ဘီအေအေဘောလုံးကွင်း

ဝီကီပီးဒီးယား မှ
BAA Ground
တည်နေရာRangoon, Burma
တည်ထောင်1927 (first recorded match)
As of 8 October 2011
Source: Ground profile

ဘီအေအေဘောလုံးကွင်း (Burma Athletic Association Ground) သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် တည်ရှိသည့် ခရစ်ကတ်အားကစားကွင်းတစ်ခု ြဖစ်သည်။ ၁၉၂၇ ခုနှစ်တွင် ဤအားကစားကွင်း၌ ပထမဆုံးပြိုင်ပွဲကို ကျင်းပခဲ့သည်။ မြန်မာအသင်းသည် ပထမတန်းအဆင့်ပြိုင်ပွဲတွင် Marylebone ခရစ်ကတ်အသင်းကို ယှဉ်ပြိုင်ကစားခဲ့သည်။ [၁]ပွဲပြီးရလဒ်တွင် မြန်မာအသင်းသည် အကြီးအကျယ်ရှုံးနိမ့်ခဲ့သည်။[၂] ထိုအချိန်က မြန်မာနိုင်ငံခရစ်ကတ်အားကစားလောကကို ဗြိတိသျှတာဝန်ရှိသူများက ဝင်ရောက်ကစားခဲ့ကြပြီး ထိုအချိန်သည် မြန်မာနိုင်ငံမှာ ဗြိတိသျှအိန္ဒိယ၏ လက်အောက်ခံဘဝ ဖြစ်သည်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရလာသည့်အခါတွင် ဤဘီအေအေ ကစားကွင်းကို ဖျက်သိမ်းကာ ဗိုလ်ချုပ်အောင်ဆန်းအားကစားကွင်းအဖြစ် အမည်ပြောင်းလဲခဲ့သည်။[၃]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. First-Class Matches played on BAA Ground, Rangoon။ CricketArchive။ 8 October 2011 တွင် ပြန်စစ်ပြီး။
  2. Burma v Marylebone Cricket Club, 1926/27။ CricketArchive။ 8 October 2011 တွင် ပြန်စစ်ပြီး။
  3. မြန်မာ့ ပြေးခုန်ပစ် ဆီးဂိမ်းမှာ ဟန်ပါ့မလား။ Irrawady News။