ဗုဒ္ဓစေတီတော်

ဝီကီပီးဒီးယား မှ

ဗုဒ္ဓစေတီတော် သည် အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှ ၁၆၀ ကီလိုမီတာအကွာ Haryana ရှိ Kurukshetra တက္ကသိုလ်၏ အရှေ့မြောက်ဘက်ရှိ အနုပညာဌာန၏ အနီးတွင် တည်ရှိသည်။

သမိုင်း[ပြင်ဆင်ရန်]

တရုတ်လူမျိုး ဘုရားဖူး Yuan Chawang သည် အိန္ဒိယသို့ လာရောက်လေ့လာခဲ့သည်။ ထိုကာလ သူဘုရားဖူးသွားရောက်ခဲ့စဉ်က Thanesar တွင် ဗုဒ္ဓဘာသာကျောင်းသုံးကျောင်းရှိပြီး ဟီနာယာနဘာသာဝင် ၇၀၀ ကျော်ရှိသည်ဟု ဆိုခဲ့သည်။ စေတီများထဲမှ စေတီတစ်ဆူ၏ ကျန်ရှိနေသည်များကိုမူ Brahma Sarovara နှင့် Kurukshetra တက္ကသိုလ်ကြားတွင် တွေ့ရသည်။[၁]

ဗိသုကာလက်ရာ[ပြင်ဆင်ရန်]

စေတီ၏ကုန်းမြေမို့သည် မြေပြင်မှ လေးမီတာပတ်ဝန်းကျင်ခန့် မြင့်၏။ စေတီတော်တည်ရှိရာ ဧရိယာမြေသည် ခန့်မှန်းခြေ သုံးဧကခန့် ကျယ်ဝန်းသည်။ မီးလောင်နေသည့် အုတ်အဆောက်အဦငါးခုကို ကုန်းမြေမို့ ရှာဖွေမှုများပြုလုပ်စဉ်အခါက ပြုပြင်မွမ်းမံခဲ့သည်။ ပထမဆုံးအဆောက်အဦသုံးခုမှ ပထမတစ်ခုကို Kushana ကာလ၊ ဒုတိယတစ်ခုကို Gupta ကာလ၊ တတိယတစ်ခုကို Vardhana ကာလနှင့် medieval ကာလနောက်ပိုင်းတွင် တည်ဆောက်ခဲ့သည်။ Harsha ကာလတွင်ကျမှ အဆောက်အဦးအားလုံးကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအဆောက်အဦတို့ကို အပြင်ဘက်မှ စေတီငုံကာ စေတီကို အဆင့်ငါးဆင့်ဖြစ် တည်ခဲ့သည်။ အဆောက်အဦ၏ နံရံသည် ၃ မီတာကျယ်ဝန်းပြီး မီတာသုံးဆယ်အထိ ရှင်းလင်းခံခဲ့ရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Buddhist Stupa At Kurukshetra (in en-US) (2012-03-31)။ 24 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 October 2020 တွင် ပြန်စစ်ပြီး။