ဘဂျီး ရောင်ဝ် ၁

ဝီကီပီးဒီးယား မှ
ရှရီမန့်တ် ပေ့ရှ်ဝါ ဘဂျီး ရောင်ဝ် ၁
မာရထာအင်ပါယာ၏ သတ္တမမြောက်ဝန်ကြီးချုပ်
ဘဂျီး ရောင်ဝ် ၁ ၏ ပုံ၊ ပန်းချီဆရာတစ်ဦး၏ ပုံဖော်ချက်၊ ၁၈ ရာစု၊ မူဂယ်လ်လက်ရာ
နန်းသက်၁၇ ဧပြီ ၁၇၂၀ - ၂၈ ဧပြီ ၁၇၄၀
နန်းတက်ချိန်၁၇ ဧပြီ ၁၇၂၀
ရှေ့မင်းဆက်ဘာလာဂျီး ဗိရှ်ဝါနသ်
နောက်မင်းဆက်ဘာလာဂျီး ဘဂျီး ရောင်ဝ်
မွေးဖွား၁၈ ဩဂုတ် ၁၇၀၀
ဒုဘေရေ၊ ဆင်းနာ၊ မာရထာအင်ပါယာ
ကွယ်လွန်၂၈ ဧပြီ ၁၇၄၀ (၃၉ နှစ်)
ရဗေရ်ခေဒီ၊ မာရထာအင်ပါယာ
သားသမီးများဘာလာဂျီး ဘဂျီး ရောင်ဝ်
ရာဂူနသ် ရောင်ဝ်
ဂျနာ့ဓန် ရောင်ဝ်
ရှမ်ရှား ဗဟာဒူး ၁
စံအိမ်ဘတ်မိသားစု
မင်းဆက်မာရထာအင်ပါယာ
ခမည်းတော်ဘာလာဂျီး ဗိရှ်ဝါနသ်
မယ်တော်ရာဓါဘိုင် ဘာရ်ဗေ

ဝိသဇိ[၁] အဖြစ် မွေးလာပြီး ဘဂျီးရောင်ဝ် ဘလ်လာလ်[၂] ဟုလည်း သိကြသည့် ဘဂျီး ရောင်ဝ် ၁ (ဩဂုတ် ၁၈၊ ၁၇၀၀ - ဧပြီ ၂၈ ၁၇၄၀) သည် မာရထာ အင်ပါယာ၏ သတ္တမမြောက် ပေ့ရှ်ဝါ (ဝန်ကြီးချုပ်) ဖြစ်သည်။ အငြင်းပွားစရာ အကြောင်းအရာ[၃][၁] တစ်ခုဖြစ်သော သူ၏ မွတ်ဆလင်အမျိုးသမီးနှင့် ဆက်ဆံရေးကို အိန္ဒိယ ဝတ္ထုများ နှင့် ရုပ်ရှင်တွင် ဆီလျော်အောင် ထည့်သွင်းဖော်ပြကြသည်။[၄][၅][၆]

မာရထာအင်ပါယာ သမိုင်းတွင် ရှီဗာဂျီး ပြီးလျှင် ဘဂျီး ရောင်ဝ်သည် အမွမ်းအတင်ခံရဆုံးသောပုဂ္ဂိုလ် ဖြစ်သည်။ သူ၏ အောင်မြင်မှုများမှာ အိန္ဒိယတောင်ပိုင်းတွင် မာရထာတို့ အသာစီးရအောင် ကြိုးပမ်းခြင်း နှင့် အိန္ဒိယမြောက်ပိုင်းတွင် မာရထာတို့ နိုင်ငံရေးအရ လွှမ်းမိုနိုင်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ သူ၏ ဝန်ကြီးချုပ်အဖြစ် ထမ်းရွက်ခဲ့သည့် အနှစ် ၂၀ ကာလအတွင်း ပါးလ်ခေဒ် တိုက်ပွဲတွင် နီဇမ်း-ဥလ်-မုလ်ခ်ကို နှိမ်နှင်းခြင်း၊ ဂျန်ဂျီရာဒေသရှိ ဆစ်ဒီစ်တို့ထံမှ ကွန်းကန်ဒေသကို မော်လ်ဝါ၊ ဘွန်ဒဲလ်ခန် နှင့် ဂူဂျရတ်ဒေသတို့နှင့် လဲလှယ်စေခြင်းအားဖြင့် ထိုဒေသများအပေါ် မာရထာအင်အား ဖြန့်ကျက်ခြင်း နှင့် ပေါ်တူဂီတို့၏ လက်အောက်မှ အနောက်အိန္ဒိယ ကမ်းရိုးတန်းဒေသကို လွတ်မြောက်စေခဲ့သည်။


ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Chhabra, G. S. (2005) [1971]. Advanced Study in the History of Modern India (Volume 1: 1707–1813) (Revised ed.). Lotus Press. p. 19. ISBN 978-81-89093-06-8.
  2. Gokhale, Sandhya (2008). The Chitpavans: social ascendancy of a creative minority in Maharashtra, 1818–1918. Shubhi. p. 82. ISBN 978-81-8290-132-2.
  3. Mehta, Jaswant Lal (2005). Advanced Study in the History of Modern India: 1707 – 1813. New Delhi: New Dawn Press. p. 97,215. ISBN 9781932705546. The reputation of the young Peshwa as a brilliant military general soared very high...","They objected to the marriage of Baji Rao with Mastani...
  4. "Peshwa Bajirao Review: Anuja Sathe shines as Radhabai in the period drama", India Today, 25 January 2017
  5. Jha, Subhash K (19 October 2015). "Bajirao Mastani review: This gloriously epic Priyanka, Deepika and Ranveer-starrer is the best film of 2015". Firstpost. Retrieved 19 October2015.
  6. Inamdar, N. S. (20 October 2016). Rau – The Great Love Story of Bajirao Mastani. Pan Macmillan. ISBN 978-1-5098-5227-7.