ဗွီအိတ်ချ်ဒီအယ်လ်

ဝီကီပီးဒီးယား မှ

ဗွီအိတ်ချ်ဒီအယ်လ် (VHDL) သည် ပရိုဂရမ် ရေးသားထည့်သွင်းနိုင်သော ဟတ်ဝဲလ်များတွင် အသုံးပြုသော ပရိုဂရမ်းမင်း ဘာသာစကား တစ်မျိုးဖြစ်ပြီး အီလက်ထရွန်းနစ် ဒီဇိုင်းများကို ပိုမိုလွယ်ကူစေရန် အတွက် အသုံးပြုသည်။ အက်ဖ်ပီဂျီအေ (FPGA) ခေါ် ပရိုဂရမ် ထည့်သွင်းနိုင်သော ချစ်ပ်များ နှင့် အိုင်စီပတ်လမ်းများ အတွက် ပရိုဂရမ် ရေးသားရာတွင် အသုံးပြုလေ့ ရှိသည်။

ဗွီအိတ်ချ်ဒီအယ်လ်ကို ပရိုဂရမ်းမင်း ဘာသာစကားဟု ခေါ်ဆိုနိုင်သော်လည်း အခြားသော ပရိုဂရမ်းမင်း ဘာသာစကားများမှ အထူး ကွဲပြားခြားနားသည်။ အခြားသော ပရိုဂရမ်းမင်း ဘာသာစကားများတွင် ရေးသားထားသော အမိန့်ပေးချက်များကို ပထမ စာကြောင်း မှ နောက်ဆုံးစာကြောင်း အထိ အစီအစဉ် အလိုက် လုပ်ဆောင်လေ့ ရှိသော်လည်း ဗွီအိတ်ချ်ဒီအယ်လ်တွင်မူ ရေးသားထားသော အမိန့်ပေးချက်များ အားလုံး တပြိုင်နက်တည်း လုပ်ဆောင်လေ့ ရှိသည်။