ဘိသာလုဝဒါယက

ဝီကီပီးဒီးယား မှ

အရှင်ဘိသာလုဝဒါယကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

ဝိပဿီမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

ဝိပဿီမြတ်စွာဘုရား လက်ထက်တော်အခါက ဖြစ်၏။ အရှင်ဘိသာလုဝဒါယကထေရ် သည် ဆိတ်ငြိမ်သော တောထဲတွင် နေထိုင်၏။ တစ်နေ့သောအခါ မြတ်စွာဘုရားကို ဖူးမြင်ရကာ ကြာစွယ်၊ ပိန်းဥ၊ လက်တော်ဆေးရေတို့ကို လှူဒါန်းခဲ့၏။ [၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ထိုသို့ ကိုးဆယ့်တစ်ကမ္ဘာထက်တွင် ဘုရားရှင်ကို ကြာစွယ်၊ ပိန်းဥ လှူခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မရောက်ခဲ့ရပေ။ ထို့ပြင် ဘဒ္ဒကမ္ဘာမှ သုံးခုမြောက်ကမ္ဘာထက်တွင် “ဘိသ” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဘိသာလုဝဒါယကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ နာဂသမာလဝဂ်