ဗောက်ထခြင်း

ဝီကီပီးဒီးယား မှ
microscopic image of dandruff flake

ဗောက်ထခြင်းသည်ဦးခေါင်း၏ရေပြားရှိ Epidermis လို့ခေါ်တဲ့အရေပြားရဲ့အပေါ်ဆုံးအလွှာကဆဲလ်များသေဆုံးခြင်းဖြစ်ပြီးထိုဆဲလ်များသေဆုံးခြင်းကိုဗောက်ထခြင်းဟုခေါ်ဆိုသည်။ဗောက်ထခြင်းကို မှိုရောဂါတစ်မျိုးလို့ ဆိုကြပေမယ့်(၁၀၀)ရာနှုန်းပြည့်မှန်ကန်မှူ့မရှိပါ။ဖောက်ထခြင်းသည် ဦးရေပြားဆိုင်ရာ ပြဿနာဖြစ်ပြီး ကျား၊ မ မရွေး၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါသောရောဂါဖြစ်သည်။ဗောက်ထခြင်းကဆံပင် ကျွတ်စေနိုင်ပြီးဆံသားတွေရဲ့ သန်စွမ်းမှုကို ထိခိုက်စေနိုင်ပြီး ဆံသားအမြစ်တွေရဲ့ ကျန်းမာမှုကို အားနည်းစေသည်။ဗောက်များသည်ဆံသားတွေကိုအာဟာရစုပ်ယူမှုကိုလည်း အဟန့်အတားဖြစ်စေနိုင်ပြီး ဆံသားများကျန်းမာမှုကိုပါထိခိုက်စေပါသည်။


ဗောက်ထခြင်းအကြောင်းအရင်း[ပြင်ဆင်ရန်]

ဗောက်ထခြင်းသည်အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တက်ပြီးသောအရေပြားရောဂါဖြစ်ပြီး အများအားဖြင့် ဦးရေပြားခြောက်သွေ့ခြင်း ၊ ဦးရေပြားအဆီပြန်ခြင်း ၊ ခေါင်းမလျှော်ခြင်း၊ စိတ်ဖိစီးမှူများခြင်း၊ မှိုပိုးကူးစက်ခံရခြင်း၊ဆံသားသုံး ပစ္စည်းများနှင့်ဓာတ်မတည့်ခြင်း ဖြစ်တက်ပါသည်။ဗောက်ထခြင်းသည်အများအားဖြင့် ဆောင်းရာသီတွင်အဖြစ်များပြီးဗောက်ထ​ခြင်းပြဿနာသည်ကမ္ဘာ့လူဦးရေ ၅၀ ရာခိုင်နှုန်းလောက် ဗောက်ပြဿနာကိုခံစားနေရဦးခေါင်းခွံအရေပြားရောဂါဖြစ်သည်။

ကာကွယ်ခြင်း[ပြင်ဆင်ရန်]

ဗောက်ထခြင်းမှ ကာကွယ်နိုင်ရန် ဗောက်ပျောက်ခေါင်းလျှော်ရည်ဖြင့်ပုံမှန်လျှော်ပေးခြင်းနှင့် အဆီဓာတ် ထိန်းပေးခြင်းတို့ကသာအထိရောက်ဆုံးဖြစ်သည်။

ဗောက်ထခြင်းလက္ခဏာများ[ပြင်ဆင်ရန်]

ဦးရေပြားက မကြာခဏ ယားယံနေပြီး ခေါင်းဖြီးလိုက်တိုင်း အဖြူရောင်အရေပြားဆဲလ်သေအမှုန့် အချပ် အဖတ်များထွက်ခြင်းကျခြင်း၊ ဦးရေပြားမှာ ဆီလို ချွဲကျိနေတဲ့ အကွက်တွေ ဖြစ်ခြင်း၊ အသားထဲက တစ်ခုခု ထိုးနေသလို ခံစားရခြင်းများဖြစ်တက်ပါသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. https://hellosayarwon.com/skin-health/hair-scalp-care/can-dandruff-cause-hair-loss/