ဘရေမာ၊ ကိုလံဘို

ဝီကီပီးဒီးယား မှ
Braemar
အထွေထွေ အချက်အလက်များ
မြို့Colombo
နိုင်ငံSri Lanka
ပြီးစီး1938
ပိုင်ဆိုင်သူJ. R. Jayewardene Centre

ဘရေမာ သည် သီရိလင်္ကာ၏ သမ္မတဟောင်း J. R. Jayewardene ၏ နေအိမ် ဖြစ်သည်။ Jayewardene နှင့် သူ၏ဇနီး Elina တို့သည် ၎င်းအိမ်ကို ၁၉၃၈ ခုနှစ်တွင်တည်ဆောက်ခဲ့သည်။ ကိုလံဘိုမြို့၊ Ward Place တွင် တည်ရှိသည်။ [၁]

နဂိုမူလအိမ်ကို တည်ဆောက်ခဲ့သူမှာ စာချုပ်စာတမ်းသက်သေခံရှေ့နေ နှင့် အောင်မြင်သည့်စီးပွားရေးသမားဖြစ်သူ Gilbert Leonard Rupasinghe ဖြစ်သည်။ စကော့တလန်နိုင်ငံ၊ Aberdeenshire ရှိ ဘရေမာကျေးရွာကို ရည်ညွှန်းကာ ထိုအိမ်ကိုဘရေမာဟု အမည်ပေးခဲ့သည်။ Rupasinghe သည် Jayewardene ၏ ဇနီးဖြစ်သူ wife Elina Bandara Rupasinghe ၏ ဖခင်ဖြစ်သည်။ Jayewardene နှင့် Elina married တို့သည် ၁၉၃၅ ခုနှစ်တွင် လက်ထပ်ထိမ်းမြားကြသည့်အခါတွင် သူတို့သည် Vaijantha ရှိ Jayewardene ၏ မိဘများနေအိမ်သို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ဇနီးမောင်နှံနှစ်ဦးတို့သည် အိုမင်းနေသည့် ဘရေမာနေအိမ်နှင့် မြေနေရာကို ဖျက်ဆီးခဲ့ကြပြီး အိမ်အသစ်တစ်လုံးကို ဆောက်ခဲ့ကြသည်။ ထိုအိမ်အမည်ကိုလည်း ဘရေမာဟုပင် ဆက်လက်ခေါ်ဝေါ်ခဲ့ကြသည်။ ထိုသို့ပြောင်းရွှေ့ပြီး မကြာမီ ထိုအိမ်သည် J. R. Jayewardene နှင့် Elina တို့၏ သေဆုံးသည်အထိ နေထိုင်ခဲ့သည့် နေအိမ်ဖြစ်ခဲ့သည်။ သူ၏ ဝန်ကြီးချုပ်နှင့် သမ္မတအဖြစ် တာဝန်ရှိစဉ်ကာလအတွင်း မြေငှားရမ်းမှုများတွင် Jayewardenes သည် ဘရေမာကို သမ္မတ၏ အိမ်အဖြစ် တရားဝင်ကျန်ရှိနေစေခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Madam Elina Jayewardene။ 16 May 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 May 2021 တွင် ပြန်စစ်ပြီး။