ဘမြင့် (ရုပ်ရှင်သရုပ်ဆောင်)

ဝီကီပီးဒီးယား မှ

ဘမြင့် (၁၉၀၈-၁၉၈၂) သည် မြန်မာ့ရုပ်ရှင်သရုပ်ဆောင်ဖြစ်သည်။

ဘမြင့်သည် ၁၉၀၈ ခုနှစ်တွင် ရန်ကုန်တိုင်း ခရမ်းသုံးခွမြို့နယ်၊ ဣဿရရွာ၌ အဖဦးဘရှင်၊ အမိဒေါ်ဖွားရှိတို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ မောင်လှ ဖြစ်သည်။ မွေးချင်းနှစ်ဦးအနက် အကြီးဖြစ်သည်။ ရန်ကုန်မြို့ ရေကျော်ရပ် မက်သဒစ်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ အသက် (၂၅) နှစ်အရွယ် ပဲရော့ရုပ်ရှင်နှင့် ဆက်သွယ်ပြီး ရုပ်ရှင်စတင်ရိုက်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ရန်ကုန်မြို့ဆိပ်ကမ်းရုံး၌ စာရေးအဖြစ် ခေတ္တမျှ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ရုပ်ရှင်ဆက်လက်ရိုက်ကူးခဲ့သည်။ ရုပ်ရှင်သရုပ်ဆောင်လုပ်ရင်း ရန်ကုန်ရုပ်ရှင်ကုမ္ပဏီတွင် ကားငှားမန်နေဂျာအဖြစ်ဆောင်ရွက်ခဲ့သည်။ ၂၁-၃-၁၉၈၂ ခုနှစ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွန်လွန်ချိန်တွင် ဇနီး ဒေါ်ခင်ညွန့်နှင့် သားသမီးငါးယောက် ကျန်ရစ်ခဲ့သည်။

ရိုက်ကူးခဲ့သည့် ရုပ်ရှင်ကားများ[ပြင်ဆင်ရန်]