ဗုဒ္ဓအထိမ်းအမှတ်ဥယျာဉ်

ဝီကီပီးဒီးယား မှ
ဗုဒ္ဓအထိမ်းအမှတ်ဥယျာဉ်
बुद्ध स्मृति पार्क
Buddha Memorial Park
ဥယျာဉ်အတွင်းရှိ အဓိကစေတီတစ်ဆူ
ဗုဒ္ဓအထိမ်းအမှတ်ဥယျာဉ် သည် ပတ္တနမြို့ တွင် တည်ရှိသည်
ဗုဒ္ဓအထိမ်းအမှတ်ဥယျာဉ်
ပတ္တနမြို့ရှိ တည်နေရာ
အမျိုးအစားUrban park
တည်နေရာဖရေဇာလမ်း၊ ပတ္တနမြို့၊ အိန္ဒိယနိုင်ငံ
ကိုဩဒိနိတ်25°36′24″N 85°8′10″E / 25.60667°N 85.13611°E / 25.60667; 85.13611ကိုဩဒိနိတ်: 25°36′24″N 85°8′10″E / 25.60667°N 85.13611°E / 25.60667; 85.13611
ဧရိယာ22 acre[၁]
လုပ်ကိုင်သူBihar Urban Infrastructure Development Corporation[၂]
ဖွင့်လှစ်အမြဲတမ်း
လက်ရှိ အခြေအနေActive
ကုန်ကျငွေ၁၂၅ crore (US$၁၉ သန်း)[၃]
ဝက်ဘ်ဆိုက်ဒ်buddha-smriti-park.com

ဗုဒ္ဓအထိမ်းအမှတ်ဥယျာဉ် သည် အိန္ဒိယနိုင်ငံဗီဟာပြည်နယ်ပတ္တနမြို့ရှိ ပတ္တနာဂျန်းရှင်း အနီး ဖရေဇာလမ်းမတွင် တည်ရှိသည်။[၁] ဥယျာဉ်ကို ဗီဟာအစိုးရက ဗုဒ္ဓ၏ ၂၅၅၄နှစ်ပြည့် မွေးနေ့ကျင်းပရန် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။[၄] ထိုဥယျာဉ်ကို ၁၄ ယောက်မြောက် ဒလိုင်းလားမားက ဖွင့်လှစ်ပေးခဲ့သည်။[၅]

အကျဉ်းချုပ်[ပြင်ဆင်ရန်]

ဥယျာဉ်ကို ဗြိတိသျှကာလက တည်ရှိခဲ့သည့် သမိုင်းဝင်အချက်အချာ Bankipur ထောင်နေရာတွင် တည်တောက်ခဲ့ခြင်း ဖြစ်သည်။ Patna မြို့ပြင်ဘက် Beur တွင် ဗဟိုထောင်အသစ်ကို တည်ဆောက်ပေးခဲ့သဖြင့် ထောင်အဟောင်းသည် မလိုအပ်ဘဲ ပိုလျှံနေသည်။ ဗီဟာ၏ ဝန်ကြီးချုပ်ဖြစ်သည့် Nitish Kumar ကို စီမံခဲ့ခြင်း ဖြစ်သည်။ တိဘက်ဘာသာရေးခေါင်းဆောင်ဖြစ်သည့် ဒလိုင်းလားမားသည် ၂၀၁၀ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် ဥယျာဉ်ကို ဖွင့်လှစ်ပေးခဲ့သည်။ ထို့အပြင် အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာနှင့် သီရိလင်္ကာနိုင်ငံ၊ အနုရာဓပူရမှ ပင့်ဆောင်လာခဲ့သည့် မဟာဗောဓိညောင်ပင်နှစ်ပင်ကို စိုက်ပျိုးခဲ့သည်။ သီရိလင်္ကာနိုင်ငံ၊ အနုရာဓပူရမှ မဟာဗောဓိညောင်ပင်သည် ဗုဒ္ဓဂါယာရှိ မူရင်းအပင်မှ အကိုင်းကို အသောက၏သား Mahendra က ယူဆောင်လာခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။ သီရိလင်္ကာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် ထိုအပင်မှ အပင်ပျိုကို ဥယျာဉ်တွင် စိုက်ပျိုးရန် ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။

ဥယျာဉ်တွင် Patliputra Karuna စေတီသည် အဓိကနေရာ ဖြစ်သည်။ အမြင့်သည် ၂၀၀ ပေရှိပြီး ဥယျာဉ်၏ အလယ်တွင် တည်ရှိသည်။ အဓိကစေတီ၏ အတွင်းတွင် ဗုဒ္ဓ၏ အရိုးပြာအိုးကို ဌာပနာထားသည်။ ဥယျာဉ်သည် ၂၂ ဧက ကျယ်ဝန်းသည်။ အရိုးပြာအိုသည် Vaishali မှ တူးဖော်ကာ Patna ပြတိုက်တွင် ပြသထားသည်။ ဥယျာဉ်တွင် ပြတိုက်တစ်ခု ရှိသည်။ ထိုပြတိုက်တွင် ဂျပန်၊ မြန်မာ၊ တောင်ကိုရီးယား၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံတို့မှ ဗုဒ္ဓ၏ ဓာတ်တော်များကို ပြသထားသည်။

ဥယျာဉ်တွင် တရားထိုင်ရန်ခန်းမ ရှိသည်။ အသုံးပြုခသည် တစ်ယောက်လျှင် ₹20 ဖြစ်သည်။ ယခုအချိန်တွင် ဗုဒ္ဓ၏ မြင့်မားသော ဗုဒ္ဓရုပ်ပွားတော် ရှိသည်။

စိတ်ဝင်စားဖွယ် နေရာများ[ပြင်ဆင်ရန်]

လေဆာရှိုး[ပြင်ဆင်ရန်]

ညနေခင်းအချိန်တွင် ဥယျာဉ်အတွင်း၌ လေဆာရှိုး ပြသသည်။ ရာမာယနအချိန်ကာလကမှ လွတ်လပ်ရေးမရခင်အချိန်အထိ ဗီဟာ၏ သမိုင်းရာဇဝင်ကို ပြသသည်။

တရားထိုင်ရန် ဌာန[ပြင်ဆင်ရန်]

တရားထိုင်ရန် ဌာနသည် ရှေးခေတ်နာလန္ဒဘုန်းတော်ကြီးကျောင်းများကဲ့သို့ သူမတူသည့်အင်္ဂါရပ်များပါဝင်အောင် တည်ဆောက်ထားသည်။ လေအေးပေးစက်ပါဝင်သည့် အခန်း (၆၀)၊ အခန်းတစ်ခုချင်းစီတွင် စကြာမုနီဗုဒ္ဓစေတီတော်ကို ဖူးမြော်နိုင်သည့် မြင်ကွင်းပါဝင်သည်။ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် စာကြည့်တိုက်တစ်ခုနှင့် ကြီးမားသည့် Audio-Visual ခန်းမတို့ ပါဝင်သည်။ ခန်းမသည် ဥယျာဉ်သို့ လာရောက်ကြသူများအုပ်စုလိုက် အသုံးပြုနိုင်ရန် ပြုလုပ်ထားသည်။

ဥယျာဉ်၏ အမှတ်တရများ[ပြင်ဆင်ရန်]

ကမ္ဘာ့နိုင်ငံများတွင် ပူဇော်ကြသည့် စေတီများကို ဖူးမြော်လေ့လာနိုင်သည်။ စေတီတစ်ခုချင်းစီသည် သက်ဆိုင်ရာနိုင်ငံ၏ ဗိသုကာလက်ရာများအတိုင်း ပြုလုပ်ထားသည်။ ဥယျာဉ်သည် ကမ္ဘာတစ်လွှားရှိ အမျိုးမျိုးသောဒေသများသို့ ပျံ့နှံ့စေသည်။ လာရောက်သူများအတွက် ထိုင်ရန်နေရာသည် ၅၀၀၀ ဝန်းကျင် ဆံ့ပေသည်။[၆]

ပြတိုက်[ပြင်ဆင်ရန်]

ပြတိုက်အဆောက်အဦသည် ဗီဟာတွင်တွေ့ရသည့် အစောဆုံးဗုဒ္ဓဘုန်းကြီးကျောင်းလိုဏ်ဂူများနှင့် တူအောင် တည်ဆောက်ထားသည်။ ပြတိုက်တွင် ဗုဒ္ဓ၏ ဘဝဖြစ်စဉ်၊ ဗုဒ္ဓ၏ မူလအသုံးအဆောင်ပစ္စည်းများ၊ 3-D ပုံစံများ၊ audio — visual medium နှင့် ရုပ်သံပြသမှုများလည်း ရှိပေသည်။

စေတီတော်[ပြင်ဆင်ရန်]

ထိုဥယျာဉ်၏ ဗဟိုနေရာသည် စကြာမုနိဘုရား၏ ဓာတ်တော်များကို ဌာပနာကာ တည်ထားသည့် စေတီတော် ဖြစ်သည်။ ဓာတ်တော်များကို လုံခြုံသော ဖန်သားထဲတွင် ထည့်ထားပြီး မြင်တွေ့ဖူးမြော်နိုင်ပေသည်။ ဂျပန်၊ မြန်မာ၊ တောင်ကိုရီးယား၊ ထိုင်း၊ သီရိလင်္ကာ၊ တိဗက်တို့မှ အမွေအနှစ်ဓာတ်တော်များကို ဖူးမြော်နိုင်ပေသည်။

မဟာဗောဓိညောင်ပင်[ပြင်ဆင်ရန်]

ဥယျာဉ်တွင် ဗောဓိညောင်ပင်ပျိုများ ရှိပေသည်။ ထိုအပင်များကို သီရိလင်္ကာနိုင်ငံ၊ Mahameghavana Anuradhapura နှင့် အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာတို့မှ ရယူစိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Dalai Lama inaugurates Patna's Buddha Smriti ParkIANS။ Deccen Herald (27 May 2010)။ 19 March 2015 တွင် ပြန်စစ်ပြီး။
  2. Sobriety first for Buddhist conclavetelegraphindia.com။ Yahoo News (4 January 2013)။ 19 March 2015 တွင် ပြန်စစ်ပြီး။
  3. AAROHI KESHAV (16 February 2011)။ Odd timings keep monks away from Buddha park။ The Telegraph။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 March 2015 တွင် ပြန်စစ်ပြီး။
  4. Urban Development & Housing Dept BUDDHA SMRITI PARK Archived 6 June 2016 at the Wayback Machine. Bihar Urban
  5. Dalai Lama inaugurates Buddha Smriti Park in Patna The Hindu. Retrieved May 27, 2010
  6. Laser lessons on Buddha at park။ The Telegraph (20 July 2012)။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 March 2015 တွင် ပြန်စစ်ပြီး။