ဗုဒ္ဓအလင်းအပြည်ပြည်ဆိုင်ရာအဖွဲ့

ဝီကီပီးဒီးယား မှ

ဗုဒ္ဓအလင်းအပြည်ပြည်ဆိုင်ရာအဖွဲ့ (တရုတ်: 國際佛光會; ပင်ယင်: Guójì fóguāng huì; ပေဝေဂျီ: kok-chè Hu̍t-kong ē)BLIA ဟု များသောအားဖြင့် သိကြသည့် ဤအဖွဲ့အစည်းသည် ရဟန်းများနှင့် ကိုးကွယ်ယုံကြည်သူများပါဝင်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ အဖွဲ့ကို Hsing Yun က ၁၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ဤအဖွဲ့သည် ထိုင်ဝမ်ရှိ အကြီးဆုံးဗုဒ္ဓဘာသာအဖွဲ့တစ်ခု ဖြစ်သည့် Fo Guang Shan နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

၂၀၀၃ ခုနှစ်တွင် United Nations Economic and Social Council (ECOSOC) နှင့် အများပြည်သူဆိုင်ရာ သတင်းအချက်အလက်ဌာန(DPI)က BLIA ကို NGO အဖွဲ့အဖြစ် အသိအမှတ်ပြု ခွင့်ပြုခဲ့သည်။

ယခင်က ကူမင်တန်ပါတီ၏ ဥက္ကဋ္ဌဖြစ်ခဲ့ဖူးသူ Wu Po-hsiung သည် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး BLIA ၏ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသည်။[ကိုးကားချက်လိုသည်]

ကမ္ဘာလုံးဆိုင်ရာ ရုံးချုပ်သည် ကယ်လီဖိုးနီးယားပြည်နယ်၊ Hacienda Heights ရှိ Hsi Lai ကျောင်းတော်တွင် တည်ရှိသည်။

BLIA ဝဘ်ဆိုက်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]