ဗျာပါဆံ
ဗျာပါဆံဟူသည် ရှေးမိန်းမငယ်များ နားနောက်၌ ခပ်တိုတိုဖြတ်၍ချထားသော ဆံပင်ပုံစံကို ခေါ်သည်။ အင်းဝခေတ်တွင် ပေါ်လာသော်လည်း အမရပူရခေတ်တွင် ထင်ရှားသည်။ [၁] ပူပန်သောက (ဗျာပါ) ရှိသူတို့ ဆံမသိမ်းနိုင်သဖြင့် ထိုသို့ကျသည်ကို တင့်တယ်ဟန်ထင်ကာ အတုလိုက်ရာမှ အလေ့ဖြစ်ဟန်တူကြောင်း ဦးဖိုးလတ်က ဆိုထားသည်။ [၂]
ပေါ်ပေါက်လာပုံ
[ပြင်ဆင်ရန်]ရှင်မြတ်လှ (မင်းမြတ်လှ) သည် မိဖုရားကြီးဖြစ်ရန် မျှော်မှန်းသော်လည်း ဘုရင်မင်းခေါင်က မိုးညှင်းမြို့စား မင်းဥဒိန် နှင့် စုံဖက်ပေးရန် စီစဉ်သည်။ [fn ၁] အမိန့်အား မလွန်ဆန်ဝံ့ရာ မြစ်ဆိပ်သို့ဆင်း၍ လှေနံ၌ဆံထုံးတင်ဖြတ်ပြီး ရေ၌ မျှောသည်။ အထုံးပြတ်သော်လည်း ဆံတိုဆံစများမှာ ကားရယားဆင်း၍ တစ်မျိုးကြည့်ကောင်းနေရာ အမိန့်ပြန်သူ ဘိုးရာဇာက "ကပိုကရို ဗျာဆံဝိုက်နှင့် နန်းထိုက်တဲ့တို့ခင်လေး" ဟု မင်္ဂလာစကား ဆိုသည်မှသည် ဗျာပါဆံ ဟူ၍ ပေါ်ပေါက်လာသည်။ [၃]
စာပေထဲက ဗျာပါဆံ
[ပြင်ဆင်ရန်]ရာမ ရကန်
[ပြင်ဆင်ရန်]ဦးတိုးက ရာမရကန်၌
ဗျာပါဆံစွယ်စုံကို အပုံကြီးလည်းမချဘူး ပါးအထက်မှာငှက်လိပ်ပြာပျံ ရွှေတာင်ပံသွဲ့ နွဲ့သနှင့်စိမ်းသနှင့် ပလိမ်းတုံးမို့ လက်သန်းလုံးခန့် ယဉ်စံ့လို့ချတတ်သည့် မိန်းမဂုဏ်စံ နည်းရစ်တန်နှင့်
ဟု ဆိုထားသည်။
သံဝေဂ လေးဆစ်သဖြန်
[ပြင်ဆင်ရန်]မိဖုရား ရှင်မင်းက သံဝေဂလေးဆစ်သဖြန်တွင်
ဗျာကေ[fn ၂]ကို သာခွေရုပ်ပါလို့
ခွံလျှော်တေ ဖန်ရေအုပ်ကယ်နှင့်
လဲ့လုပ်ကဲ့ ကြော့ဒေဝီမှာ
ယောဂီတို့ ကျင့်နည်း
ဟု စပ်ဆိုဖူးသည်။