ဘင်း ရှာဖွေရေး အင်ဂျင်

ဝီကီပီးဒီးယား မှ
Bing
Bing logo as of October 2020
ဝဘ်ဆိုဒ် အမျိုးအစား
ရှာဖွေရေး အင်ဂျင်
ဖတ်ရှုရရှိနိုင်မှုဘာသာစကား ၄၀
ပိုင်ဆိုင်သူMicrosoft
ဖန်တီးသူMicrosoft
ဝဘ်ဆိုဒ်bing.com
Alexa အဆင့် 17 (December 2015)[၁]
စီးပွားရေးYes
မှတ်ပုံတင်ခြင်းOptional (Microsoft account)
လွှင့်တင်ခြင်းဇွန် ၃၊ ၂၀၀၉; ၁၄ နှစ် အကြာက (၂၀၀၉-၀၆-03)
အသုံးပြုထားသည့် ပရိုဂရမ်းမင်းASP.NET[၂]

Microsoft မှ ထုတ်လွှင့်ထားသည့် စာသား အသုံးပြု အင်တာနက် ရှာဖွေရေး လုပ်ဆောင်ချက် ဖြစ်သည်။ ၂၀၀၉ ခုနှစ် ၊ မေလ (၂၉) ရက်က စတင်မိတ်ဆက်သည်။ ၎င်းသည် Microsoft ၏ နာမည်ကြီး ကွန်ယက် ရှာဖွေရေး လုပ်ဆောင်ချက်ဖြစ်သည့် Live Search ကို အစားထိုးသည့် ဝန်ဆောင်မှုလည်း ဖြစ်သည်။ အများပြည်သူတို့ ဝင်ရောက်ကာ အပြည့်အဝ သုံးစွဲနိုင်သည့် နေ့ရက်မှာ ၂၀၀၉ ခုနှစ် ၊ ဇွန်လ (၃) ရက်နေ့ဖြစ်ပြီး Bing မှာ ဈေးကွက်ဝေစု အချို့ကို ရနေပြီဟု သိရသည်။

သိသာ ထင်ရှားသည့် အပြောင်းအလဲ တစ်ခုမှာ ရှာလိုသည့် စာသားကို ရိုက်ထည့်နေချိန်တွင် ဖြစ်နိုင်ချေရှိသော စာသားများပါသည့် ရလဒ်စာရင်းကို အချိန်နှင့် တပြေးညီ ဖော်ပြပေးသည့် ရလဒ်ကို ထည့်သွင်းထားသည်။ ထိုနည်းပညာကို Powerset မှ နည်းပညာကို အခြေခံထားသည်။ Powerset ကုမ္ပဏီကို မိုက္ခရိုဆော့(ဖ်)က ၂၀၀၈ ခုနှစ်က ဝယ်ယူခဲ့သည်။ Windows Live SkyDrive ၊ Facebook နှင့် email တို့မှတဆင့် သိမ်းထားသည်များနှင့် မျှဝေ သုံးစွဲထားသည်များကို ပြန်လည်ကြည့်ရှုနိုင်သည့် စနစ်လည်းပါဝင်သည်။

၂၀၀၉ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့တွင် ထုတ်ပြန်ကြေညာသည့် ကြေညာချက်အရ Yahoo! နှင့် ပူးတွဲကာ Yahoo! Search ကို Bing မှ အားဖြည့်မည်ဖြစ်ကြောင်း သိရသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

MSN ရှာဖွေရေး[ပြင်ဆင်ရန်]

၁၉၉၈ ခုနှစ်တွင် စတင်သည့် မိုက္ခရိုဆော့(ဖ်)၏ ကွန်ယက်ရှာဖွေရေး လုပ်ငန်းစဉ်ဖြစ်သည်။ ထိုစဉ်အခါက Looksmart ကုမ္ပဏီမှ ရသော အဖြေရလဒ်များကို ဖော်ပြပေးသည်။ ၁၉၉၈ ခုနှစ်တွင် AltaVista မှ ရလဒ်များကို ဖော်ပြပေးသည်။ နောက်ပိုင်းတွင် ကိုယ်ပိုင် ရှာဖွေရေး လုပ်ငန်းစဉ်ဖြင့် အစားထိုးသည်။ ဓာတ်ပုံများကို ရှာဖွေရာတွင် Picsearch မှ ရလဒ်များကို အသုံးပြုသည်။ အခပေး သုံးစွဲရသည့် စနစ်ဖြစ်သည်။

Windows Live Search[ပြင်ဆင်ရန်]

MSN Search ကို အစားထိုးသည့် Windows Live Search ကို အများပြည်သူ အသုံးပြုနိုင်သည့် ရှာဖွေရေး လုပ်ငန်းစဉ်အဖြစ် ၂၀၀၆ ခုနှစ် ၊ မတ်လ (၆) ရက်နေ့တွင် စတင်ခဲ့ပြီး ၂၀၀၆ ခုနှစ် ၊ စက်တင်ဘာလ (၁၁) ရက်တွင် နောက်ဆုံးအကြိမ် မွမ်းမံသည်။ ရှာဖွေလိုသည့် အမျိုးအစားများကို Web ၊ News ၊ Image ၊ Desktop ၊ Local နှင့် Microsoft Encarta ဟူ၍ ကဏ္ဍခွဲပေးထားပြီး လိုအပ်သည်များကို အမျိုးအစား ခွဲခြားကာ ရှာဖွေနိုင်သည်။ ရှာဖွေလိုသည့် အကြောင်းအရာအလိုက် Web (အင်တာနက်ရှိ ကွန်ယက်စာမျက်နှာ)၊ News (သတင်းများ)၊ Image (ပုံအမည်ဖြင့်)၊ Local (သတ်မှတ်ပေးထားသည့် ဒေသအလိုက် သတင်း၊ ထူးခြားချက်၊ အလုပ်အကိုင် အခွင့်အလမ်း) နှင့် Microsoft Encarta (စွယ်စုံကျမ်း) ဟူ၍ အမျိုးအစား ခွဲခြား ရှာနိုင်သည်။

Windows Live Search ကို အသုံးပြု၍ တစ်လလျှင် မေးခွန်းပေါင်း ၂.၅ ကုဋေကို တန်ဖိုးရှိ၍ တိကျသော အဖြေများ ပေးနိုင်ရန် ရည်ရွယ်ထားသည်။ MSN Search မှ Windows Live Search သို့ အမည်ပြောင်းလိုက်စဉ် Picsearch ကို အသုံးမပြုတော့ဘဲ ကိုယ်ပိုင် ပုံရှာဖွေရေး နည်းလမ်းကို အသုံးပြုသည်။

Live Search[ပြင်ဆင်ရန်]

၂၀၀၇ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့တွင် Windows Live ဝန်ဆောင်မှုများမှ ခွဲထုတ်ကာ အမည်သစ် Live Search အဖြစ် ဝန်ဆောင်မှု လုပ်ငန်းများကို ထမ်းဆောင်နေကြောင်း မိုက္ခရိုဆော့(ဖ်)မှ ကြေညာသည်။ Live Search နှင့် Ad Platform တို့ကို ပူးပေါင်းစေကာ Live Search အဖြစ် ဆက်လက် လည်ပတ်စေသည်။ ပြောင်းလဲမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် Live Search ကို Microsoft AdCenter နှင့် ပူးပေါင်းလိုက်သည်။

မိုက္ခရိုဆော့(ဖ်)၏ ရှာဖွေ တွေ့ရှိသမျှ သတင်းအချက်အလက်များကို Live Search ၏ ခေါင်းစဉ်အောက်တွင် ဖော်ပြပေးသည်။ ၂၀၀၈ ခုနှစ်၊ မေလ (၂၃) ရက်နေ့တွင် Live Search Books နှင့် Live Serch Academic ဝန်ဆောင်မှုများကို ရပ်စဲလိုက်သည်။ Live Search Books Publisher Program လည်း ရပ်တန့်သွားသည်။ ၂၀၀၈ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့၌ Windows Live Expo ကို ဖြုတ်သည်။ သုံးစွဲသူများမှ ကိုယ်ပိုင် ရှာဖွေရေး လုပ်ဆောင်ချက် (search engine) ကို ရေးသားခွင့်ပေးသာ Live Search Macro ကိုလည်း ဖြုတ်သည်။ ၂၀၀၉ ခုနှစ် မေလ (၁၅) ရက်နေ့တွင် Live Product Upload ကို ရပ်စဲသည်။ နောက်ဆုံးဖွဲ့စည်းသည့် Live Search QnA ကို MSN QnA အဖြစ်သို့ ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် အမည်ပြောင်းခဲ့သော်လည်း ၂၀၀၉ ခုနှစ်၊ မေလ(၂၁) ရက်နေ့တွင် ရပ်စဲလိုက်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Bing.com Site Info။ Alexa Internet။ 7 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 28, 2015 တွင် ပြန်စစ်ပြီး။
  2. Roger Chapman။ Top 40 Website Programming Languagesroadchap.com။ 27 September 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 6, 2011 တွင် ပြန်စစ်ပြီး။