ဗုဒုရုဝဂလ

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 6°41′13″N 81°04′42″E / 6.68694°N 81.07833°E / 6.68694; 81.07833

ဗုဒုရုဝဂလရှိ ဗုဒ္ဓရုပ်ပွားတော် သုံးဆူ

ဗုဒုရုဝဂလ သည် သီရိလင်္ကာနိုင်ငံတွင် တည်ရှိသည့် ရှေးဟောင်းဗုဒ္ဓဘာသာနေရာတစ်ခု ဖြစ်သည်။ ၎င်းတွင် မဟာယာနအတွေးအခေါ်များပါဝင်ပြီး ရုပ်ပွားတော်ခုနစ်ဆူ ပါဝင်သည်။ ထိုရုပ်ပွားတော်များသည် ၁၀ ရာစုက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ကြီးမားသည့် ဗုဒ္ဓရုပ်ပွားတော်ကြီးတွင် သရွတ်ကိုင်ထားသည် မူလသင်္ကန်းတော်နှင့် ရှည်လျားသည့်လိမ္မော်ရောင်အစင်းကြောင်းများသည် တစ်ချိန်တစ်ခါက တောက်ပစွာဆေးခြယ်ထားခဲ့သည်ကို သိရှိနိုင်သည်။

The figures are thought to date from around the 10th century and belong to the Mahayana Buddhist school, which enjoyed a brief heyday in Sri Lanka during this time.

အမည်[ပြင်ဆင်ရန်]

ဗုဒုရုဝဂလ ဆိုသည်မှာ “ဗုဒ္ဓဘာသာပန်းပုကျောက်ဆောင်” ဟု အဓိပ္ပာယ်ရသည်။ ဗုဒုရုဝဂလ ဆိုသည့် စကားလုံးမှာလည်း ဗုဒ္ဓ (ဗုဒု)၊ ရုပ် (ရူဝ) နှင့် ကျောက် (ဂလ) တို့မှ ဆင်းသက်လာသည်။ လာရောက်လည်ပတ်သူ အများစုသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြီး ကျောင်းတော်သို့ လာရောက်သူများသည် ဗုဒုရုဝဂလ သို့လည်း သွားရောက်လည်ပတ်သင့်သည်။

တည်နေရာ[ပြင်ဆင်ရန်]

သီရိလင်္ကာနိုင်ငံ၊ မိုနရဂလခရိုင် (Monaragala), Wellawaya ၏ အရှေ့တောင်ဘက် ၄ မိုင်ခန့် (၆.၄ ကီလိုမီတာ) အကွာတွင် တည်ရှိသည်။[၁]

အရွယ်အစား[ပြင်ဆင်ရန်]

အကြီးဆုံးရပ်တော်မူဗုဒ္ဓရုပ်ပွားတော်သည် ဦးခေါင်းမှ ခြေမအထိ ၅၁ ပေ(၁၆ မီတာ) ရှိသည်။ ထိုကျွန်းတွင် အကြီးဆုံးသော ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်လည်း ဖြစ်သည်။[၂]

Avalokitesvara (the bodhisattva of compassion). To the left of this white-painted figure is a female figure thought to be his consort, Tara. Local legend says the third figure represents Prince Sudhana.
The gigantic standing Buddha – at 16m, it is the tallest on the island – in the centre still bears traces of its original stuccoed robe, and a long streak of orange suggests it was once brightly painted
The crowned figure at the centre of the group is thought to be Maitreya, the future Buddha. To his left stands Vajrapani, who holds a vajra (an hourglass-shaped thunderbolt symbol) – an unusual example of the Tantric side of Buddhism in Sri Lanka. The figure to the left may be either Vishnu or Sahampath Brahma. Several of the figures hold up their right hands with two fingers bent down to the palm – a beckoning gesture.

သမိုင်း[ပြင်ဆင်ရန်]

တာဝန်ရှိသူများက ၉ ရာစု သို့မဟုတ် ၁၀ ရာစုက ပြုလုပ်ခဲ့ကြသည်ဟု ယျေဘုယျ သတ်မှတ်ကြသည်။[၂] ဗုဒုရုဝဂလ နှင့် ပတ်သက်၍ သမိုင်းမှတ်တမ်းများစွာ မရှိပေ။ ၎င်း၏ မူလအမည်ကိုပင် မသိရှိရပေ။ ၎င်းသည် ရဟန်းများအတွက် ကျောင်းသင်္ခမ်းတစ်ခု ဖြစ်နိုင်သည်ဟု ယူဆကြသည်။ ဗုဒုရုဝဂလ ၏ ထွင်းထုထားသည်များတွင် မဟာယာနတို့၏ ဗောဓိသတ္တရုပ်ပွားတော်များ များစွာပါဝင်လျက်ရှိသည်။

မုန်ညင်းဆီသုံး မီးခွက်များ[ပြင်ဆင်ရန်]

ရုပ်ပွားတော်များ ထွင်းထုထားသည့် ထိုကျောက်ဆောင်တွင်ပင် အကျယ် ၃ ပေ (၀.၉၁ မီတာ) နှင့် အမြင့် ၄ ပေ (၁.၂ မီတာ) မြင့်သည့် ကွေးနေသည့် ပုံသဏ္ဌာန်တစ်ခုကိုလည်း ထွင်းထုထားသည်။ ၎င်းသည် မီးတောက်၏ ပုံသဏ္ဌာန် ဖြစ်သည်။ ထိုကွေးနေသည့် ပုံစံ၏ အတွင်းဘက်နံရံသည် ဆီတစ်ခုဖြင့် အမြဲတမ်းစိုစွတ်လျက်ရှိပြီး ထိုရနံသည် မုန်ညင်းဆီရနံနှင့် အလွန်တူသည်။ ထိုအဆီသည်ပင် ထိုကွေးနေသည့်ပုံစံ၏ ရှင်းပြ၍ မရနိုင်သည့် အရင်းအမြစ် သို့မဟုတ် အကြောင်းပြချက် ဖြစ်သည်။[၃]


ကိုးကား[ပြင်ဆင်ရန်]

  1. Sacred Island - A Buddhist Pilgrim's Guide to Sri Lanka Buduruvagala
  2. ၂.၀ ၂.၁ Buduruvagala, Archived copy။ 8 July 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 January 2021 တွင် ပြန်စစ်ပြီး။
  3. Buddha's Rock Mahayana Legacy at Buduruvagala