ဗြောသံကြားနှင့် တရားနာ

ဝီကီပီးဒီးယား မှ

ဗြောသံကြားနှင့် တရားနာသည် မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ဧကန်ဧက မသိမမြင်ဘဲ ဗြောသံကြားရုံနှင့် တရားနာရန်ရှိသည်ဟု အထင်နှင့် ရမ်းဆပြောဆိုသကဲ့သို့ ကိုယ်တိုင် မတွေ့မမြင်ရဘဲ အထင်နှင့် ရမ်းဆပြောဆိုသည်။

  1. "မင်းတို့လက်ထပ်ပွဲကလည်း မသေမချာနှင့် ရေရေရာရာ မရှိပါဘူး။ ဗြောသံကြားနှင့် တရားနာ ဆိုတာလို တို့ဖြင့် မကြိုက်ပါဘူး။" [၁၂၈၀] ပညာအလင်း၊ ၂။ ၁။ ၇၈။
  2. "ပုစွန်စားရင် သွေးတက်မယ်၊ ငှက်ပျောသီးစားရင် ချွဲထတတ်သတော့ ဟူသော ဗြောသံကြားရရုံနှင့် တရားနာခဲ့ကြရင်းက သောကကြုံခဲ့ကြရတော့သည်။" [၁၃၂၇] ရှေ့သို့၊ ၇၊ ၇။ ၂၀။

ကိုးကား[ပြင်ဆင်ရန်]