ဘုံဆောင်မြင့်
ပုံပန်းသွင်ပြင်
ဘောင်လားကြိုး
ရေးသူ
[ပြင်ဆင်ရန်]မြဝတီမင်းကြီး ဦးစ
ဘုံဆောင်မြင့်
[ပြင်ဆင်ရန်]ဘုံဆောင်မြင့်။ စိန်ကြောင်ဖလ်ရှိန်လေ။ ညီးလို့လင်းလင်း။ ။
ကြွားကြွား မိုးဖျား။ သီခေါင်လေ ရီမှောင်လေ ဝေးရရှင်းရှင်း။ ။
ကိုးမျက်မြွာငယ်လေ။ စိုးစကြာငယ်လေ။ လောကလောင်းမင်း။ ။
ဘုန်းတေဇာငယ်လေ။ နှုန်းနေဖြာတယ်လေ။ ထွန်းပဝင်းဝင်း။ ။
ရေနန်းဗိမာန်ငယ်လေ။ ထူးလှ ကောင်းခြင်း။ ။
ရွှန်းရွှန်းလန်းလို့။ လျှပ်ပန်း လျှပ်ပန်း။ ထွေးပင်သာ ထွေးလှသောင်းတွင်း။ ။
သီဟာရွှေဗွေခင်းမှာတဲ့။ ရွေတဲ့ရွေညီလာ။ ။
ယာဉ်ဧရာ။ ကြယ်ရံကာ။ သော်တာတွားသို့လေ။ ။
ပြာချေမှောင်။ ခွါသွေရှောင်။ ရွှေဘောင်လားကွန့်လေး။ ။
ယာဉ်ဧရာ။ ကြယ်ရံကာ။ သော်တာတွားသို့လေ။ ။
ပြာချေမှောင်။ ခွါသွေရှောင်။ ရွှေဘောင်လားကွန့်။ များ လှေ ရံလေလေတည့်။ များလှေရံ။
ကျေးဇူးတင်ပါသည်
[ပြင်ဆင်ရန်]ပြုစုထိန်းသိမ်းပေးထားသော ဂီတဝိသောဓနီ face book group အား ကျေးဇူးအထူးတင်ပါသည်။ https://www.facebook.com/groups/GitaWinThawDaNi/