မာတိကာသို့ ခုန်သွားရန်

ဗီယက်လူမျိုး

ဝီကီပီးဒီးယား မှ
ဗီယက် သို့ ကင့်လူမျိုး
người Việt / người Kinh
ရိုးရာအာယိုင်း (Áo dài) ဝတ်ဆင်ထားသော ဗီယက်အမျိုးသမီး
လူဦးရေ စုစုပေါင်း
ခန့်မှန်းခြေ ၈၉ သန်းကျော်
အများစု နေထိုင်သည့် နေရာ
 ဗီယက်နမ်82,085,826 (၂၀၁၉ သန်းခေါင်စာရင်း)[၁]
 အမေရိကန်2,347,344 (၂၀၂၃)[၂]
 ကမ္ဘောဒီးယား400,000 – 1,000,000[၃]
 ဂျပန်634,361 (၂၀၂၄)[၄]
 ဩစတြေးလျ334,781 (၂၀၂၁)[၅]
ဘာသာစကား
ဗီယက်နမ်ဘာသာစကား
ကိုးကွယ်မှု
မဟာယာန ဗုဒ္ဓဘာသာ၊ ရိုးရာနတ်ကိုးကွယ်မှုနှင့် ကတ်သလစ် လူနည်းစု
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
အခြားသော ဗီယက်-မြေပြန့် လူမျိုးစုများ (Gia Rai, Muong, Chứt, Thổ စသည်တို့)

ဗီယက်နမ်လူမျိုး (ဗီယက်နမ်: người Việt သို့မဟုတ် người Kinh) သည် ခေတ်သစ် မြောက်ပိုင်းဗီယက်နမ်ဒေသနှင့် အာရုံမြစ် (Red River Delta) ဝှမ်းဒေသတို့မှ ဆင်းသက်လာကြသော ဩစထြိုအေးရှားတစ် ဘာသာစကား မိသားစုဝင် လူမျိုးတစ်စု ဖြစ်သည်။ ၎င်းတို့သည် ဗီယက်နမ်နိုင်ငံ၏ လူဦးရေအများဆုံး အဓိက တိုင်းရင်းသားလူမျိုးစုဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၈၅ ရာခိုင်နှုန်းကျော် ရှိသည်။ ဗီယက်နမ်နိုင်ငံအတွင်း အခြားသော တိုင်းရင်းသားလူမျိုးစုများနှင့် ကွဲပြားစေရန်အတွက် တရားဝင်အားဖြင့် ကင်းလူမျိုး (Kinh) ဟု ခေါ်ဆိုကြသည်။ ရှေးဟောင်းဗီယက်နမ်လူမျိုးများအတွက် အစောဆုံး မှတ်တမ်းတင်ထားသော သမိုင်းဝင်အမည်မှာ လပ်ခ် (Lạc / 雒) ဟု ဖြစ်သည်။

ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာ နောက်ခံ

[ပြင်ဆင်ရန်]

ပထဝီအနေအထားအရ အရှေ့တောင်အာရှဒေသတွင် တည်ရှိသော်လည်း သမိုင်းကြောင်းအရ တရုတ်နိုင်ငံ၏ ရှည်လျားသော ဩဇာလွှမ်းမိုးမှုနှင့် ယဉ်ကျေးမှု ဖလှယ်မှုများကြောင့် ဗီယက်နမ်လူမျိုးတို့၏ ယဉ်ကျေးမှုသည် အရှေ့အာရှယဉ်ကျေးမှု နယ်ပယ် (East Asian cultural sphere) နှင့် ပိုမိုနီးစပ်မှု ရှိသည်။ အထူးသဖြင့် ကွန်ဖြူးရှပ်ဝါဒ၊ တာအိုဝါဒနှင့် တရုတ်စာပေ အရေးအသားစနစ် (Chữ Hán) တို့၏ လွှမ်းမိုးမှုကို ရရှိခဲ့သည်။

"ဗီယက်" (Việt / 越) ဆိုသည်မှာ ရှေးခေတ် တရုတ်နိုင်ငံတောင်ပိုင်းနှင့် မြောက်ပိုင်းဗီယက်နမ်တစ်ဝိုက်တွင် နေထိုင်ခဲ့ကြသော ယွဲ့ (Yue) လူမျိုးစုများမှ ဆင်းသက်လာသည့် အမည်ဖြစ်ပြီး၊ "နမ်" (Nam / 南) မှာ "တောင်ဘက်" ဟု အဓိပ္ပာယ်ရသဖြင့် "တောင်ဘက်ရှိ ဗီယက်လူမျိုးများ" ဟု အဓိပ္ပာယ်ရပေသည်။

မျိုးရိုးဗီဇ

[ပြင်ဆင်ရန်]

ဗီယက်လူမျိုးများသည် အဓိကအားဖြင့် ဩစတြိုအေးရှားတစ် မျိုးရိုးဗီဇနှင့် ဆက်စပ်မှု ရှိကြပြီး၊ အချို့သော တိဗက်-ဗမာ၊ တရုတ်တောင်ပိုင်း နှင့် ခရာ-ဒိုင်း လူမျိုးဗီဇများနှင့်လည်း ပေါင်းစပ်မှု ရှိကြသည်။မျိုးရိုးဗီဇ စမ်းသပ်မှုများအရ ဗီယက်လူမျိုးများတွင် O1-M119၊ O2-M122၊ O-M95 တို့ကဲ့သို့သော အမျိုးသားမျိုးရိုး haplogroup များတွေ့ရပြီး၊ ၎င်းတို့သည် တရုတ်တောင်ပိုင်းနှင့်အရှေ့တောင်အာရှဒေသများတွင် တွေ့ရသည့် ဗီဇများဖြစ်သည်။ ထို့ကြောင့် ဗီယက် လူမျိုးသည် အရှေ့တောင်အာရှတွင် ရှေးအချိန်ကတည်းက လူမျိုးဆိုင်ရာ ပေါင်းစပ်မှုများအလွန်များသော အုပ်စုတစ်ခုဖြစ်သည်ဟု သုတေသနများ၌ ဖော်ပြထားသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

Kinh လူမျိုးသည် သမိုင်းအရ မြစ်နီမြစ်ဝှမ်း ဒေသတွင် နေထိုင်ခဲ့သော ဗီယက်မဉ်း (Viet-Muong) အုပ်စုမှ ဆင်းသက်လာသည်ဟု ယူဆကြသည်။ ဂေါင်းဘုရင်မင်းဆက်များကာလမှစ၍ Kinh လူမျိုးသည် ဒေါင်းဘုရင်မင်းဆက်၊ Ngô, Đinh, Lý, Trần မင်းဆက်များအတွင်း အဓိကလူမျိုးအဖြစ် တည်ဆောက်လာခဲ့သည်။ ထိုအချိန်အတွင်း တရုတ်နိုင်ငံ၏ သက်ရောက်မှုကြောင့် စာပေ၊ အုပ်ချုပ်မှုစနစ်နှင့် ယဉ်ကျေးမှုအပေါင်းတို့ကို စွမ်းစွမ်းတမန် သက်ရောက်ခံခဲ့ရသည်။ သို့ရာတွင် Kinh လူမျိုးသည် အချိန်အဆက်ဆက်တိုင်း တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုကို ဆန့်ကျင်၍ လွတ်လပ်ရေး ရယူရန် ကြိုးပမ်းခဲ့ကြပြီး၊ နောက်ဆုံးတွင် ၁၅ ရာစုအတွင်းမှစ၍ လွတ်လပ်သော ဗီယက်နမ်နိုင်ငံကို တည်ထောင်နိုင်ခဲ့သည်။

ယနေ့အခါ Kinh လူမျိုးသည် ဗီယက်နမ်နိုင်ငံ လူဦးရေ၏ အများစု ဖြစ်ပြီး၊ ယဉ်ကျေးမှု၊ စီးပွားရေးနှင့် နိုင်ငံရေးအရ အဓိက အခန်းကဏ္ဍ ထမ်းဆောင်နေသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ General Statistics Office of Vietnam (2019)။ Kết quả Toàn bộ Tổng điều tra dân số và nhà ở năm 2019။ Statistical Publishing House။ ISBN 978-604-75-1532-5။
  2. ↑ Asian Alone or in Combination With One or More Other Races။ United States Census Bureau။ 2024-07-28 တွင် ပြန်စစ်ပြီး။
  3. ↑ "A People in Limbo, Many Living Entirely on the Water"၊ The New York Times၊ 2018-03-28။
  4. ↑ You must specify title = and url = when using {{cite web}}.။ Immigration Services Agency (Japan) (2024-10-18)။
  5. ↑ You must specify title = and url = when using {{cite web}}.။ Australian Bureau of Statistics။