မာတိကာသို့ ခုန်သွားရန်

ဘယ်လဲ ညာတောင် ဥစ္စာပြောင်၊ ဘယ်ထောင် ညာလဲ တက်တက်မွဲ

ဝီကီပီးဒီးယား မှ

ဘယ်လဲ ညာတောင် ဥစ္စာပြောင်၊ ဘယ်ထောင် ညာလဲ တက်တက်မွဲ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]ချိုတည်လူး၊ အိမ်ဦးမှာချည်၊ ဥစ္စာတည်” ဟူသော ဆိုရိုးစကားနှင့်လည်း ဆက်စပ်မှုရှိသည်။

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

“ဘယ်လဲ ညာထောင် ဥစ္စာပြောင်၊ ဘယ်ထောင် ညာလဲ တက်တက်မွဲ” ဆိုသည်မှာ နွားချိုပုံစံပေါ်မူတည်၍ အိမ်ထောင်ရေး သို့မဟုတ် စီးပွားရေး ကံကြမ္မာကို ယုံကြည်သော ဆိုရိုးစကားဖြစ်သည်။ ချိုတစ်ဖက်က အောက်သို့ စိုက်နေပြီး ကျန်တစ်ဖက်က အပေါ်သို့ ထောင်နေသော နွားကို မွေးမြူပါက ဥစ္စာပစ္စည်းများ ဆုံးရှုံးတတ်သည်ဟု ယုံကြည်ကြသည်။ ချိုနှစ်ဖက်စလုံး အောက်သို့ စိုက်နေသော နွားကို မွေးမြူပါကလည်း ဆင်းရဲမွဲတေတတ်သည်ဟု ယုံကြည်ကြသည်။ ဤဆိုရိုးစကားသည် ရှေးခေတ် မြန်မာလူမျိုးတို့၏ အယူအဆများနှင့် ယုံကြည်မှုများကို ဖော်ပြသည့်အပြင် တိရစ္ဆာန်များနှင့် လူတို့၏ ဘဝဆက်စပ်မှုကိုလည်း ထင်ရှားစေသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • "ဦးချိုနှင့်ပတ်သက်၍ ဘယ်လဲ ညာထောင် ဥစ္စာပြောင်၊ ဘယ်ထောင် ညာလဲ တက်တက်မွဲဟု ဆိုစမှတ် ပြုကြသည်။" []
  • "လူတို့အဆိုမှာ ဘယ်ထောင် ညာလဲ တက်တက်မွဲ ဟူ၍လည်းကောင်း၊ ဘယ်လဲ ညာထောင် တက်တက်ပြောင် ဟူ၍လည်းကောင်း ဆိုကြသည်။ ယင်း နွားများကို လက်ခံထားလျှင် ဥစ္စာပစ္စည်းများ တက်တက်မွဲ၊ တက်တက်ပြောင် တတ်သည်ဟု အယူရှိကြသည်။" []

ဆက်စပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၃၁၇] ပုံပြဆေး၊ ဆ၊ ဒု။ ၁၀။
  3. [၁၃၄၃] စစ်ပြန်၊ ၃၂။ ၇၂။