ဘရစ်ဂန်
ပုံပန်းသွင်ပြင်
| ဘရစ်ဂန်* | |
|---|---|
| UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
| တည်ရှိသည့် နိုင်ငံ | |
| အမျိုးအစား | ယဉ်ကျေးမှု |
| ရွေးချယ်သည့်စံနှုန်း | iii |
| ကိုးကား | ၅၉ |
| ဒေသ** | ဥရောပနှင့် မြောက်အမေရိက |
| သတ်မှတ်ခြင်း မှတ်တမ်း | |
| စတင်သတ်မှတ်ခြင်း | ၁၉၇၉ (တတိယအကြိမ်) |
| * ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ | |
ဘရစ်ဂန် (ဆိပ်ကမ်း) အား တစ်ဆကီ ဘရစ်ဂန် (ဂျာမန်ဆိပ်ကမ်း) ဟုလည်း ခေါ်ကြပြီး နော်ဝေနိုင်ငံ ဘာဂန်မြို့ ဗော်ဂန်ဆိပ်ကမ်း၏ အရှေ့ဘက်ရှိ ဟန်းဆတစ် စီးပွားရေး ဆိုင်ရာ အဆောက်အဦးများ ဖြစ်ကြသည်။ ဘရစ်ဂန်သည် ၁၉၇၉ ခုနှစ်မှစ၍ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် ယဉ်ကျေးမှု နေရာစာရင်းတွင် ပါဝင်ခဲ့သည်။
ဘာဂန်မြို့အား ၁၀၇၀ ခုနှစ်တွင် တစ်ဆကီ ဘရစ်ဂန်၏ မူလ နယ်နိမိတ် အတွင်း တည်ထောင်ခဲ့သည်။ ၁၃၅၀ တွင် ဟန်းဆတစ် ကုန်သည်အသင်း၏ ကွန်တိုးခေါ် ပြည်ပကူးသန်းရောင်းဝယ်ရေး နေရာ တစ်ခု အဖြစ်တည်ထောင်ခဲ့ပြီး တစ်ဆကီ ဘရစ်ဂန်သည် နော်ဝေရှိ ဟန်းဆတစ် ကုန်သည်အသင်း၏ ကူးသန်းရောင်းဝယ်ရေး ဌာနတစ်ခု ဖြစ်လာခဲ့သည်။ ယနေ့ခေတ်တွင် ဘရစ်ဂန်၌ ပြတိုက်များ၊ ဈေးဆိုင်များ၊ စားသောက်ဆိုင်များနှင့် ပပ်ဘ် များ ရှိသည်။