မာတိကာသို့ ခုန်သွားရန်

ဘီယထွင့် (နယ်သာလန်ဘုရင်မ)

ဝီကီပီးဒီးယား မှ
ဘီယထွင့်
၂၀၁၅ ခုနှစ်က ဘီယထွင့်
နယ်သာလန် ဘုရင်မ
နန်းသက်၃၀ ဧပြီ ၁၉၈၀ – ၃၀ ဧပြီ ၂၀၁၃
Inauguration၃၀ ဧပြီ ၁၉၈၀
ရှေ့မင်းဆက်ဂျူလီယန ဘုရင်မ
နောက်မင်းဆက်ဝီလီယမ် အလက်ဇန္ဒား
မွေးဖွား (1938-01-31) ၃၁ ဇန်နဝါရီ၊ ၁၉၃၈ (အသက် ၈၇)
ဘန်းမြို့၊ နယ်သာလန်
အိမ်ထောင်ဖက်Claus von Amsberg
(လက်ထပ် ၁၉၆၆; died ၂၀၀၂)
သားသမီးများ
  • ဝီလီယမ် အလက်ဇန္ဒား
  • Prince Friso
  • Prince Constantijn
အမည် အပြည့်အစုံ
Beatrix Wilhelmina Armgard
စံအိမ်အောရိန်း-နာဆော
ခမည်းတော်မင်းသားကြီး ဘာဟတ်
မယ်တော်ဂျူလီယန ဘုရင်မ
ကိုးကွယ်မှုပရိုစတက်တင့်
လက်မှတ်

ဘီယထွင့်ဘုရင်မကြီးသည် နယ်သာလန်နိုင်ငံ၏ ဘုရင်မတစ်ဦးဖြစ်သည်။ သူမအား ဇန္နဝါရီလ ၃၁ရက်၊ ၁၉၃၈ ခုနှစ်တွင်မွေးဖွားခဲ့ပြီး ၁၉၈၀ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် ဘုရင်မအဖြစ် ဘိသိက်ခံခဲ့သည်။ သူမ၏ အမည်အပြည့်အစုံမှာ Beatrix Wilhelmina Armgard, Princess van Oranje-Nassau, Princess van Lippe-Biesterfeld ဖြစ်ပြီး Claus von Amsberg ဆိုသူနှင့် စုလျားရစ်ပတ်ခဲ့သည်။ မယ်တော်မှာ ဂျူလီယန ဘုရင်မကြီးဖြစ်၍ ခမည်းတော်မှာ မင်းသားကြီး ဘာဟတ် ဖြစ်သည်။ ဘီယထွင့် ဘုရင်မကြီးတွင် မင်းသား ဝီလီယမ် အလက်ဇန္ဒား၊ မင်းသား ယောဟန် ဖရင့်ဆိုနှင့် မင်းသား ကော့စ်တင်တိုင် အမည်ရှိ သားတော်သုံးပါရှိသည်။

သူ့အား နယ်သာလန်နိုင်ငံ၊ ဘန်းမြို့တွင် မွေးဖွားခဲ့သည်။ ဂျူလီယနဘုရင်မကြီး၏ အကြီးဆုံးသမီးဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် သူသည် နယ်သာလန်နိုင်ငံ၏ ရာဇပလ္လင်အား အမွေးဆက်ခံရန်ဖြစ်လာသည်။ ၁၉၈၀ ခုနှစ်၊ ဧပြီ ၃၀ တွင် ဘုရင်မကြီး ဂျူလီယန နန်းစွန့်ပြီးနောက် ဘီယထွင့်သည် နယ်သာလန်နိုင်ငံ၏ ဘုရင်မဖြစ်သို့ ရောက်ရှိခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်း၌ ဘီယထွင့်သည် မူလတန်းကျောင်းနှင့် အလယ်ကျောင်းကို ကနေဒါနိုင်ငံ၊ နယ်သာလန်နိုင်ငံတို့တွင် တက်ရောက်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် နယ်သာလန်နိုင်ငံ၊ လိုင်ဒန်တက္ကသိုလ်(Leiden University) မှ ဥပဒေဘွဲ့ကို လက်ခံရရှိသည်။ ဘီယထွင့်သည် ကယ့် ဗန် အမ်စ်ဘက် နှင့် ၁၉၆၆ ခုနှစ်တွက် လက်ထက်ပြီးနောက် မင်းသား ဝီလီယမ် အလက်ဇန္ဒား၊ မင်းသား ယောဟန် ဖရင့်ဆိုနှင့် မင်းသား ကော့စ်တင်တိုင် အမည်ရှိ သားတော်သုံးဖွားမြင်ခဲ့သည်။ သူ၏ ကြင်ယာတော် မင်းသားကြီး ကယ့် ဗန် အမ်စ်ဘက် သည် ၂၀၀၂ ခုနှစ်တွင် နတ်ရွာစံခဲ့သည်။ ဘီယထွင့် ဘုရင်မကြီးသည် နယ်သာလန်နိုင်ငံ မင်းဆက်များထဲတွင် နန်းသက်အရှည်ဆုံး ဘုရင်မကြီးတစ်ပါးဖြစ်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Myrtille van Bommel, "Beatrix oldest Dutch reigning monarch", Radio Netherlands Worldwide, 2011. Retrieved on 2012-05-15.