ဘတ်စ် (ကွန်ပျူတာ)

ဝီကီပီးဒီးယား မှ

ဝိုင်ယာအစုအဝေးတစ်ခုဖြစ်သည်။ ယင်းဝိုင်ယာအစုအဝေးမှတဆင့် အချက်အလက်များကို ကွန်ပြူတာ၏အစိတ်အပိုင်းတစ်ခုမှ တစ်ခုသို့ ထုတ်လွှင့်သည်။ Bus တစ်ခုကို ကွန်ပျူတာအတွင်း ချက်အလက်များ ခရီးသွားနေသည့် အမြန်လမ်းမတစ်ခုအဖြစ် စဉ်းစားနိုင်သည်။ Personal computer (PC) များအား ရည်ညွှန်းသုံးစွဲသည့်အခါ bus ဟူသော ဝိုင်ယာအစုအဝေးက ကွန်ပြူတာအားလုံးကို CPU နှင့် ပင်မမှတ်ဉာဏ်တို့နှင့် ဆက်သွယ်ပေးသည်။ CPU နှင့် ပင်မမှတ်ဉာဏ်တို့နှင့် ဆက်သွယ်ပေးသည်။ CPU နှင့် ပင်မမှတ်ဉာဏ်တို့ access လုပ်ရန် expansion slot များကို စွမ်းဆောင်ပေးသည့် expension bus တစ်ခုလည်း ရှိသေးသည်။ Bus အားလုံးတွင် အစိတ်အပိုင်း နှစ်ခုပါရှိသည်။ Adress bus တစ်ခုနှင့် Data bus တစ်ခုတို့ ဖြစ်ကြသည်။ Data bus သည် အချက်အလက်အစစ်အမှန်များကို လွှဲပြောင်းပေးသည်။ Address bus က အချက်အလက်များ မည်သည့်နေရာသို့ သွားသင့်သည်ဆိုသည့် သတင်းများ လွှဲပြောင်းပေးသည်။ Width ဟု သိထားကြသည့် bus တစ်ခု၏ အရွယ်အစားသည် အရေးကြီးသည်။ အကြောင်းမှာ တစ်ကြိမ်လျှင် အချက်အလက် မည်မျှထုတ်လွှင့်သည်ကို width က ဆုံးဖြတ်ပေးသောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် 16 bit bus တစ်ခုသည် အချက်အလက် 16 bit ထုတ်လွှင့်ပေးနိုင်သည်။ 32 bit bus တစ်ခုသည် အချက်အလက် 32 bit ထုတ်လွှင့်ပေးနိုင်သည်။ Bus တိုင်းတွင် MHz ဖြင့် တိုင်းတာသည့် clock speed တစ်ခုရှိသည်။ မြန်ဆန်သည့် bus တစ်ခုသည် အချက်အလက်များကို မြန်ဆန်စွာ ထုတ်လွှင့်ခွင့်ပြုသည်။ ဤသို့ဖြင့် application များကို မြန်ဆန်စွာ run လုပ်စေသည်။ PC များပေါ်တွင် ISA bus အဟောင်းများကို PCI ကဲ့သို့ ပို၍မြန်ဆန်သည့် bus များဖြင့် အစားထိုးလျက်ရှိသည်။ ယနေ့ထုတ်လုပ်သည့် PC အများစုသည် မြန်ဆန်သည့် အချက်အလက်ပြောင်းနှုန်း လိုအပ်သည့် Video data ကဲ့သို့ အချက်အလက်များအတွက် local bus တစ်ခုပါရှိသည်။ Local bus သည် မြန်နှုန်းမြင့် လမ်းကြောင်းတစ်ခု ဖြစ်ပြီး Processer သို့ တိုက်ရိုက်ဆက်သွယ်ပေးသည်။ Apple macintosh ကွန်ပြူတာများပေါ်တွင် bus အမျိုးအစားမျိုးစုံ အသုံးပြုထားသည်။ Mac အဟောင်းများသည် Nu Bus ဟု ခေါ်သည့် bus ကို အသုံးပြုပြီး Mac အသစ်များတွင် PCI ကို အသုံးပြုသည်။