ဘလပိတိယနည်းပညာကောလိပ်

ဝီကီပီးဒီးယား မှ

ဘလပိတိယနည်းပညာကောလိပ် သည် သီရိလင်္ကာနိုင်ငံ၊ ဂယ်လီခရိုင်၊ ဘလပတိယမြို့တွင် တည်ရှိသည့် ကောလိပ်တစ်ခု ဖြစ်သည်။ ၁၉၈၂ တွင် တည်ထောင်ခဲ့သည်။ ကောလိပ်ကို နည်းပညာပညာရေးနှင့် လေ့ကျင့်ရေးဌာနက ထိန်းချုပ်ထားသည်။[၁]

တိုးချဲ့မှု[ပြင်ဆင်ရန်]

၂၀၀၇ ခုနှစ်တွင် Hilfswerk Austria သည် ကောလိပ်သို့ လိုအပ်သည့်ပစ္စည်များ အပြည့်အစုံတပ်ဆင်ထားသည့် အဆောက်အဦတစ်ခုကို လှူဒါန်းခဲ့သည်။ ၎င်းအဆောက်အဦတွင် စာကြည့်တိုက်နှစ်ခုနှင့် ကွန်ပျူတာဓာတ်ခွဲခန်းတစ်ခု ပါဝင်သည်။ ကုန်ကျစရိတ် ရူပီ သန်း ၂၀ ရှိခဲ့သည်။[၂] ဆိုလာစွမ်းအင်ထောက်ပံ့ထားသည့် လျှပ်စစ်နှင့် ကွန်ပျူတာဓာတ်ခွဲခန်းကို ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ၎င်းပရောဂျက်ကို ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက ဒီဇိုင်းဆွဲခြင်း၊ စီမံမှုများ လုပ်ဆောင်ခဲ့သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. "Technical College Balapitiya"၊ Department of Technical Education and Training၊ 2 March 2012။ 3 March 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 16 January 2014။ 
  2. "Hilfswerk Austria donates water treatment plant"၊ Sunday Observer၊ 2 September 2007။ 25 February 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။ 
  3. "KOICA Helps Technical Training New Computer Lab For Balapitiya TC"၊ Ceylon Daily News၊ 4 August 2011။ 2 March 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 11 July 2012။