ဗိုလ်မြင့်

ဝီကီပီးဒီးယား မှ

စာရေးဆရာ ဗိုလ်မြင့်ကို ပျဉ်းမနားမြို့ အဘ ကျောင်းဆရာ ဦးပု၊ အမိ ဒေါ်ခင်မမကြီးတို့မှ ၁၉၂၇ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း ငါးယောက်တွင် စတုတ္ထမြောက်ဖြစ်သည်။ ဇာတာအမည် မောင်ကျော်၊ ငယ်မည် မောင်မြင့်၊ အမည်ရင်း ဦးမြင့်နိုင် ဖြစ်သည်။

ငယ်စဉ်က (၁၉၄၂ ခုနှစ်)ပျဉ်းမနား အေဘီအမ်ကျောင်းတွင် ခုနှစ်တန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၄၆ ခုတွင် ပျဉ်းမနား (K.E.M) အမျိုးသားကျောင်း၌ ဆက်လက်ပညာသင်ကြားသည်။ ၁၉၄၇ ခုတွင် ဆယ်တန်းရောက်ပြီး ကျောင်းမှထွက်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ် မေမြို့ (ပြင်ဦးလွင်)ဗိုလ်သင်တန်းကျောင်း၌ ပဉ္စမပတ် ဗိုလ်သင်တန်း တက်ရောက်ခဲ့သည်။


၁၉၄၈-ခုတွင် ဆက်သွယ်ရေးတပ်၌ ရဲဘော်၊ ၁၉၄၉ခုတွင် တပ်ရင်း (၅)အမှုထမ်း၊ ဆက်သွယ်ရေးနည်းပြဆရာ၊ ၁၉၅ဝပြည့်နှစ်တွင် ဒုဗိုလ်၊ ၁၉၃၅တွင် ဗိုလ်ကြီးအဖြစ် အမှုထမ်းရွက်ခဲ့ပြီး ၁၉၅၃ခုနှစ် နိုဝင်ဘာလတွင် တပ်မှ နုတ်ထွက်ခဲ့သည်။ ၁၉၅⁠၅တွင် ရန်ကုန် လျှပ်စစ်ဌာန၊ ကြိုးမဲ့ကြေးနန်းဌာနတာဝန်ခံအဖြစ် လည်းကောင်း၊ ၁၉၅ရခုတွင် ပြည်ထောင်စုမြန်မာနိုင်ငံ လေကြောင်းဌာန ရေဒီယိုအရာရှိအဖြစ် လည်းကောင်း အမှုထမ်းခဲ့ပြီး ၁၉၆၀-ပြည့်နှစ်တွင် အလုပ်မှ နုတ်ထွက်ခဲ့သည်။ ၁၉၆၁ ခုတွင် ကြေးမုံသတင်းစာ အယ်ဒီတာအဖွဲ့ဝင်၊ ၁၉၆၂ ခုတွင် ဂါဒီးယန်းသတင်းစာ သတင်းထောက်၊ ၁၉၆၃-ခုတွင် ဖလင်စတားစာစောင် အယ်ဒီတာ၊ ၁၉၆၄ခုတွင် ရုပ်ရှင်လောကမဂ္ဂဇင်းတွင် အယ်ဒီတာအဖွဲ့ဝင်အဖြစ် အမှုထမ်းခဲ့သည်။ ၁၉၄၅-၄၆တွင် ပျဉ်းမနားကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဋ္ဌနှင့် တပ်ဦးတာဝန်ခံ ၁၉၄ရတွင် ပျဉ်းမနား မစိုးရိမ်ရပ် စာကြည့်တိုက်ဥက္ကဋ္ဌနှင့် ပြည်သူ့ရဲဘော် (ဝါ) ကိုယ်စားလှယ်၊ ၁၉၆ဝပြည့်နှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ လေကြောင်းဌာန အလုပ်သမားအစည်းအရုံး ဒုတိယဥက္ကဋ္ဌ တာဝန်တို့ကို ယူခဲ့သည်။


၁၉၄၆-၄ရခုနစ်တွင် ဒီးဒုတ်၊ ဂျာနယ်ကျော်၊ သတင်းစုံ၊ ရွှေတူ စသည့် စာစောင်များတွင် ပျဉ်းမနားမြင့်ထူး ကလောင်အမည်ဖြင့် ဝတ္ထု များ စတင်ရေးသားခဲ့သည်။ ၁၉၅ဝပြည့်နှစ်တွင် ဗိုလ်မြင့် ကလောင်အမည်ယူပြီး စစ်နှလုံးဂျာနယ်တွင် ဝတ္ထု များ စတင်ရေးသားခဲ့သည်။ ပထမဆုံးလုံးချင်းဝတ္ထု မှာ 'လေယာဉ်မယ် မေပုလဲ'(၁၉၆၀) ဖြစ်သည်။ ချိန်ဆည်းဆာ (၁၉၆၃)၊ အသက်ကိုနှင်း၍ (နှစ်တွဲ)(၁၉၆၇)စသည့် ဝတ္ထု များကို ရေးသားခဲ့သည်။ ဟင်းစအာရစ်ရူဒဲ၏ စတူကာပိုင်းလော့ကို 'နာဇီလေသူရံရူဒ်'(၁၉၆၂)အမည်ဖြင့်ဘာသာပြန်ခဲ့သည်။ တပ်မတော်ဦးစီး၊ တိုက်ကင်း စသည့် ရုပ်ရှင်ကားများတွင် သရုပ်ဆောင်အဖြစ် ပါဝင်သည်။ ၁၉၆၈-၆၉ခုနှစ်တွင် 'ရှေ့မှာရန်သူ' ရုပ်ရှင်ကားကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။


စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ ဗိုလ်မြင့်သည် ၂၀ဝ၃ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]