ဘီလူးစီးခံရခြင်း

ဝီကီပီးဒီးယား မှ

Night terrors ဘီလူးစီးခံရခြင်းသည် Nightmares အိပ်မက်ဆိုးနှင့် မတူပါ။ အိပ်မက်ထဲမှာ ပါတာတွေက တစ်ယောက်နှင့် တစ်ယောက်မတူကြပါ။ အကျဉ်းအကြပ်တစ်ခုကနေ လွန်မြောက်အောင် အင်နဲ့အားနဲ့ ရုန်းကန်ကြိုးပမ်းတာမျိုး ဖြစ်ကြသည်။ အမြင့်ကနေ ကျမှာကို ထိန်းမရနိုင်တာမျိုး။ အန္တရာယ်ကနေ ကျော်လွှားရတာမျိုး စတာတွေပါဝင်သည်။ ဘဝမှာ ကြီးမားသောမတော်တဆမှု ကြုံဘူးတာကို မက်တာမျိုးလည်းရှိသည်။ ဘယ်လိုဟာတွေပဲ မက်မက် ကြောက်စရာသာ ဖြစ်သည်။

အိပ်ခြင်းအဆင့်ထဲက အိပ်မက်မက်သည့် Rapid eye movement (REM) အဆင့်မှာ အများဆုံးဖြစ်တတ်ကြသည်။ များသောအားဖြင့် ညဦးပိုင်း အိပ်ပျော်ပြီးအချိန်အတွင်း ဖြစ်တတ်ကြသည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတုံးမှာ ဖြစ်သည်။ အိပ်စက်ခြင်းတစ်ခု၏ ပဌမ ၃ ပုံ ၁ ပုံတွင် အဖြစ်များသည်။ သုတေသနတစ်ခုအရ သန်းခေါင်နှင့် သန်းခေါင်ကျော် ၂ နာရီကြား အဖြစ်များသည်။ မက်နေချိန် ၁ဝ မိနစ်ကနေ ၂ဝ မိနစ်အထိကြာတတ်သည်။

ယောက်ျားလေး ၅-၇ နှစ် အဖြစ်များဆုံး။ ၃-၇ နှစ် ယောက်ျားလေး၊ မိန်းကလေး ဆတူဖြစ်သည်။ ၁၂ နှစ်အထိ အဖြစ်နည်းလာသည်။ လူကြီး ၂.၂% နှင့် ကလေး ၆.၅% မှာ ဖြစ်သည်ဟု တွေ့ရှိသော သုတေသန တစ်ခုက ဆိုသည်။

တချို့ ဘာလို့ဖြစ်သလည်း။ ဖြစ်နိုင်ချေ သီအိုရီတွေသာရှိသည်။ မအိပ်ခင် ညလယ်စာစား၍ ဇီဝအလုပ်ပိုလုပ်ရခြင်း၊ စိတ်မကျဆေး၊ သွေးကျဆေးသောက်ခြင်း။ မိသားစုအတွင်း တစ်ယောက်မကဖြစ်ခြင်း။ Post-traumatic stress disorder စိတ်ဒဏ်ရာရပြီးနောက် ဖြစ်ရသော စိတ်ရောဂါ။ Anxiety disorders စိုးရိမ်စိတ်ကဲသူများလည်းဖြစ်တတ်သည်။ မူးယစ်ဆေးနှင့် အရက်တလွဲသုံးသူတွေမှာလည်း ဖြစ်တတ်သည်။

ဖြစ်ပေါ်သည့် လက္ခဏာများ[ပြင်ဆင်ရန်]

မက်ပြီးလျှင် ရုတ်တရက်အိပ်ယာကနိုးလာမည်။ အော်ဟစ်မည်။ မျက်လုံးပြူးနေမည်။ သူငယ်အိမ်ကျယ်နေမည်။ အသက်ရှူမြန်နေမည်။ နှလုံးခုန်မြန်နေမည်။ သွေးဖိအားတက်နေမည်။ တုန်လှုတ်ချောက်ချားနေမည်။ ကြောက်ရွံ့နေမည်။ ရင်တုန်နေမည်။ ဇောချွေးပျံနေမည်။ အိပ်မက်လိုမဟုတ်ပဲ တကယ်ခံစာခဲ့ရသည့်အတိုင်း ပင်ပန်းနေမည်။ ကလေးများတွင် ဖြစ်လျှင် အိပ်ယာကနိုးလာပြီး ထငိုတတ်ကြသည်။ အော်ဟစ်မည်။ ထိုမှတစ်ဆင့် ဆက်ပြီး Sleepwalk လမ်းလျှောက်သည်။ အဖြစ်များပြီး ကြာလာရင် ကျန်းမာရေးကိုထိခိုက်စေနိုင်သည်။ နှလုံးရောဂါ၊ အဝလွန်ခြင်း၊ စိုးရိမ်စိတ်ကဲခြင်း၊ စိတ်ဓာတ်ကျခြင်း၊ တချို့မှာ မိမိကိုယ်မိမိ သတ်သေလိုစိတ်ဖြစ်ခြင်းမျိုးများ ရလာတတ်ပေသည်။

ကုသမှု[ပြင်ဆင်ရန်]

ကလေးများ ဖြစ်လာလျင် နှစ်သိမ့်ပေးရမည်။ ကြောက်စိတ်ကို ဖျောက်ပေးရမည်။ ကလေးများ ငယ်စဉ်က ထိုသို့ ဖြစ်ခဲ့ပေမယ့် ကြီးလာသောအခါ စိတ်ရောဂါထူးမဖြစ်ကြပါ။ ကုသမှု အကြံပြုချက်များမှာ အိပ်ချိန်မှန်စေခြင်း၊ အစားစားချိန်မှန်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း၊ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်းများ ဖြစ်သည်။ အိပ်ယာနေရာ သက်တောင့်သက်သာရှိစေသင့်သည်။ မအိပ်ခင် စိတ်ကိုပြုပြင်သင့်သည်။ လူကြီးတွေကို Benzodiazepine ခေါ် စိတ်ငြိမ်ဆေးပေးနိုင်သည်။ Melatonin 1 to 3 mg ဆေးကိုလည်းညွှန်သည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ​ဒေါက်တာတင့်ဆွေ (၁၅-၂-၂ဝ၁၆)