ဗီဇဲမြစ်
ပုံပန်းသွင်ပြင်
| ဗီဇဲတောင်ကြားရှိ သမိုင်းမတင်မီခေတ် ဒေသများနှင့် အလှဆင်ထားသော ကျောက်ဂူများ* | |
|---|---|
| UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
| တည်ရှိသည့် နိုင်ငံ | |
| အမျိုးအစား | ယဉ်ကျေးမှု |
| ရွေးချယ်သည့်စံနှုန်း | i,iii |
| ကိုးကား | ၈၅ |
| ဒေသ** | ဥရောပနှင့် မြောက်အမေရိက |
| သတ်မှတ်ခြင်း မှတ်တမ်း | |
| စတင်သတ်မှတ်ခြင်း | ၁၉၇၉ (တတိယအကြိမ်) |
| * ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ | |
ဗီဇဲမြစ်သည် ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ၂၁၁ ကီလိုမီတာ ရှည်လျားသော မြစ်တစ်စင်း ဖြစ်သည်။ ၎င်းသည် ဒေါ်ဒိုင်းမြစ်၏ အရေးပါသော မြစ်လက်တက် တစ်ခု ဖြစ်သည်။ အနောက်မြောက်ပိုင်း မက်ဆစ်ဖ် အလယ်ပိုင်း ကုန်းမြင့်ဟု ခေါ်သော ကုန်းပြင်မြင့် တစ်ခုမှ မြစ်ဖျားခံ စီးဆင်းသည်။
ဗီဇဲတောင်ကြားသည် သမိုင်းမတင်မီခေတ်က ရှိခဲ့သော ကျောက်ဂူများကြောင့် အလွန်ထင်ရှားသည်။ ကျောက်ဂူများ အတွင်းတွင် အမျိုးမျိုးသော ပန်းချီလက်ရာများနှင့် ကျောက်ခေတ်လူသားတို့၏ အကြွင်းအကျန်များ ရှိသည်။ ယူနက်စကိုမှ ၁၉၇၉ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်နေရာ တစ်ခု အဖြစ် သတ်မှတ်ခဲ့သည်။