ဘာရီပေါ

ဝီကီပီးဒီးယား မှ
Barry H. Paw
ဇာတိ အမည်ဘာရီပေါ
နိုင်ငံလူမျိုးအမေရိကန်
မိခင်ကျောင်းဒေးဗစ်ဂီဖန်း ဆေးပညာကျောင်း
(M.D., 1991)[၁]
အလုပ်အကိုင်ဇီဝဗေဒပညာရှင်

ဒေါက်တာ ဘာရီပေါသည် မြန်မာနွယ်ဖွား အမေရိကန်လူမျိုး ဇီဝဗေဒပညာရှင်တစ်ဦးဖြစ်သည်။ သူသည် လူ၏ ခန္ဓာကိုယ်မှ ဟေမိုဂလိုဗင်ထုတ်လုပ်ရာမှာ ကူညီပေးသည့် မျိုးရိုးဗီဇအသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ [၂]


ပေါဟာ လက်ရှိမှာတော့ အမေရိကန်ပြည်ထောင်စု ဟားဗတ်ဆေးပညာကျောင်းတွင် သုတေသနပညာရှင်တစ်ဦးအဖြစ် လုပ်ကိုင်လျက်ရှိပြီး မီတိုဖာရင်းမျိုးရိုးဗီဇဟာ ဟေမိုဂလိုဗင်ဖြစ်ပေါ်စေဖို့ သွေးနီဥဆီကို သံဓာတ်တွေ ဘယ်လိုသယ်ဆောင်သွားသလဲဆိုသည်ကို လေ့လာနေသော သုတေသနလုပ်ငန်းကို တာဝန်ယူထားလေသည်။[၃] ဟေမိုဂလိုဗင်တွေဟာ အဆုတ်မှ အောက်ဆီဂျင်တွေကို ကြွက်သားတွေအပါအဝင် ခန္ဓာကိုယ်အနှံသို့ သယ်ဆောင်ပေးပါသည်။

ပေါရဲ့ သုတေသနဟာ သံဓာတ်ချို့တဲ့ခြင်း (သို့) ပိုလျှံခြင်း စသော လူသားရဲ့ ဖောက်ပြန်မှုအကျိုးတွေကြောင့် မျိုးရိုးဗီဇရဲ့ ပြောင်းလဲသွားနိုင်မှုကို ဖော်ထုတ်နိုင်ရန်အတွက် အဓိကထားလုပ်ဆောင်နေခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Physician Profile: Barry H. Paw, M.D.Board of Registration in Medicine။ Commonwealth of Massachusetts (2012)။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 April 2012 တွင် ပြန်စစ်ပြီး။
  2. Burmese Researcher Helps Discover New Gene[လင့်ခ်သေ]
  3. Barry H. PawBiological and Biomedical Sciences။ Harvard College (2012)။ 8 April 2012 တွင် ပြန်စစ်ပြီး။