ဘင်္ဂလားဆီးသီး

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဘင်္ဂလားဆီးသီးကို အင်္ဂလိပ်လို အေပရီ ကော့ဟု ကမ္ဘာအနှံ့အပြား သိရှိကြသည်။ ရုက္ခဗေဒ အလိုအား ဖြင့် ရိုဇေးစီအီးမျိုးရင်းတွင် ပါဝင်သော ယင်းအပင်သည် သစ်ပင်လတ်စားမျိုးဖြစ်၍၊ တရုတ်နိုင်ငံတွင် စတင်ပေါက် ရောက်သည်ဟု ယူဆကြသည်။ အရွက်မှာ ဘဲဥပုံသဏ္ဌာန်ရှိ၍ အနားတွင် ခပ်ကျဲကျဲ အထစ်များရှိပြီးလျှင် ထိပ်ဖျားချွန်များ သည် စု၍သော်လည်းကောင်း၊ တစ်ပွင့်ချင်းသော်လည်းကောင်း ပွင့်ကြသည်။ ပန်းသည် အဖြူတွင် ပန်းရောင်သွေးစွန်းလျှက် ရှိတတ်သည်။ အရွက်ညွန့်များ မထွက်မီသော်လည်းကောင်း၊ အရွက်ညွန့်များနှင့် တစ်ချိန်တည်းသော်လည်းကောင်း ထွက်ပေါ် လာတတ်သည်။ ပွင့်ဖတ်များကြွေရာမှ သီးကင်းများ ဖြစ်လာ သည်။ အသီးမှာ အရည်ရွှမ်းသော အကာသား၊ ယင်း၏အတွင်း အလွန်မာသော အစေ့ခွံနှင့် အစေ့ခွံအတွင်း၌ တစ်ခုတည်းသော အစေ့ရှိသည်။ အစေ့ခွံမှာ ချောမွတ်၍ နခမ်းသည် ထူပြီးလျှင် အရစ်ရှိသည်။

ဘင်္ဂလားဆီးသီးပင်ကို အပူပိုင်း ဒေသ၌ အောင်မြင်စွာ စိုက်ပျိုး၍ မရရှိနိုင်ဟု ယခုအချိန်ထိ ယူဆကြသည်။ အိန္ဒိယ နိုင်ငံမြောက်ပိုင်းရှိ ပေတစ်သောင်းခန့်မြင့်သော တောင်ပေါ် ဒေသများ၊ တိဗက်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ဆီးရီးယားနိုင်ငံ၊ အီရန်နိုင်ငံ၊ အင်္ဂလန်ပြည် အစရှိသော ဒေသများတွင် အသီး စားပင်အဖြစ် အောင်မြင်စွာ စိုက်ပျိုးကြသည်။ ယင်းအပင်ကို ရေကောင်းစွာ စီးဆင့်သည့် ထုံးကျောက်နုံးမြေတွင် အောင်မြင် စွာ စိုက်ပျိုးနိုင်သည်။ ရေကောင်းစွာ စီးဆင့်သည့် ၃ ပေခန့် နက်သော သဲနုံမြေတွင် စိုက်ပျိုးပါက အသီးကောင်းစွာ ရရှိနိုင် သည်။ မသင့်လျော်သောမြေတွင် စိုက်ပျိုးပါက ခေါင်းညွန့် ကိုက်ခြောက်ခြင်း၊ အမြစ်တွင် ကရောင်ဂေါခေါ် ရောဂါ ကျရောက်ခြင်းများ တွေ့ရှိသည်။ စကလာရိုတီးနီးယား ဖရက်တီဂျီနားခေါ် မှိုမျိုးကြောင့် အသီးပုပ်ခြင်း၊ စကလာ ရိုတီးနီးယား လာဇာကြောင့် ပန်းပွင့်နှင့် ကိုင်းညွန့်များ ည|ိုးခြင်း ရောဂါများလည်း ဖြစ်ပေါ်တတ်သည်။ ပုပ်သော အသီးများကို မြေမြှုပ်ခြင်း၊ ည|ိုးသောပန်း၊ အကိုင်းများကို ဖြတ်၍မီးရှို့ဖျက်စီးခြင်းဖြင့် ထိုရောဂါများ ပြန့်ပွားမှုကို ကာကွယ်နိုင်သည်။ အပင်များပျိုးရန် ကိုင်းကူး၍ ပြန်လည် စိုက်ပျိုးနိုင်သည်။

ဘင်္ဂလားဆီးသီးသည် အရသာ အလွန်ကောင်း၍ အခြောက်ခံထားသော အသီးများကို ကမ္ဘာအနှံ့စားသုံးရန် တင်ပို့ရောင်းချကြသည်။ အသားသာမဟုတ် အစေ့ခွံတွင်းမှ အစေ့ကလည်း အရသာဆိမ့်သဖြင့် လူတို့နှစ်သက်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၇)