မာတိကာသို့ ခုန်သွားရန်

ဘယ်လိုပင်ကျိန်ဆဲ ကြောင်းကုန်မှကွဲ

ဝီကီပီးဒီးယား မှ

ဘယ်လိုပင်ကျိန်ဆဲ ကြောင်းကုန်မှကွဲ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]ဘယ်လိုပင်ဆုတောင်း ကြောင်းပါမှပေါင်း” ဟူသော ဆိုရိုးစကားနှင့် ဆက်စပ်၍လည်း အသုံးပြုလေ့ရှိသည်။

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

“ဘယ်လိုပင်ကျိန်ဆဲ ကြောင်းကုန်မှကွဲ” ဆိုသည်မှာ လူနှစ်ဦးသည် မည်မျှပင် အချင်းချင်း မုန်းတီး၍ ကွဲကွာစေရန် ကျိန်ဆဲမှုများ ပြုလုပ်စေကာမူ ကြောင်း (ကံကြမ္မာ၊ ရေစက်) က မကုန်သေးသရွေ့ ကွဲကွာမည် မဟုတ်ဟု ဆိုလိုသည်။ လူတို့၏ ဆန္ဒ သို့မဟုတ် ပြုလုပ်မှုများထက် ကံကြမ္မာ၏ စီရင်မှုသည် ပို၍ အရေးပါကြောင်းကို ဤဆိုရိုးစကားက ဖော်ပြသည်။ လူနှစ်ဦး၏ ဆက်ဆံရေးသည် ကံကြမ္မာ၏ စီရင်မှုအပေါ်တွင် မူတည်ပြီး လူတို့၏ ကြိုးစားမှုဖြင့် ပြောင်းလဲရန် မလွယ်ကူကြောင်းကိုလည်း ဆိုလိုသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • "မုန်းပါတယ်ဆို ဘယ်လိုပင်ကျိန်ဆဲ ကြောင်းကုန်မှကွဲ၊ ချစ်ပါတယ်ဆို ဘယ်လိုပင်ဆုတောင်း ကြောင်းဆုံမှပေါင်း ဟူသော လောက ဥပဒေသည် ခင်မောင်မြင့်နှင့် ခင်မြမြအား ထုခြေနှိပ်စက်ခဲ့၏။" []

ဆက်စပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၃၁၄] သွေး။ ၂၂၄။