။ အုံးရွှေသဉ္ဇာ ယွန်းမော်ကြာရံလယ်။ ညှိုးညှိုးငယ်ငယ်။ သေများသေချင်ဘွယ်။ ဘုန်းကြွယ်ကြွယ် ဘန်ဘဲအား။ေဝယန်လယ်။ စံပယ်မြနှယ်လေ။ ရတစေ။ နေလွန်းညား။ ပူသူများပူရော့မယ်လေလေ့။ မေ့ရက်ကယ်နေနိုင်တယ်။ သဇင်ခယား စကားစမ္ပါယ်။ စမ္ဖီရွှေသွယ်။ ဝတ်မှုံပျံ့လှယ်မွှေး။ လေပြေတသွေးသွေး။ စုံမြိုင်ခြေကျေးက ပန်းသာထွေ။ ဆောင်ယွန်းယိုင်ဘွေ။ လေဝန်းရစ်ခါခွေ။ ရွက်ရော်ကြွေ နွေမူးမူး။ မိန်ရာသီ-ခါမှီလသာခေါင်။ မြလွှာမှောင်တောင်ခိုးမြူး။ ရွှေဖီဖူး။ ပေါ်ရော့မယ်လေလေ့။ မေ့ရက်ကယ်နေနိုင်တယ်။ ညှိုးငယ်ခွေယိမ်းမြန်း။ ပူပုံပန်းရွှေပင်လယ်။ အိုကြာနှယ်ကွာရေဝး။ မြင်လာပါဘဲဆွေး။ တွေးကြံနိုင်အောင်။ ရီမှိုင်းမြောက်တောင်။ ညှင်းသာလေဆောင်။ ဖလ်ရောင်မလန်း။ အာကာယံ။ တောင်တော။ သာလေနွေဘွဲ့ဆန်း။ ငှက်သံညံစီစီ။ ပင်ညီဝေ။ ရွှေဖီခိုင်ညှာလန်း။ မြမြမြန်းမြန်း။ ငုံပြေပြေ။ မြိုင်လုံးလွန်းဘွယ်ထွေ။ ညှာခြေဝင်းလှလှ။ တောင်တောငယ်တခို။ ရှုတိုင်းငယ်စို။ ညိုစိမ်းမြမြ။ ဝါရွှေငယ်ဆန်း။ ပင်နန်းငယ်သာထွေ။ ရော်ရွက်ကယ်ကြွေ။ နွေသွင်းစစ။ ရွှေလရောင်ညီ။ ဘရဂုဏ္ဏီနှင့်။ ယှဉ်မှီထွန်းလှာ။ ပြန်တော့မယ်။ စုံသာမြိုင်လယ်။ လွမ်းဘွဲ့တခန်း။ ယဉ်ပေုံဝ။ ထွေဆန်းလှလေ။ ရော်မြန်းရွက်ကြင်။ ညိုလွင်လဲ့မောင်းပြေပြေ။ သာသာလေညှင်းဆော်လှုံ့။ မြူးလာယှက်သန်း။ ကျံကျံရွှေငုံပန်းမှုံနံ့ကြိုင်လန်းလန်း။ ဖလ်နန်းစကြာလဲ့မှိန်။ တိမ်ကတင့်ရဲ။ ဆင်လို့အနဲနဲ။ ကွဲကြေကြွေ ဆွေးလှုလှုဘွယ်။ တပင်ပျံလယ်။ မြေယံဝယ်။ ရွှေရင်ဘောင်လယ်။ ဖိုမမောင်မယ်။ ကျူးတယ်ခေါ်သံသားနှင့်လေ။ ကိုယ်လုံးမြစေ။ သိုက်ရွှေညံ့နန်းလယ်မှာ။ ပန်းလွှာရည်ရေး။ နီလာသွေး။ မြူးပျော်ကာကြွေးဘော်ညီဝေး။ လှမ်းခြေယူနှေး။ ပူဝန်လေး။ ကျေးငှက်ကယ်။ ညာဘယ်တောင်နှင့်။ တောတောတောငယ်မှာ။ လွမ်းရန်သွယ်သွယ်။ ဆင့်အောင်ရင့်ရူ။ ကူးလို့တခန်း။ မြူးကြအဆန်းဆန်း။ စုံသာမြိုင်နန်း။ ဝေလဲ့စီစီ။ မင်းလွင်ကချီ။ နွေရာသီကြိုင်လှိုင်လန်း။ ညှင်းလေကဖြန်း။ ရွှေလျှံငုံမြန်း။ ကြွေလုညှာခိုင်။ ပန်းမှုံနံ့လှိုင်တယ်လေ။ ဘုန်းပင်တိုင်ငယ်။ မြင်စမ်းပါလှဲ့အုံး။ ဘုန်းပင်တိုင်ငယ်မြင်စမ်းပါလှဲ့။ အုံးညံညံ။ လွမ်းရန်မြိုင်နန်းလုံး။ ညိုမြလွှာရောင်။ ရီမှိုင်းဝေဆာမှောင်။ တောတောင်ငယ်သာခန်း။ ပျော်ဘွယ်ထွေပါလှတယ်။ ပြာခြေဝါရွှေလျှံမောင်း။ ညာကြေသာလပြေန်ညောင်း။ ရွာလှုဟန်လို။ နေနန်းတိမ်ခိုခို။

(သဖြန်)။ ဘာပြုမဲ့မာန်ညို။ မိုဃ်းညိုတိမ်ကြီးငယ်။ ဆီးလို့လေ။ ေဝစီစီ။ ရွှေဖီညှာညွတ်ကယ် ပန်းဝတ်ကသင်း။ အာကာယံ။ မြလျှံညိုလဲ့။ ဆိုင်းလို့လေ။ မြိုင်ရဂုံ။ မှုံမှုံသန်ကြွင်းငယ်။ လွမ်းလေကညှင်း။ [၁]


ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

ဘုံပျံနေနန်း MP3 Archived 5 March 2016 at the Wayback Machine.

ကိုးကား[ပြင်ဆင်ရန်]

  1. ဘုံပျံနေနန်း။ ၁၁ ၊ ၂၀၁၂ တွင် ပြန်စစ်ပြီး။ဧပြီ ၂၀၁၂ တွင် ပြန်စစ်ပြီး။