ဘာဂျာမှုတ်ခြင်း

ဝီကီပီးဒီးယား မှ
အာချီဒေ့ရီယာရေးဆွဲသည့် ဘာဂျာပေးနေပုံရေဆေးပန်းချီကား

ဘာဂျာမှုတ်ခြင်းဆိုသည်မှာ မိန်းမအင်္ဂါကို အခြားသူတစ်ဦးက နှုတ်ခမ်း၊ လျှာစသည်တို့ကို အသုံးပြုထိတွေ့၍ လိင်ဆက်ဆံမှုပြုသော နည်းလမ်းတစ်မျိုး ဖြစ်သည်။ ၎င်းကို လိင်တူ/လိင်ကွဲ ချစ်သူစုံတွဲနှစ်မျိုးစလုံး ပြုလုပ်လေ့ရှိကြပြီး၊ မိန်းမအင်္ဂါဝနှုတ်ခမ်းသားများနှင့် အထူးသဖြင့် မလိင်စေ့ကို နှုတ်ခမ်းဖြင့် ပွတ်တိုက်လှုပ်ရှားလှုံ့ဆော်ခြင်း၊ စုပ်ခြင်း၊ လျှာဖြင့်လျှက်ခြင်းတို့ဖြင့် သာယာကျေနပ်မှုရရှိစေသော လိင်ဆက်ဆံမှုပုံစံတစ်မျိုး ဖြစ်သည်။ ရှေးယခင်က သဘာဝနှင့်ဆန့်ကျင်သော၊ ပုံမှန်မဟုတ်သည့် ရွံရှာစက်စုပ်ဖွယ် အပြုအမူအဖြစ် ရှုမြင်ခဲ့ကြသော်လည်း၊ ယနေ့ခေတ်တွင်မူ သာမန်ချစ်မှုရေးရာကိစ္စတစ်ရပ်အဖြစ် လူ့အသိုင်းအဝိုင်းက လက်ခံထားကြသည်။

မိန်းမအင်္ဂါကို ယုတ်နိမ့်သည်ဟု ယူဆချက်အရ ရှေးယခင်ခေတ်က ​ဤလိင်ဆက်ဆံမှုပြုလုပ်လျှင် မိမိတို့၏ ချစ်သူ၊ လင်ယောက်ျားတို့ ဘုန်းနိမ့်တတ်သည်ဟူသော အထင်အမြင်ကြောင့် ထိုသို့ပြုလုပ်မှုကို ခံယူရန် အမျိုးသမီးတို့က ငြင်းဆန်လေ့ရှိပြီး လိင်တူချင်းစုံမက်သူ အမျိုးသမီးများအချင်းချင်းနှင့် အမျိုးသားများနှင့် လက်မထပ်မီလိင်ဆက်ဆံပြီး ကိုယ်ဝန်ရရှိသွားမည်ကိုကြောက်ရွံ့စိတ်ကြီးသူ အမျိုးသမီးများအချင်းချင်းသာ ပြုလုပ်လေ့ရှိကြသည်။ သို့သော် ယနေ့ခေတ် ပညာတတ်မြို့နေလူတန်းစား စုံတွဲ များတွင်မူ ဤအပြုအမူ မပြုလုပ်သူ မရှိသလောက် တွင်ကျယ်လာခဲ့ပြီဖြစ်သည်။ ဓမ္မတာလိင်ဆက်ဆံချင်းထက် ပါးစပ်ဖြင့် ဆက်ဆံခြင်းက အမျိုးသမီးများကို ကျေနပ်မှုပိုမိုပေးနိုင်သည်ဟု ယူဆကြခြင်းကြောင့်လည်းကောင်း၊ မိမိကစတင်၍ ပါးစပ်ဖြင့် လိင်ဆက်ဆံမှု ပြုလုပ်ပေးပြီးလျှင် လိင်ဆက်ဆံဖော် အမျိုးသမီးထံမှ အလားတူ ပြန်လည်ဆက်ဆံပေးမှု ရရှိနိုင်ခြင်းကြောင့်လည်းကောင်းတို့ကြောင့် ယနေ့ခေတ် အမျိုးသားများတွင် ဤသို့ဆက်ဆံရန် စိတ်အားထက်သန်မှု ရှိကြသည်။ ပုံမှန်အားဖြင့် ကူးစက်ရောဂါကင်းရှင်းပြီး တကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်သည့် စုံတွဲများကြား လိင်အင်္ဂါနှင့် ပါးစပ်ထိတွေ့ လိင်ဆက်ဆံခြင်းတွင် မည်သည့်အန္တရာယ်မှ မရှိဟု ဆိုသည်။ သဘာဝလိင်ဆက်ဆံမှုမပြုမီ လိင်စိတ်တက်ကြွလာစေရန် နှိုးဆွပေးသည့်သဘောဖြင့်ပြုလုပ်ခြင်း၊ သုက်လွှတ်မြန်သူ ယောက်ျားများတွင် မိမိတို့၏ချစ်သူ မိန်းကလေးတို့ လိင်စိတ်ကျေနပ်မှု မရရှိမီ မိန်းမအင်္ဂါတွင်းသို့ သုက်မလွှတ်လို၍ သဘာဝနည်းလမ်းဖြင့် ဆက်ဆံနေစဉ် ရံဖန်ရံခါ အပြောင်းအလဲသဘောဖြင့် ပြုလုပ်ခြင်းစသည်ဖြင့် အမျိုးမျိုးကွဲပြားသည်။ ဤနည်းဖြင့် လိင်ဆက်ဆံမှုသည် လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများ ကူးစက်နိုင်ချေ နည်းပါးသော်လည်း တစ်ဦးနှင့်တစ်ဦး ကောင်းစွာသိသူ စုံတွဲများကြားတွင်သာ အကာကွယ်မဲ့ဆက်ဆံသင့်သည်။

နည်းလမ်း[ပြင်ဆင်ရန်]

အမျိုးသမီးအချင်းချင်းဘာဂျာပေးနေပုံ

အနေအထားများ[ပြင်ဆင်ရန်]

မစ်ရှင်နရီအနေအထားဖြင့်ဘာဂျာပေးနေပုံ Édouard-Henri Avril၏ပန်းချီကား
မျက်နှာပေါ်တက်ထိုင်ခြင်း

ဘာဂျာပေးရာတွင် ကိုယ်ဟန်အနေအထားအမျိုးမျိုးရှိသည်။

  • Mi – အမျိုးသမီးက ပက်လက်လဲလျောင်းနေပြီး ခြေထောက်များကိုချဲထားပြီးရင်ပေါ်တင်ထားသည်၊ သို့မဟုတ်အမျိုးသားအပေါ်တင်ထားသည်၊ သို့မဟုတ်မြှောက်ထားသည်။
  • ခွေးစတိုင် – အမျိုးသမီးက လေးဘက်ထောက်ကုန်းထားပြီး အမျိုးသားကနောက်ဖက်မှပါးစပ်ဖြင့်ဆက်ဆံခြင်းဖြစ်သည်။
  • မျက်နှာပေါ်တက်ထိုင်ခြင်း – ​ပက်လက် လှဲလျောင်းနေသူ၏ မျက်နှာပေါ်ခွထိုင်၍ အမျိုးသမီးအင်္ဂါနှင့် အောက်မှနေသူ၏ နှုတ်ခမ်း၊ မျက်နှာတို့ကို မိမိစိတ်ကြိုက် လှုပ်ရှားပွတ်တိုက်ခြင်း၊ အောက်မှနေသူကလည်း လျှာဖြင့် အလိုက်သင့် ပြန်လည်လှုပ်ရှား ဆက်ဆံပေးခြင်းဖြစ်သည်။ အမျိုးသမီးအဖို့ ကျေနပ်မှု အကြီးအကျယ်ရနိုင်သော်လည်း၊ အောက်မှနေသူအဖို့ အသက်ရှူမွန်းကြပ်တတ်ခြင်း၊ အမျိုးသမီးအင်္ဂါမှထွက်သော အရည်များ ပါးစပ်တွင်းသို့ဝင်နိုင်ခြင်း၊ မျက်နှာပေါ် စီးကျပေကျံနိုင်ခြင်းတို့ကြောင့် တဦးနှင့် တဦးနားလည်မှု ပြည့်ဝသူ စုံတွဲများအတွက်သာ သင့်တော်ပါသည်။
  • မတ်တပ်အနေအထား –အမျိုးသမီးကအမျိုးသားနှင့်မျက်နှာချင်းဆိုင်မတ်တပ်ရပ်သည်။ သို့မဟုတ်အမျိုးသားကဒူးထောက်ထားသည်။
  • 69 ပုံစံ - အမျိုးသမီးနှင့်အမျိုးသား(သို့) အမျိုးသမီးအချင်းချင်း သည် တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်ဖက်နေထားနှင့် ပါးစပ်ဖြင့် မိန်းမယောနီကိုယက်ပေးခြင်းဖြစ်သည်။