ဘဝတက္ကသိုလ် စာပေတိုက်

ဝီကီပီးဒီးယား မှ

ဘဝတက္ကသိုလ် စာပေတိုက်သည် ဘာသာပြန် လုံးချင်းဝတ္ထုများအား အဓိကထုတ်ဝေသည့် စာပေတိုက်တစ်ခု ဖြစ်သည်။ ကိုယ်ပိုင် ပုံနှိပ်တိုက်ရှိသဖြင့် တိုက်ပိုင်စာအုပ်များသာမက အခြား မဂ္ဂဇင်း၊ ဂျာနယ်များကိုလည်း ထုတ်ဝေပေးလျက်ရှိသည်။

နောက်ခံအကျဉ်း[ပြင်ဆင်ရန်]

ဘဝတက္ကသိုလ်စ​ာပေတိုက်ကို ၁၉၇၇ ခုနှစ်တွင် အမှတ် (၁၃၄)၊ ၃၇ လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၌ စတင်တည်ထောင်သည်။ တည်ထောင်သူမှာ ဦးနေဝင်း ဖြစ်သည်။ ရုပ်ပြကာတွန်းများအား စတင်ထုတ်ဝေခဲ့ပြီး ၁၉၇၉ ခုနှစ်၊ ဇန်နဝါရီတွင် စိုးသိဏ်း ၏ စစ္စလီရန်ကြွေး ဘာသာပြန်လုံးချင်းဝတ္ထုကို စတင်ထုတ်ဝေခဲ့သည်။ [၁]

ဦးနေဝင်း (ဘဝတက္ကသိုလ်စာပေ) သည် ငယ်စဉ်ကပင် စာပေဝါသနာထုံပြီး ဘာသာပြန်ဝတ္ထုများကို နှစ်ခြိုက်သည်။ ထို့ကြောင့် ထုတ်ဝေသူဖြစ်လာသောအခါ စာပေမျိုးစုံ ထုတ်ဝေသော်လည်း ဘာသာပြန်ဝတ္ထုများမှာ ဦးစားပေးဖြစ်ခဲ့သည်။ ဘာသာပြန်စာအုပ်များ ရှားပါးနေချိန်တွင် ဘာသာပြန်စာရေးသူများအား စုစည်း၍ စာအုပ်ထုတ်နိုင်ရေးကို အားစိုက်ခဲ့သည်။ ကမ္ဘာ့ရောင်းအားအကောင်းဆုံးစာအုပ်များအား ရွေးချယ်ဘာသာပြန်စေသကဲ့သို့ ဂန္ထဝင်ဝတ္ထုကောင်းများကိုလည်း ပင်တိုင်စာရေးဆရာများနှင့် ညှိနှိုင်းကာ ထုတ်ဝေနိုင်ခဲ့သည်။ မြသန်းတင့်ရေးသည့် "ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်" ကဲ့သို့ လူကြိုက်များသော မြန်မာဝတ္ထုတို့ကိုလည်း ပြန်လည်ထုတ်ဝေခဲ့သည်။

ဘဝတက္ကသိုလ်စာပေ ဟု အမည်ပေးရခြင်းမှာ မြသန်းတင့် ဘာသာပြန်ဆိုသည့် ဘဝတက္ကသိုလ် ဟူသောစာအုပ်၏ တင်စားမှုကို သဘောကျ၍ ဖြစ်သည်။ ၁၉၇၉ နှင့် ၁၉၈၀ ထုတ် စာအုပ်များတွင် ဘဝတက္ကသိုလ်စာပေ ဟူသော စာသားကိုသာ ထည့်သွင်းခဲ့သော်လည်း ၁၉၈၁ ခုနှစ်၊ ဇန်နဝါရီလထုတ် ဖုန်းမို၏ အဏ္ဏဝါကဝေ မှ စ၍ ပန်းချီ တင်မောင်မျင့်၏ စာလုံးဒီဇိုင်းကို အသုံးပြုသည်။ ၁၉၈၄ ခုနှစ်တွင် ပန်းချီ စံတိုး၏ လိုဂိုဒီဇိုင်းကို စာအုပ်မျက်နှာဖုံးများတွင် ထည့်သွင်းဖော်ပြသည်။ ၁၉၈၃ ခန့်တွင် ပုံနှိပ်စက်ကိုပါ တည်ထောင်၍ တိုက်ထုတ်စာအုပ်များကို မိမိစက်ဖြင့် ရိုက်နှိပ်ခဲ့သည်။

၁၉၇၉ ခုနှစ်မှ ယနေ့အထိ လုံးချင်းဝတ္ထုပေါင်း (၃၀၀) ကျော်ကို ထုတ်ဝေခဲ့ပြီ:ဖြစ်ရာ ဘာသာပြန်အပါအဝင် ဒဿနိက၊ စိတ်ပညာ၊ ဘာသာရေး၊ နိုင်ငံရေး၊ ဘာသာစကား၊ ကျန်းမာရေး၊ ခရီးသွားမှတ်တမ်း၊ ကဗျာ၊ ဝတ္ထုတိုပေါင်းချုပ်၊ အတ္ထုပ္ပတ္တိ စသော အမျိုးအစားများကို ထုတ်ဝေနိုင်ခဲ့သည်။

လုံးချင်းဝတ္ထုများအပြင် စာကောင်းပေမွန်များအား စုစည်း၍ စာမော်ကွန်း စာစောင်ကို ၁၉၈၅ ဇွန်လမှ ၁၉၈၆ ဇူလိုင်လအထိ စုစုပေါင်း (၇) အုပ်ကို လည်းကောင်း၊ အင်္ဂလိပ်စာ အထောက်အကူပြု Everyday English မဂ္ဂဇင်းကို ၁၉၈၉ မတ်လမှ ၁၉၉၁ မေလအထိ စုစုပေါင်း (၂၇) အုပ်ကို လည်းကောင်း၊ သည်းထိတ်ရင်ဖို မဂ္ဂဇင်းကို ၁၉၈၇ ဧပြီလမှ ၁၉၈၈ ဇွန်လအထိ စုစုပေါင်း (၁၁) အုပ်ကို လည်းကောင်း ဘဝတက္ကသိုလ်အမည်အောက်တွင် ထုတ်ဝေနိုင်ခဲ့သည်။

ထို့အပြင် နွယ်နီ၊ ဓမ္မရုပ်စုံ၊ ရတနာပန်းခင်း၊ မြင်ကွင်း နှင့် အပျိုစင် မဂ္ဂဇင်းတို့ကိုလည်း ရိုက်နှိပ်ပေးခဲ့သည်။ တော်ဝင် ဂျာနယ်သည်လည်း ဘဝတက္ကသိုလ်၏ ထုတ်ဝေမှုတစ်ခုပင် ဖြစ်သည်။

ထုတ်ဝေခဲ့သော လုံးချင်းစာအုပ်များ[ပြင်ဆင်ရန်]

အထွေထွေ[ပြင်ဆင်ရန်]

စဉ် ခေါင်းစီး စာရေးသူ ထုတ်ဝေနှစ် မှတ်ချက်
မြန်မာပြန် ရသစာတမ်းများ ထက်အောင် ၁၉၉၁
ဟိတောပဒေသ ပါရဂူ ၁၉၉၁
ဝတ္ထုတို ကျော်အောင် ၁၉၈၉ "Short Story"

by W. Somerset Maugham

ပဉ္စတန္တရ ပါရဂူ ၁၉၉၅
ပျိုလေးရည်းစား မောင့်စိတ်ထားနှင့် မောင့်ရဲ့သက်ထား ပျို့စိတ်ထား ဥမ္မာရီ ၁၉၉၉

အဘိဓာန်[ပြင်ဆင်ရန်]

စဉ် ခေါင်းစီး စာရေးသူ ထုတ်ဝေနှစ် မှတ်ချက်
မြန်မာစာပေအဘိဓာန် (၄) မလိခ ၁၉၈၅
ခေတ်ပြိုင် ကမ္ဘာ့ရေးရာအဘိဓာန် မောင် ဝံသ ၁၉၈၂

ဒဿနိကဗေဒ[ပြင်ဆင်ရန်]

စဉ် ခေါင်းစီး စာရေးသူ ထုတ်ဝေနှစ် မှတ်ချက်
ရွှေတောင်တက် ဒဿန ဆန်းလွင် ၁၉၈၉
သစ္စာဉာဏ်ပွင့် ဒဿန ဆန်းလွင် ၁၉၉၀

အတွေ့အကြုံ[ပြင်ဆင်ရန်]

စဉ် ခေါင်းစီး စာရေးသူ ထုတ်ဝေနှစ် မှတ်ချက်
မြန်မာပြည်အတွေ့အကြုံများ ကျော်အောင် ၁၉၈၄ "Trial in Burma"

by Maurice Collis

ပြည်ပအတွေ့အကြုံများ မောင်ကြာညို ၁၉၉၄
တွေ့ဆုံကြုံကွဲ ခရီးထဲ ကမ္ဗောဇ ခင်လှိုင် ၁၉၉၅
ပျော်လိုက်ရွှင်လိုက် ငိုကာရယ်ကာ ကမ္ဗောဇ ခင်လှိုင် ၁၉၉၃
သံကြီ:တမန်ကြီး မန်းတင် ၁၉၈၅
ဂျပန်စစ်တက္ကသိုလ်နှင့် ဗြိတိန်ဆင်းဟတ်စ်ဘုရင့်စစ်တက္ကသိုလ် သောင်းထိုက် ၁၉၈၅
ဖို့တ်လီဗင်ဝပ်သ် အမေရိကန်စစ်ဦးစီးတက္ကသိုလ် သောင်းထိုက် ၁၉၈၇
စိတ်ညှို့အိပ်မွေ့ချနည်းနှင့် အသုံးချနည်းအပြည့်အစုံ တက္ကသိုလ် အောင်မှူး ၁၉၉၁

ဘာသာအယူဝါဒ[ပြင်ဆင်ရန်]

စဉ် ခေါင်းစီး စာရေးသူ ထုတ်ဝေနှစ် မှတ်ချက်
ဂိုးလ်စတိန်း၏ ကိုယ်တွေ့ဝိပဿနာ ဆန်းလွင် +

ဦးဟန်ဌေး (သုတေသန)

၁၉၉၂ "The Experience of Insight: Natural Untolding"

by Joseph Goldstein

တရားတွေ့ဖို့ ချမ်းမြေ့ဖို့ ဆန်းလွင် ၁၉၉၀

နိုင်ငံရေး[ပြင်ဆင်ရန်]

စဉ် ခေါင်းစီး စာရေးသူ ထုတ်ဝေနှစ် မှတ်ချက်
ပထဝီနိုင်ငံရေး သောင်းထိုက် ၁၉၉၂

ဘာသာစကား[ပြင်ဆင်ရန်]

စဉ် ခေါင်းစီး စာရေးသူ ထုတ်ဝေနှစ် မှတ်ချက်
Current English Usages from News Magazines ဆန်းလွင် ၁၉၉၀
ခေတ်ပေါ် ဂျပန်စကားပြော ဦး တိုင်းအုပ် ၁၉၉၁

ကျန်းမာရေး[ပြင်ဆင်ရန်]

စဉ် ခေါင်းစီး စာရေးသူ ထုတ်ဝေနှစ် မှတ်ချက်
ဆရာဝန့်စကား၊ ဆရာဝန့်စာ ဒေါက်တာ ငွေစိုး ၁၉၈၇

ကဗျာ[ပြင်ဆင်ရန်]

စဉ် ခေါင်းစီး စာရေးသူ ထုတ်ဝေနှစ် မှတ်ချက်
ရှေးခေတ် ပုဂံကဗျာများနှင့် အခြားကဗျာများ ဇော်ဂျီ ၁၉၈၇
ခေတ်ပေါ် နိုင်ငံတကာကဗျာရှည်သုံးပုဒ် မောင် သစ်တည် ၁၉၉၁

ကိုယ်တိုင်ရေးဝတ္ထု[ပြင်ဆင်ရန်]

စဉ် ခေါင်းစီး စာရေးသူ ထုတ်ဝေနှစ် မှတ်ချက်
ကိုယ်ရေးကိုယ်တာကိစ္စ ဒေါက်တာ ငွေစိုး ၁၉၈၆
ဆင်မိုးလုံးနှင့် နောက်ဆုံးအဖြေ ဖိုးကျော့ ၁၉၈၃
ပြန်မပြောချင်ဘူး ဖိုးကျော့ ၁၉၈၂
သမုဒယ ဤပင်လယ် ဖိုးကျော့ ၁၉၈၃
ဟူးကောင်းတောင်ကြား ဖိုးကျော့ ၁၉၈၃
အလွမ်းကန္တာ တောကန္တာ ဖိုးကျော့ ၁၉၈၃
ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည် မြသန်းတင့် ၁၉၈၈
အန္တရာယ်လမ်းပေါ်က မုဆိုး မောင် လွမ်းသူ ၁၉၈၈
အနာဂတ်အတွက် မွေးဖွားခြင်း လင်းယုန် သစ်လွင် ၁၉၈၄
၁၀ တစ်ပင်ကို နှစ်ပင်ယှက်တယ် ဆင်ဖြူကျွန်း အောင်သိန်း ၁၉၈၄

ဘာသာပြန်ဝတ္ထု[ပြင်ဆင်ရန်]

စဉ် ခေါင်းစီး စာရေးသူ ထုတ်ဝေနှစ် မှတ်ချက်
စည်းအပြင်ကလူ ထင်လင်း ၁၉၈၉ "The Outsider"

by Albert Camus

သူရဲကောင်းတံဆိပ်နီ ကျော်အောင် ၁၉၉၂ "The Red Badge of Cour​age"

by Stephen Crane

ကြံကြီးစည်ရာ မောင် ပေါ်ထွန်း ၁၉၈၂ "The Cradle will Fall"

by Mary Higgins Clark

ပိပိရိရိ မောင် ပေါ်ထွန်း ၁၉၈၂ "A Stranger is Watching"

by Mary Higgins Clark

သေတွင်းနှုတ်ခမ်း မောင် မြင့်ကြွယ် ၁၉၉၃ "Terror Stalks of the Class Reunion"

by Mary Higgins Clark

နစ်ကာတာမက္ကမာဒို စစ်ဆင်ရေး ချစ်ဝင်းညွန့် ၁၉၉၀ "Operation Mc Murdo Sound"

by Nick Carter

တန်ရာတန်ကြေး (ပ) ဖုန်းမို ၁၉၈၂ "The Wild Gees"

by Daniel Carney

အန်တိုနီယာ (ပ) ကျော်အောင် ၁၉၉၂ "My Antonia"

by Willa Cather

ချစ်လွန်းတင် မောင် ရဲခိုင် ၁၉၈၅ "The World and the Flesh"

by Maurice Callard

ရွှေပြည်တော် မျှော်တိုင်းဝေး မြသန်းတင့် ၁၉၈၆ "The Far Pavilions"

by Mary Margaret Kaye

ပတ္တမြားခေါ်သံ မိုးဇော်ဟိန်း ၁၉၈၆ "Green River High"

by Dancan Kyle

မမြင်မကန်း (ပ) မောင် မြင့်ကြွယ်
ရေခဲလှောင်အိမ် (ပ) မောင် မြင့်ကြွယ်
အဖြူတစ်ကွက် အနက်တစ်ကွက် မိုးဇော်ဟိန်း
ဥပါယ်တံမျဉ် (ပ) မိုးဇော်ဟိန်း
သားကောင်နှင့် မုဆိုး မောင် ပေါ်ထွန်း
တိုင်တန်းနစ် (ပ) တက္ကသိုလ် နန္ဒမိတ်
မရမက (ပ) မောင် မြင့်ကြွယ်
မြေထဲပင်လယ်စစ်ဆင်ရေး (ပ) မောင် မြင့်ကြွယ်
အနီနှင့် အနက် (ပ) မောင် ထွန်းသူ
စိတ်ပြောင်းစိတ်လွှဲ (ပ) မောင် ပေါ်ထွန်း
တစ်ဖန်ပြန်၍မနိုးသောဝေဒနာ နတ်နွယ်
အများနှင့်တစ်ယောက် နတ်နွယ်
ရဲတိုက် (ပ) မောင် ထွန်းသူ
သစ္စာရှင် (ပ) မောင် ထွန်းသူ
အကျဉ်းစံ မောင် ထွန်းသူ
အလှည့်ကျ မနွဲ့စတမ်း မောင်မောင်ဇော်လတ်
စိန်ခေါ်ပွဲ နတ်နွယ်
ဘဝဟူသည် နတ်နွယ်
သုံးနှစ်သုံးမိုး နတ်နွယ်
ချစ်မိလေသောကြောင့် မောင်ပေါ်ထွန်း
ဆိုင်ဂုံ (ပ) မောင် ထွန်းသူ
ဆိုင်ဂုံ (ဒု) မောင် ထွန်းသူ
ဆိုင်ဂုံ (တ) မောင် ထွန်းသူ
ဆိုင်ဂုံ (စ) မောင် ထွန်းသူ
ဆိုင်ဂုံ (မ) မောင် ထွန်းသူ
ဆိုင်ဂုံ (ဆ) မောင် ထွန်းသူ
ဆိုင်ဂုံ (သ) မောင် ထွန်းသူ
ဆိုင်ဂုံ (အ) မောင် ထွန်းသူ
ဦးလည်မသုန် (ပ) မောင် ရဲခိုင်
ဦးလည်မသုန် (ဒု) မောင် ရဲခိုင်
ပျောက်နေသူ တင်ထွေး
ချစ်နှောင်အိမ် မောင် မြင့်ကြွယ်
မိုးသက်လေနှင် (ပ) မောင် ပေါ်ထွန်း
မိုးသက်လေနှင် (ဒု) မောင် ပေါ်ထွန်း
အန္တရာယ်အသွယ်သွယ် (ပ) မောင် မြင့်ကြွယ်
အန္တရာယ်အသွယ်သွယ် (ဒု) မောင် မြင့်ကြွယ်
တို့ပိုင်တဲ့မြေ မောင် ထွန်းသူ
တို့ဘဝ တို့ကမ္ဘာ မောင် ထွန်းသူ
ဒေါသမာန် မောင် ထွန်းသူ
ပုလဲတေးသံ ထင်လင်း
မြင်းနီကလေး ထင်လင်း
ဒေါက်တာကွိတ် မိုးဇော်ဟိန်း
လျှို့ဝှက်သင်္ကေတ အာရောဂျံ မိုးဇော်ဟိန်း
စိန်ကုန်သည် မောင် မြင့်ကြွယ်
ဗျဂ္ဃမျက်လုံး (ပ) မောင်ချစ်ပန်
ရွှေ မောင် မြင့်ကြွယ်
အန်တုဗလ (ပ) ချစ်ဝင်းညွန့်
အန်တုဗလ (ဒု) ချစ်ဝင်းညွန့်
အန်တုဗလ (တ) ချစ်ဝင်းညွန့်
လေလွင့်သူ မြသန်းတင့်
ကန္တာရလင်းတ ဖုန်းမို
လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ (ပ) မြသန်းတင့်
လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ (ဒု) မြသန်းတင့်
လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ (တ) မြသန်းတင့်
လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ မြသန်းတင့်
အချစ်ပုံပြင် မောင် မိုးသူ
သမီးများနှင့် အမေများ မောင် ထွန်းသူ
ကင်မီလီ မောင် ထွန်းသူ
ကမီလီယန် (ပ) တက္ကသိုလ် နန္ဒမိတ်
ကမီလီယန် (ဒု) တက္ကသိုလ် နန္ဒမိတ်
ကမီလီယန် (တ) တက္ကသိုလ် နန္ဒမိတ်
သွေးစက်ခြေရာ (ပ) တက္ကသိုလ် နန္ဒမိတ်
သွေးစက်ခြေရာ (ဒု) တက္ကသိုလ် နန္ဒမိတ်
မှိတ်တုတ်မှိတ်တုတ် ငယ်သောစပိုင် (ပ) မောင် ရဲခိုင်
မှိတ်တုတ်မှိတ်တုတ် ငယ်သောစပိုင် (ဒု) မောင် ရဲခိုင်
အဖြူရောင်သစ္စာပန်းတစ်ပွင့် (ပ) နတ်နွယ်
အဖြူရောင်သစ္စာပန်းတစ်ပွင့် (ဒု) နတ်နွယ်
မြွေမြွေချင်း ခြေမြင် မောင် မြင့်ကြွယ်
စိမ်းမြမြမှိုင်းရီ (ပ) ဗမိုး
စိမ်းမြမြမှိုင်းရီ (ဒု) ဗမိုး
ပျံလေသည့် ငှက်ခါး မိုးဇော်ဟိန်း
ချစ်ဆိပ်ရည် (ပ) မောင် ပေါ်ထွန်း
ချစ်ဆိပ်ရည် (ဒု) မောင် ပေါ်ထွန်း
ငွေပူ (ပ) မောင် မြင့်ကြွယ်
ငွေပူ (ဒု) မောင် မြင့်ကြွယ်
မမြင်ကွယ်ရာ (ပ) မောင် မြင့်ကြွယ်
မမြင်ကွယ်ရာ (ဒု) မောင် မြင့်ကြွယ်
ကျားကုတ်ကျားခဲ မောင် မိုးသူ
စိန့်ပီတာစဘတ်မှလူ မောင် မိုးသူ
သူနိုင်ကိုယ်နိုင် (ပ) မောင် မိုးသူ
သူနိုင်ကိုယ်နိုင် (ဒု) မောင် မိုးသူ
သဲကြီ:မဲကြီ: (ပ) မောင် မိုးသူ
သဲကြီ:မဲကြီ: (ဒု) မောင် မိုးသူ
အာဖရိကဧကရီ မိုးဇော်ဟိန်း
နီဂိုရှေးတား (ပ) မောင် မျိုးထွန်း
နီဂိုရှေးတား (ဒု) မောင် မျိုးထွန်း
နီဂိုရှေးတား (တ) မောင် မျိုးထွန်း
သေမင်းနောက်သို့ ခြေရာကောက်သော် (ပ)
သေမင်းနောက်သို့ ခြေရာကောက်သော် (ဒု)
ပစ်မှတ်ငါး (ပ) ချစ်ဝင်းညွန့်
ပစ်မှတ်ငါး (ဒု) ချစ်ဝင်းညွန့်
အနေရဲရဲ အသေရဲရဲ (ပ) မောင် မြင့်ကြွယ်
အနေရဲရဲ အသေရဲရဲ (ဒု) မောင် မြင့်ကြွယ်
ဆဋ္ဌမသုခရိပ်မြုံ မောင် ထွန်းသူ
ရေပွက်ပမာ မြသန်းတင့်
လေထန်ကုန်း ကျော်လှိုင်ဦး
ရွှေကုန်သည် (ပ) မောင် မြင့်ကြွယ်
မဟာဘီလူး (ပ) အထောက်တော် လှအောင်
အံ့ဖွယ်ကမ္ဘာနှင့် တိမ်မြုပ်နေသောသင်္ချိုင်းဂူ မောင် မြင့်ကြွယ်

မောင် ပေါ်ထွန်း

နတ်နွယ်

ဖုန်းမို

လင်းယုန်မောင်မောင် မောင် မိုးသူ

အထောက်တော် လှအောင်

မောင် သက်နောင်

ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ[ပြင်ဆင်ရန်]

စဉ် ခေါင်းစီး စာရေးသူ ထုတ်ဝေနှစ် မှတ်ချက်
ဆေးပညာရှာ ခရီးသည် ကမ္ဗောဇ ခင်လှိုင် ၁၉၈၆
ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက်အကြောင်း (ပ) ဆန်းလွင်
ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက်အကြောင်း (ဒု) ဆန်းလွင်
ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက်အကြောင်း (တ) ဆန်းလွင်
ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက်အကြောင်း (စ) ဆန်းလွင်
ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက်အကြောင်း ဆန်းလွင်
ဒုတိယအရွယ် မန်းတင်
ဒုတိယအရွယ် ၂ မန်းတင်
ဉာဏ်လမ်းပေါ်လျှောက် လူတစ်ယောက် ဆန်းလွင်

အတ္ထုပ္ပတ္တိ[ပြင်ဆင်ရန်]

စဉ် ခေါင်းစီး စာရေးသူ ထုတ်ဝေနှစ် မှတ်ချက်
စာပေရုပ်ပုံလွှာ လင်းယုန်မောင်မောင် ၁၉၈၅
တိမူး တက္ကသိုလ် မောင်မောင်ကြီး ၁၉၇၉
ထိပ်ဆုံ:ကစပိုင် ဆန်းလွင် ၁၉၈၇ "Ace of Spies"

by Robin Bruce Lockhart

မွန်ဂိုဘုရင် ဂျင်ဂစ်ခန် တက္ကသိုလ် မောင်မောင်ကြီ: ၁၉၈၁ "Genghis Khan"

by Harold Lamb

ကိုးကား[ပြင်ဆင်ရန်]

  1. ခိုင်ဇွန်မောင်မောင်၊ "ဘဝတက္ကသိုလ်စာပေတိုက် သမိုင်းအကျဉ်းချုပ်နှင့် ယင်းတိုက်ထုတ်စာအုပ်များ စာစုစာရင်း"။ ရန်ကုန်။ ၂၀၀၆။