ဘဝေါ

ဝီကီပီးဒီးယား မှ

ဘဝေါဆိုသည်မှာ အလွန်ကြီးကျယ်သည့် ဒုက္ခကြုံမည့်အတွက် ကြိုတင်ကာ အင်မတန်ကြောက်ရွှံ့စေသည့် အခြင်းအရာများ ကြိုတင်ဖြစ်ပွားခြင်းမျိုးကိုဆိုလိုသည်။ ဥပမာအားဖြင့်- ဘုရားဆင်းတုတော် ရောင်ခြည်လွှတ်ခြင်း၊ စေတီပုထိုး(သို့) ဆင်းတုတော်များအနီးတွင် ထွန်းလင်းနေခြင်း၊ ဆင်းတုတော်တွင် မျက်ရည်၊ချွေး၊သွေး စသည်တို့ ကျခြင်း၊ ဘုံနန်းပြာသာဒ်မှအခိုးထွက်ခြင်း၊ လကိုကြယ်ဖောက်ခြင်း(ဂျပန်ခေတ်)၊ ကြယ်တံခွန်လွှတ်ခြင်း၊ ကောင်းကင်အလုံးမှ ချင်းချင်းနီခြင်း စသည်တို့ကို ဘဝေါအဖြစ် သတ်မှတ်ကြသည်။

သို့သော် ယခုခေတ်တွင် ဘဝေါအား နိမိတ်အဖြစ် ရောထွေးသတ်မှတ်ထားကြသည်များကိုလည်း ရံဖန်ရံခါတွေ့ရတတ်သည်။