ဘုရားလောင်း၏ ဆရာ ၅-ယောက်

ဝီကီပီးဒီးယား မှ

ဘုရားလောင်း၏ ဆရာ ၅-ယောက်[ပြင်ဆင်ရန်]

(၁) ဖွားတော်မူစက လက္ခဏာ ဖတ်ပေးသော ပုဏ္ဏား (၈)ယောက် ၊ (ထိုသူတို့က လောကကို ဘုရားလောင်း ရောက်ရောက်ခြင်း လူတွေဝမ်းသာ တက်ကြွသွားအောင် နိမိတ်ဖတ်ပေး၍ ချမ်းသာခြင်းကိုဖြစ်စေသူ ဆရာများ)
(၂) မင်းသားဘ၀တွင် ခမည်းတော် ခိုင်း၍ သဒ္ဒါကျမ်း ၊ ဗာကရိုဏ်းကျမ်း ၊ ဆဋ္ဌင်္ဂကျမ်းများ သင်ပေးသော သဗ္ဗမိတ္တ ပုဏ္ဏား၊
(၃) နိမိတ်ပြ နတ်သား၊ (ဘုရားလောင်းအား သူအို၊သူနာ၊သူသေ ၊ရဟန်း နိမိတ် (၄)ပါးကို မြင်အောင်ပြသော နတ်သား)
(၄) အာကိဉ္စညာယတနဈာန်ကို သင်ကြားပေးသော အာဠာရ ရသေ့၊
(၅) နေ၀သညာ နာသညာယတနဈာန်ရဲ့ ပရိကံကို ကြားစေသော ဥဒကရသေ့၊ (သူက ကိုယ်တိုင်တတ်ပြီး သင်ပေးခြင်း မဟုတ်၊ ဆရာရာမ ဆီမှ သူကြားဖူးသော နည်းကို ပြောပြခြင်းဖြစ်သည်။ ဘုရားလောင်းသည် ကိုယ့်တိုင် ကျင့်ပြီး ဈာန်ကိုရသည်။)[၁]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. ဗုဒ္ဓဘာသာကောင်း တစ်ယောက်