ဘုရူလက်ကန်
ဘုရူလက်ကန် | |
---|---|
၁၉ ရာစုအစောပိုင်းကာလ ဘုရူလက်ကန်၏ မြေပုံ | |
ကိုဩဒိနိတ် | 31°29′N 30°52′E / 31.483°N 30.867°Eကိုဩဒိနိတ်: 31°29′N 30°52′E / 31.483°N 30.867°E |
အကျယ်ဆုံး အလျား | c. ၅၄ km (၃၄ mi)[၁] |
အကျယ်ဆုံး အနံ | ၆–၂၁ km (၃.၇–၁၃.၀ mi)[၁] |
မျက်နှာပြင် ဧရိယာ | ၄၆,၂၀၀ ha (၁၁၄,၀၀၀ ဧက) |
ပျမ်းမျှအနက် | ၇၅–၁၀၀ cm (၃၀–၃၉ in)[၁] |
ရွေးချယ်ခြင်း | 9 September 1988 |
ရည်ညွှန်းနံပါတ် | 408[၂] |
ဘုရူလက်ကန် (အာရပ်: بحيرة البرلس, ရောမအက္ခရာ: Buḥayrat al-Burullus; ဂရိ: λίμνη Σεβεννυτική, translit. limnē Sebennytikē)[၃] သည် အီဂျစ်နိုင်ငံ၊ နိုင်းမြစ်ဝှမ်းဒေတွင် တည်ရှိသည့်ကန်တစ်ခု ဖြစ်သည်။ ၎င်းကန်၏ အမည်သည် ဘုရူလက်မြို့၏ အမည်မှ ဆင်းသက်ဖြစ်ပေါ်လာသည်။ ကန်သည် ရိုဆက်တာဆိပ်ကမ်းမြို့၏ အရှေ့ဘက် Kafr El Sheikh တွင် တည်ရှိသည်။ ၎င်းကန်သည် Mediterranean ပင်လယ်နှင့် မြောက်ဘက်တွင် ထိစပ်တည်ရှိနေကာ တောင်ဘက်တွင် စိုက်ပျိုးနယ်မြေ တည်ရှိသည်။[၄]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]အစ္စလာမ်ခေတ်ကာအစောပိုင်းတွင် ကန်၏ အဝအနီးအနားတွင် ဘုရူလက်ဆိပ်ကမ်းသည် တည်ရှိသည်။ ထိုကန်၏ အဝမှတစ်ဆင့် မြောင်းငယ်တစ်ခုဖြင့် ပင်လယ်သို့ ချိတ်ဆက်တည်ရှိသည်။ ဘုရူလက်ဆိပ်ကမ်းသည် နိုင်းမြစ်ဝှမ်းကမ်းရိုးတန်းဒေသရှိ နေထိုင်သူများအတွက် ရှေ့တန်းကာကွယ်ရေးနေရာတစ်ခုအဖြစ် လုပ်ဆောင်ပေးသည်။ ကန်မှတစ်ဆင့် နိုင်းမြစ်၏ ရိုဆက်တာကမ်းခြေသို့ တူးမြောင်းဖြင့် ချိတ်ဆက်ထားသည်။[၅]
ပထဝီသွင်ပြင်
[ပြင်ဆင်ရန်][[File:Escapism.webm|thumb|left|ဘုရူလက်ကန်ရှိ ကျွန်းငယ်တစ်ခု] ကန်နှင့် ပင်လယ်ကို မြေကမ်းမြောင်တစ်ခုဖြင့် ပိုင်းခြားထားပြီး ထိုမြေနေရာသည် အကျယ်အားဖြင့် ခန့်မှန်းခြေ ၅.၅ ကီလိုမီတာ (၃.၄ မိုင်) ရှိသည်။ ၎င်းနေရာသည် မြေထဲပင်လယ်ကို ဘုရူလက်ထွက်ပေါက်မှတစ်ဆင့် ချိတ်ဆက်ထားသည်။ ဘုရူလက်ထွက်ပေါက်သည် ချောင်းတစ်ခုဖြစ်ကာ ၎င်းသည် ၂၅၀ မီတာခန့် (၈၂၀ ပေ) ကျယ်ပြီး အနက် ၅ မီတာ (၁၆ ပေ) ရှိသည်။ ကန်တွင် ကျွန်းပေါင်း ၅၀ ခန့်ရှိပြီး စုစုပေါင်းဧရိယာအားဖြင့် ၀.၇ စတုရန်းကီလိုမီတာ (၀.၂၇ စတုရန်းမိုင်) ရှိသည်။ ကန်၏ မြောက်ဘက်ကမ်းခြေသည် ဆားစိမ့်မြေနှင့် ရွှံ့မြေဖြစ်ကာ တောင်ဘက်ကမ်းခြေသည် ကိုင်းတောထူထပ်သည်။ ကန်ရှိ ထင်ရှားသည့် အသီးအရွက်မှာ Potamogeton ဖြစ်သည်။[၁]
ရေစွမ်းအားဆိုင်ရာ
[ပြင်ဆင်ရန်]ကန်သည် ပတ်ဝန်းကျင်ရှိ စိုက်ပျိုးမြေများနှင့် ဘရမ်ဘယ်တူးမြောင်း (Brembal) တို့မှတစ်ဆင့် ရေများကို ရရှိသည်။ ၎င်းကို ပတ်ဝန်းကျင်ရှိ မြေနေရာများကို ကန်အဖြစ် သတ်မှတ်ထားပြီး ရမ်ဆာကွန်းရှင်းအရလည်း ငှက်များအတွက် နိုင်ငံတကာဆိုင်ရာအရေးပါသည့် စိုစွတ်မြေအဖြစ်လည်း သတ်မှတ်ထားသည်။ စိုက်ပျိုးမြေမှ ရေများသည် ပမာဏအားဖြင့် ၉၇ ရာခိုင်နှုန်း ကန်အတွင်းသို့ စီးဝင်လျက်ရှိသည်။ တစ်နှစ်လျှင် ၃.၉ ဘီလီယံကုဗမီတာ ဖြစ်သည်။ မိုးရေစီးဝင်မှုသည် ၂ ရာခိုင်နှုန်း၊ မြေအောက်ရေသည် ၁ ရာခိုင်နှုန်းဖြစ်သည်။ ကန်ရေ၏ ၁၆ ရာခိုင်နှုန်းသည် အငွေ့ပျံသွားကာ ၈၄ ရာခိုင်နှုန်းသည် ပင်လယ်ထဲသို့ စီးဝင်သည်။[၁]
တောရိုင်းတိရစ္ဆာန်များ
[ပြင်ဆင်ရန်]အီဂျစ်ပတ်ဝန်းကျင်ဆိုင်ရာအေဂျင်စီ၏ ဇီဝင်သက်ရှိဆိုင်ရာထုတ်ပြန်ချက်အရ ကန်တွင် ငါးမျိုးစိတ် ၃၃ မျိုး၊ တွားသွားသတ္တဝါ ၂၃ မျိုး၊ ငှက်မျိုးစိတ် ၁၁၂ မျိုး၊ နို့တိုက်သတ္တဝါ ၁၈ မျိုးသည် ကန်ထဲနှင့် ကန်၏ ပတ်ဝန်းကျင်တွင် နေထိုင်ကြသည်။ ၂၀ ရာစုအစပိုင်းမှ စတင်ကာ ကန်အတွင်းရှိ ငါးမျိုးစိတ်၏ အရေအတွက်သည် ကျဆင်းသွားကာ မျိုးစိတ် ၅၂ ခုသာ ရှိတော့သည်။ ထိုသို့ ကျဆင်းသွားရခြင်းမှာ များသောအားဖြင့် စိုက်ပျိုးမြေမှစီးဝင်လာသည့် ရေများတွင် ဆားပျော်ဝင်မှုပမာဏ နည်းနေသည့်အတွက် ဖြစ်သည်။[၆]
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- ။ New International Encyclopedia။ 1905။
- Ministry of Environment Egyptian Environmental Affairs Agency - Natural Protectorates Description Archived 29 August 2019 at the Wayback Machine.
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ Finkl၊ Charles W.; Makowski၊ Christopher (2017)။ Coastal Wetlands: Alteration and Remediation။ Springer။ p. 418။ ISBN 9783319561790။
- ↑ Bahía de Samborombón။ 25 April 2018 တွင် ပြန်စစ်ပြီး။
- ↑ Smith၊ William, ed. (1857)။ "Sebennytus"။ Dictionary of Greek and Roman Geography။ 2။ London: John Murray။ p. 946။
- ↑ Pauline Todry။ 21- أسماء بعض البلاد المصرية بالقبطية (in arabic)။
- ↑ Cooper၊ John (2014)။ The Medieval Nile: Route, Navigation, and Landscape in Islamic Egypt။ The American University in Cairo Press။ pp. 72–73။ ISBN 9789774166143။
- ↑ Egyptian Environmental Affairs Agency:Egypt State of the Environment Report 2007 Archived 17 May 2017 at the Wayback Machine., Chapter on Biodiversity, 2008, accessed on November 8, 2009