ဗုဒ္ဓမ္မရာဇမဟာဝိဟာရ

ဝီကီပီးဒီးယား မှ
ဗုဒ္ဓမ္မရာဇမဟာဝိဟာရ
බුද්දම රජ මහා විහාරය
အချက်အလက်များ
တည်နေရာBuddama, Sri Lanka
ကိုဩဒိနိတ်07°02′28.4″N 81°29′20.4″E / 7.041222°N 81.489000°E / 7.041222; 81.489000ကိုဩဒိနိတ်: 07°02′28.4″N 81°29′20.4″E / 7.041222°N 81.489000°E / 7.041222; 81.489000
ဘာသာရေး နှီးနွယ်မှုBuddhism
ခရိုင်Monaragala
စီရင်စုUva Province
နိုင်ငံသီရိလင်္ကာနိုင်ငံ
အမွေအနှစ် သတ်မှတ်ခြင်းArchaeological protected monument (22 November 2002)[၁]
ဗိသုကာ
ဗိသုကာ အမျိုးအစားBuddhist Temple
ဗိသုကာ စတိုင်Cave temple
ပြီးစီး3rd century BC

ဗုဒ္ဓမ္မရာဇမဟာဝိဟာရ သည် သီရိလင်္ကနိုင်ငံ၊ Monaragala ခရိုင်၊ Buddama ရွာတွင်တည်ရှိသည့် သမိုင်းဝင်ဂူကျောင်းတစ်ခု ဖြစ်သည်။[၂] ဗုဒ္ဓမ္မရွာသည် Siyambalanduwa မြို့တွင် တည်ရှိသည့် ကျေးလက်ရွာတစ်ခုဖြစ်ပြီး ဤရွာသည် နိုင်ငံ၏ လူများအစောဆုံးအခြေချနေထိုင်ခဲ့သည့် နေရာတစ်ခုလည်း ဖြစ်သည်။ လက်ရှိအချိန်တွင် ကျောင်းတော်ကို သီရိလင်္ကာနိုင်ငံအစိုးရက ရှေးဟောင်းသုတေသနနယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားသည်။[၃]

သမိုင်း[ပြင်ဆင်ရန်]

မဟာဝံသကျမ်းနှင့် ကျောင်းဝင်းအတွင်းရှိ ကျောက်စာများတွင် ဖော်ပြထားသည်များအရဆိုပါက ဗုဒ္ဓမ္မကျောင်းတော်ကို ၃ ရာစုက တည်ဆောက်ခဲ့သည်။ ဤကျောင်းတော်အကြောင်းကို Uva စီရင်စုနယ်ရှိ အရေးပါသည့် ဗုဒ္ဓဘာသာကျောင်းတော်များအကြောင်းကို မှတ်တမ်းတင်ထားသည့် Uva Viharawamsa တွင် လည်း ရေးသားထားသည်။ ၎င်းတွင် ဗုဒ္ဓမ္မတွင် အစောပိုင်းဗုဒ္ဓဘာသာဝင်များသည် ဝတ်ပြုဆုတောင်းမှုများ ပြုကြသည်ဟု ဖော်ပြထားသည်။ အနုရာဒပူရခေတ်အတွင်း နိုင်ငံရှိဗုဒ္ဓဘာသာဆိုင်ရာအခြေအနေများ မတိုင်မီက ဤကျောင်းတော်သည် လက်မှုပညာသည်များကို ပညာသင်ကြားပေးရာနေရာတစ်ခု ဖြစ်ခဲ့သည်။ နောင်အခါမှ ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်လာခဲ့သည်။

ကျောင်းပရဝုဏ်ရှိ ကျောက်စာများတွင် ဖော်ပြထားသည်များနှင့် အခြားသော အရင်းအမြစ်များအရ ကျောင်းတော်သည် အချိန်နှင့်အမျှ ဘုရင်များ၏ အားပေးကူညီမှုများကို ရရှိခဲ့သည်။ ကျောင်းတော်ရှိ ကျောက်စာများတွင် တောင်ပိုင်းဒေသဘုရင် Udaya I (883 – 896) သည် သူအုပ်ချုပ်စဉ်ကာလ၌ ကျောင်းတော်သို့ ကျေးရွာများကို လှူဒါန်းခဲ့သည်။ ဘုရင် Parakramabahu I (1153-1186) သည် ဗုဒ္ဓမ္မကျောင်းတော်ကို အလယ်ဗဟိုထားရှိကာ အုတ်ချုပ်ရေးခရိုင်များကို ပြုလုပ်ခဲ့သည်။ Kandyan ခေတ်ကာလတွင် Sri Wickrama Rajasingha (1747 – 1781) က ကျောင်းတော်ကို ပြုပြင်မွမ်းမံခြင်းများ ပြုလုပ်ခဲ့သည်။[၄]

နံရံများ[ပြင်ဆင်ရန်]

ကျောင်းတော်သည် ဂူပေါင်း ၂၀ ကျော် ပါဝင်ဖွဲ့စည်းထားသည်။ အဓိကကျောက်ဂူသည် အနည်းငယ်အစွန်းထွက်နေပြီး အများကြီး မမြင့်ပေ။ ၎င်းတွင် Kandyan ခေတ်ပုံစံများအတိုင်း ပြလုပ်ထားသည့် နံရံပန်းချီများနှင့် ပန်းပုများ တည်ရှိသည်။ [၅]အဝင်ပေါက်သည် ရွှံ့စေးဖြင့် ပြုလုပ်ထားသည့် Makara Thorana (နဂါးပေါင်းကူးအခုံး) ဖြင့် အလှဆင်ထားသည်။ အဓိကခန်းမတွင် လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် အခြားထိုင်တော်နှင့် ဗုဒ္ဓရုပ်ပွားတော်များများစွာကို ဖူးမြင်နိုင်သည်။ အဓိကဗုဒ္ဓရုပ်ပွားတော်ကြီးကို ဘုရင် Rajadhi Rajasingha လက်ထက်က ပြုလုပ်ခဲ့သည်ဟု ယုံကြည်ရသည်။ [၆]ဂူ၏ မျက်နှာကြက်တွင် အမျိုးမျိုးသော ပန်းပုံစံဒီဇိုင်းများဖြင့် အလှဆင်ထားပြီး နံရံများတွင် ဇာတကလာ ဇာတ်တော်များကို ရေးဆွဲထားသည်။

ကျောက်စာ[ပြင်ဆင်ရန်]

ဗုဒ္ဓမ္မဂူရှိ ကျောက်စာ[ပြင်ဆင်ရန်]

Period: 3rd BC-1st centuries AD, Script: Early Brahmi, Language: Old Sinhala
Content: "This inscription records donation of a cave to Buddhist Sangha by a teacher named Gupta, the grand son of the village councilor Vasabha and the son of Sumana"

ကိုးကား[ပြင်ဆင်ရန်]

  1. "Gazette" (22 November 2002). The Gazette of the Democratic Socialist Republic of Sri Lanka 1264. 
  2. Buddama Raja Maha Viharaya။ tourty.com။ 19 November 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 January 2017 တွင် ပြန်စစ်ပြီး။
  3. Protercted Monument List 2012-12-12Department of Archaeology (12 December 2012)။ 23 November 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 January 2017 တွင် ပြန်စစ်ပြီး။
  4. Monaragala Buddama Rajamaha Viharaya – බුද්දම රජමහා විහාරය။ Amazinglanka။ 20 January 2017 တွင် ပြန်စစ်ပြီး။
  5. Perera၊ Chaminda (3 July 2013)။ Buddhama cave temple facing destructionDaily News (Sri Lanka)။ 20 January 2017 တွင် ပြန်စစ်ပြီး။
  6. Wijesinghe၊ Mahil (11 August 2013)။ Rich tapestry of Buddhist heritageSunday Observer (Sri Lanka)။ 20 January 2017 တွင် ပြန်စစ်ပြီး။